Posted by : Unknown
Monday, 12 November 2012
မန်မာနှစ်သစ်မှာ
မြန်မာပြည်သူတရပ်လုံး ပျော်ရွှင်ချမ်းမြေ့ပြီး ဘေးဘယာအပေါင်းမှ ကင်းဝေးကာ
သမ္မာဆန္ဒ ပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းရင်း တန်ဖိုးရှိတဲ့
လက်ဆောင်ကောင်းတခုကို ဝေမျှပေးလိုက်ပါရစေ။
လွင်အောင်စိုး (16-4-2009)
မြန်မာဘာသာပြန် – http://www.lessonsindemocracy.org/LessonsinDemocracyBurmese.pdf
အင်္ဂလိပ်မူရင်း – (www.lessonsindemocracy.org)
ဒီမိုကရေစီ သင်ခန်းစာများ
ဒီမိုကရေစီ သင်ခန်းစာတွေကို မြန်မာဘာသာနဲ့ ဖြန့်ဝေလိုက်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
၁၅-၄-၂ဝဝ၉
ကျနော်ရေးသားပြီး
ကိုလွင်အောင်စိုး မြန်မာဘာသာပြန်ထားတဲ့ ဒီမိုကရေစီ သင်ခန်းစာကို စတင်
ဖြန့်ဝေလိုက်ပါပြီလို့ ဝမ်းမြောက်ဝမ်းသာစွာ သတင်းကောင်း ပါးအပ်လိုက်ပါတယ်။
နောက်ထပ် ဘာသာပြန်တွေလည်း ထုတ်ဝေဖို့ စီစဉ်နေပါပြီ။
ဒီလင့်ခ်ကို နှိပ်ပြီး PDF နဲ့ ဖတ်ရှုလေ့လာနိုင်ပါမယ်။
http://www.lessonsindemocracy.org/LessonsinDemocracyBurmese.pdf
http://www.lessonsindemocracy.org/LessonsinDemocracyBurmese.pdf
ဒီလင့်ကိုဘဲ
မြန်မာမိတ်ဆွေ သူငယ်ချင်းတွေဆီကို တဆင့် ဖြန့်ဝေပေးပါဦး။
ဖြစ်နိုင်ရင်တော့ အခုချက်ချင်းဘဲ ဖြန့်ပေးစေချင်ပါတယ်။ ပြီးတော့လည်း
လက်လှမ်းမီသမျှ မြန်မာ blog တွေ၊ website တွေမှာလည်း ဖြစ်နိုင်သမျှ
များများ တင်ပေးထားစေချင်ပါတယ်။
ဒီစာကို
မြန်မာဘာသာပြန်ဖို့ လိုအပ်မယ်လို့ စတင် စိတ်ကူးမိတာကတော့ ဒီလိုပါ။ မြန်မာ
ပြည်သူတွေဟာ ဒီမိုကရေစီကို လိုချင်ရင် ဒီမိုကရေစီကို လေ့လာမှတ်သားဖို့
စိတ်ဝင်တစား ရှိနေသင့်ပါတယ်။ လေ့လာမှတ်သားမှလည်း သူတို့အနေနဲ့ ဘဝမှာ
လွတ်လပ်မှုဆိုတာ ဘာလဲ၊ လွတ်လပ်အောင် ဘယ်လိုနေရမလဲ၊ လူ့အခွင့်အရေးတွေဆိုတာ
ဘာလဲ၊ လူ့အခွင့်အရေးတွေ ရှိနေအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေကို
နားလည်သဘောပေါက်လာကြမှာဖြစ်ပြီး ဒီအတွက် တောင်းဆို တိုက်ပွဲဝင်ကြဖို့
ဆန္ဒတွေ ရှိလာမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီ
သင်ခန်းစာတွေဟာ တကယ်တော့ စာသင်ခန်းထဲမှာ ထိုင်ပြီး စလေ့လာဖို့ မဟုတ်ပါဘူး။
ပတ်ဝန်းကျင်မှာ လက်တွေ့ကျကျ ဖြစ်ပျက်နေတာတွေနဲ့ နှိုင်းယှဉ်ပြီး
လေ့လာကြည့်ပါ။ ဒီအခါမှာ ဒီမိုကရေစီ သဘောတရားတွေ ဘယ်လောက်လိုအပ်နေသလဲ
ဆိုတာကို တွေ့လာပါမယ်။ ဒီသင်ခန်းစာတွေကို ဖတ်လိုက်တာနဲ့ဘဲ နိုင်ငံရေးကို
အတော်အတန် နားလည်သွားစေမှာလည်း ဖြစ်ပါတယ်။
ဒီသင်ခန်းစာတွေဟာ
ဒီမိုကရေစီ လမ်းညွှန်တွေထဲက တခုသာ ဖြစ်ပါတယ်။ ဒီလမ်းညွှန်ကိုဘဲ
လေ့လာဖတ်ရှုရုံနဲ့ မပြီးသေးပါဘူး။ ကမ္ဘာတလွှားမှာ ဒီမိုကရေစီအကြောင်းကို
နည်းအမျိုးမျိုးနဲ့ သင်ကြားပေးနေတာတွေ ရှိပါတယ်။ ကျနော်တို့ အခုရေးလိုက်တဲ့
လမ်းညွှန်ကတော့ အဲဒီနည်းအမျိုးမျိုးထဲက တခုဘဲ ဖြစ်ပါတယ်။ ကျနော်တို့
လမ်းညွှန်မှာကတော့ အရေးပါတဲ့ ဒီမိုကရေစီ အခြေခံမူတွေကို အလေးအနက်ထားပြီး
မိတ်ဆက်ပေးထားပါတယ်။
အာဏာရှင်စနစ်အောက်မှာ
နေကြရတဲ့ ပြည်သူတွေက ဒီမိုကရေစီအကြောင်းကို သိချင်ကြပါတယ်။ သိချင်လို့လည်း
