Posted by : Unknown
Thursday, 25 October 2012
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၂၉)မှာ အခြားသူများ၏
အခွင့်အရေးကို လေးစားလိုက်နာရန်ဆိုသည့် အချက်သည်
လူသားတိုင်းလိုက်နာဖို့လိုပါသည်။ မိမိတို့၏ အခွင့်အရေးရလိုမှု
တစ်ခုတည်းနှင့် တခြားသူများ၏ အခွင့်အရေးကို မထိခိုက်ဖို့လိုပါသည်။
လူတစ်ဦး၊ လူမျိုးတစ်မျိုးတစ်မျိုးရဲ့ နဂိုမူလရှိနေသော မူလအခွင့်အရေးများ၊ ပိုင်ဆိုင်မှုများကို မတရားပိုင်ဆိုင်လိုသောဆန္ဒဖြင့် လူ့အခွင့်အရေး ဆောင်ပုဒ်အောက်က လုယူနေကြခြင်းသည် တရားမျှတမှု ရှိပါအုံ့မည်လော။
ယနေ့ ကမ္ဘာနှင့်နိုင်ငံတကာက လူ့အခွင့်အရေးဟု အော်နေသည်ကို ဘင်္ဂလီများက ရခိုင်စကားပုံကဲ့သို့ "သူများယောင်လို့ လိုက်ယောင်၊ အမောင်ယောင် တောင်မှန်း မြောက်မှန်း မသိ" ဆိုသကဲ့သို့ လူ့အခွင့်အရေးဆိုသည်ကို နားမလည် လူ့အခွင့်ရေးဆိုသည်မှာ မိမိတို့လိုချင်ရာကို ရတဲ့နည်းနဲ့ အတင်းအဓမ္မလုယူခြင်းသည်ကိုပင်လျှင် အခွင့်အရေးဟု ထင်မှတ်နေကြသည်။
ဘင်္ဂလီများ၏ ရခိုင်တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုသည်ကား နှစ်ပေါင်းများစွာ ကြာလာခဲ့ပြီ။ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်လာပြီး လူ့အခွင့်အရေးခေတ်စားလာသည်နှင့်အမျှ ဘင်္ဂလီများ၏ ရခိုင်တိုင်းရင်းသားများအပေါ် အခွင့်အရေးချိုးဖောက်မှုသည်လည်း အရှိန်အဟုန်မြင့်လာခဲ့သည်။
၁၉၄၂ ခုနှစ်နောက်ပိုင်း ၂၀၁၂ ခုနှစ် မရောက်မှီကြားကာလ နှစ်များလည်း ရခိုင်တိုင်းရင်သားများ အသတ်ခံရ၊ အမျိုးသမီးတွေ မုဒိန်းကျင့်ခံရ၊ မူဂျာဟစ်သောင်းကျန်းသူတွေရဲ့ ဓါးပြတိုက်၊ ရွာများကို မီးရှို့ပြီး ရက်စက်ယုတ်မာမှုတွေကို ခါသီးစွာခံခဲ့ရသည်။
လက်နက်မပါပဲ လူဦးရေတိုးပွားနှုန်းကို လက်နက်ကြီးသဖွယ် အသုံးပြုကာ လူလှိုင်းစစ်ဆင်ရေးကို ဆင်းနွှဲခဲ့၊ ဆင်နွှဲနေခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာကြာခဲ့လေပြီ။
၂၀၁၂ ခုနှစ်၊ ဇွန်လမှာတော့ ဘင်္ဂလီတွေက စစ်ပွဲကြီးတစ်ရပ်ကို ဆင်နွဲခဲ့လေပြီ။ ရခိုင်တိုင်းရင်းသားအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး လူ့အသက်တစ်ချောင်းကို သတ်မည်မဆိုထားနှင့် သားရဲတိရိစ္ဆာန်တစ်ကောင်ကိုမျှ သတ်ဖို့ဝန်လေးတတ်ကြသည်။ ဤသည်ကို အခွင့်ကောင်းယူကာ ရခိုင်တိုင်းရင်းသားများကို သွေးမြေကျအောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြပြန်သည်။