မေးတတ်ကြပါတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်မှာ အခြေခံကျကျ လုပ်ဆောင်ရတဲ့
နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်ကနေ ဘယ်လို စမေးရမယ် ဆိုတာ မသိပဲ
ဖြစ်နေကြရပါတယ်။ ဥပမာ- ဒီမိုကရေစီနည်းလမ်းတွေနဲ့ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ
ဘာလဲ၊ ဘယ်လို ရွေးချယ်တင်မြှောက်ရတာလဲ၊ နိုင်ငံရေးပါတီဆိုတာ ဘာလဲ၊ ဘာတွေ
လုပ်ရတာလဲ၊ နိုင်ငံမှာ သမတစနစ် ထားရှိတာ၊ လွှတ်တော် ရှိနေတာတွေဟာ
ဘာအဓိပ္ပာယ်လဲ၊ သမတက ဘာလုပ်နိုင်သလဲ၊ လွှတ်တော်အမတ်တွေကရော ဘာလုပ်နိုင်သလဲ၊
အခြားလုပ်ပေးနိုင်စရာတွေရော ရှိရဲ့လား အစရှိတဲ့ မေးခွန်းတွေဘဲ ဖြစ်ပါတယ်။
ဒီလိုမျိုး
မမေးတတ်တဲ့အခါမှာ ဒီမိုကရေစီနဲ့ ပတ်သက်လို့ သူတို့စိတ်ထဲမှာ
ရှိတဲ့အတိုင်းဘဲ မေးနေမိကြပါတယ်။ ဒီမိုကရေစီဆိုတာ အမှန်တကယ်မှာ ဘာလဲ၊
ဒီမိုကရေစီဟာ ကျနော်တို့နဲ့ ဘယ်လိုပတ်သက်သလဲ၊ ဒီမိုကရေစီ နိုင်ငံမှာနေရင်
ကျနော်တို့ဘဝတွေ ဘယ်လို ပြောင်းလဲသွားမှာလဲ၊ ပိုကောင်းလာမှာလား
အစရှိတာတွေကို မေးနေမိမှာ ဖြစ်ပါတယ်။
ထပ်ပြောရရင်
မြန်မာပြည်အတွက်ဆိုရင်တော့ အခုစတင် ထုတ်ဝေလိုက်တဲ့ ဒီမိုကရေစီ သင်ခန်းစာဟာ
နိုင်ငံရေးရော၊ ပညာရေးမှာပါ သိသိသာသာကြီး ရိုက်ခတ်မှုတွေ ဖြစ်လာပါလိမ့်မယ်။
စစချင်းမှာကိုဘဲ မြန်မာ နအဖ စစ်အစိုးရရဲ့ဝါဒဖြန့်တာတွေကို
တန်ပြန်ချေဖျက်တော့မှာ ဖြစ်ပါတယ်။ နအဖ စိတ်ကြိုက်ရေးဆွဲထားတဲ့
နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂ဝ၁ဝခုနှစ် ရွေးကောက်ပွဲ၊ စည်းကမ်းရှိသော
ဒီမိုကရေစီ ဆိုတာတွေဟာ ဒီမိုကရေစီ နည်းလမ်း လုံးဝ မကျပါဘူး။ ဘာကြောင့်
ဒီလိုဖြစ်နေရသလဲ ဆိုတာကို စာဖတ်သူ ပြည်သူတွေ အတိအကျ သိလာပါလိမ့်မယ်။
ဒါတင်မကသေးပါဘူး။
ဖိနှိပ်ချုပ်ချယ်ခံနေရတာက လွတ်မြောက်ဖို့ လူ့အခွင့်အရေးတွေကို
တားဆီးပိတ်ဆို့ ကန့်သတ်လို့ မရပါဘူး။ ဒီလိုအရေးကြီးတဲ့အချက်ကိုလည်း
ပြည်သူတွေ သဘောပေါက်လာကြပါလိမ့်မယ်။ အမှန်တကယ်မှာတော့ ပြည်သူတွေမှာ အစိုးရက
မပိတ်မဆို့ ကန့်သတ်မထားပဲ ခွင့်ပြုရမယ့် ရပိုင်ခွင့်တွေ ရှိနေရပါမယ်။
ဆင်းရဲချို့တဲ့စွာ အသက်ရှင် ရပ်တည်နေရတဲ့ ပြည်သူတွေမှာ စီးပွားဥစ္စာ
တိုးတက်ပိုင်ဆိုင်ခွင့် ရှိနေရပါမယ်။ ကျန်းမာရေး စောင့်ရှောက်ခံယူခွင့်
ရှိနေရပါမယ်။ ကလေးတွေ ပညာရေးအတွက် ကျောင်းကောင်းကောင်းမှာ ထားနိုင်ခွင့်
ရှိနေရပါမယ်။ မြန်မာနိုင်ငံရဲ့ လှပတဲ့ ရေမြေတောတောင် သဘာဝ ပတ်ဝန်းကျင်ကို
ထိန်းသိမ်း စောင့်ရှောက်ပိုင်ခွင့် ရှိနေရပါမယ်။ အခြား ရှိနေရမယ့်
အခွင့်အရေးတွေလည်း အများကြီးပါ။
“ဒီမိုကရေစီ
သင်ခန်းစာ”ဟာ ရေရှည်စီမံကိန်းအတွက် စတင်လုပ်ဆောင်လိုက်တဲ့ အစီအစဉ်ပါ။
အထူးသဖြင့် ဆယ်စုနှစ်ပေါင်းများစွာ အာဏာရှင်စနစ်တည်ရှိနေခဲ့တဲ့ မြန်မာလို
နိုင်ငံမျိုးမှာ ဒီမိုကရေစီရဲ့ သဘောတရားတွေကို ပြည်သူတရပ်လုံး သိရှိ
ကျင့်သုံးလာအောင် ဘယ်လို လုပ်ရမလဲလို့ နှစ်ပေါင်းများစွာ တွေးတော ကြံဆ
အားထုတ်ရပါတယ်။
တကယ်လို့
မိတ်ဆွေတို့အနေနဲ့ ဒီမြန်မာဘာသာပြန်ကို ကူညီဖြန့်ဝေပေးကြမယ်ဆိုရင်
ကျနော်တို့ တာထွက်ကောင်းပါလိမ့်မယ်။ အစကောင်းရင် အနှောင်းသေချာပါပြီ။
ကျေးဇူးတင်ပါတယ် ခင်ဗျား။
ရိုလန် ဝပ်ဆန်
..…………………………………………..
LESSONS IN DEMOCRACY
(www.lessonsindemocracy.org)
Contact: Roland Watson, roland@lessonsindemocracy.org
ANNOUNCING THE BURMESE TRANSLATION OF LESSONS IN DEMOCRACY
April 15, 2009
We are very pleased to announce the first
translation of our Lessons in Democracy, into the Burmese language, by
Ko Lwin Aung Soe. More translations are on the way.
Please forward this link, if possible
right now, to all your Burmese friends – wherever they might be. Please
also post the link on as many Burma lists, blogs and websites as
possible.
The basic idea for the translation is
that if the people of Burma want democracy, they should be interested to
learn about it. Conversely, if they learn about it, and understand how
their lives would be changed, practically, with freedom and human
rights, they should be willing to fight for it.
This means that the lessons are not solely an educational initiative. They will have a political impact as well.
The lessons are “A” democracy guide, not
“The” democracy guide. There are many approaches to teaching democracy –
ours is only one of them. Our approach begins with an emphasis on the
underlying principles. When people who live in dictatorships ask about
democracy, they don’t start with questions about the system’s formal
mechanisms, like elections and political parties, or its presidential
and parliamentary alternatives. Instead, they want to know about the
ideas: What is democracy, really? What would it mean to me? How would my
life in a democratic nation be different, and better?
Again, for Burma, this implies that the
initiative will have a political impact as well as educational. For a
start, it will counter SPDC propaganda. The people will understand
exactly why the SPDC constitution, the 2010 election, and “disciplined
democracy” are not democracy at all. Further, they will realize that
human rights are not limited to freedom from repression. They have a
right not to be poor; to have good health care; to have good schools for
their children; to preserve Burma’s beautiful natural environment; and
many other rights as well.
Lessons in Democracy is a long-term
initiative. It takes years to devise ways to expose a national
population to the ideas of democracy, certainly in a dictatorship like
Burma. If you can help us distribute the translation, we will be off to a
good start. (Thanks!)
…………………………