စစ်တွေ၊ မောင်တော၊ ဂူတောင်ကျေးရွာတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ရခြင်းသည် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်းရွာနေ၊ မသီတာထွေးကို မူဆလင်သုံးဦးက မုဒိန်းကျင့် သတ်ဖြတ်ခံရခြင်းကအစ တောင်ကုတ်မြို့ခံများမှ မကျေနပ်၍ မူဆလင်(၁၀)ဦး သတ်ဖြတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်ဟု သုံးသတ်ခဲ့ကြသည်။
ဤဖြစ်ရပ်မျိုးသည် တိုက်ဆိုင်မှု တစ်ခုဟုဆိုရလောက်ပေမည်။ ဘင်္ဂလီတို့၏ မြေကြီးပိုင်ဆိုင်လိုမှုသည် နှစ်ပေါင်းများစွာကပင် အကွက်ကျကျ ကြိုတင်ပြင်ဆင်လာခဲ့ကြသည်။ မြေငှားဘ၀မှ မြေပိုင်ရှင်၊ အိမ်ငှားဘ၀မှ အိမ်ပိုင်ရှင်ဖြစ်အောင် ကြိုစားခဲ့ကြသည်။ သတိမမူ ဂူမမြင် ဆိုသကဲသို့ ရခိုင်သားတို့၏ သခင်စိတ်ပေါက်မှုသည် မိမိတို့ပိုင်ဆိုင်မှု ရုပ်ဝတ္တုပစ္စည်များ ဆုံးရှုံးစေသောလက္ခဏာ တစ်ရပ်ဖြစ်သည်။
ဘင်္ဂလီများကို မိမိတို့လုပ်ငန်းခွင်အတွက် ငှားရမ်းကြသည်။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သော အခြားအခြားသော တိုင်းရင်းသားများသည် ရခိုင်ပြည်သို့ စီးပွားရှာရန် ရောက်လာခဲ့သော် မိမိတို့ လိုအင်ဆန္ဒပြည့်က ကိုယ့်ဌာနေကို ပြန်သွားကြလိမ့်မည်။ ဘင်္ဂလီများသည်ကား ထိုသို့မဟုတ်၊ အိမ်တစ်အိမ်တွင် ခြေတစ်ချောင်းစာချမည့်နေရာရက တစ်အိမ်လုံးကို မူပိုင်စီးတတ်ကြသည်။
ယနေ့ ဘင်္ဂလီတို့၏ မြေကြီးပိုင်ဆိုင်လိုမှု ဒုတိယစစ်ပွဲကို ဆင်နွဲလိုက်ကြပြီး၊ ရခိုင်တိုင်းရင်းသားများ သွေးမြေကျခဲ့ရပြန်သည်။ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြန်ပြီ၊ ဒေသခံတိုင်းရင်းသားများ စားဝတ်နေရေးအခက်အခဲ ရောက်ရပြန်သည်။ လက်ရှိမှာတော့ ကျီးလန့်စာစားဘ၀နဲ့ နေထိုင်ကြရသည်။
အရေးအခင်းကာလက မောင်တောဒေသ ပြည်သူများသည် ၁၉၄၂ ခုနှစ် အရေးအခင်းကလို မေယုတောင်ကို ဖြတ်ကျော်၊ တောင်ကျော်၊ မြစ်ကူးကာ ဘူးသီးတောင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဖွံ့ဖြိုးတိုးတက်နေသော ခေတ်ကြီးတွင် ကျောင်းနေအရွယ်ကလေးများ စာမသင်ကြားရ၊ ကျောင်းသူ၊ ကျောင်းသားတို့၏ စာသင်ကျောင်းကြီးလည်း တိတ်ဆိပ်ငြိမ်သက်နေပေပြီ။
ဤသို့ဖြစ်အောင် ဖန်တီးပေးလိုက်ခြင်းသည် လူ့အခွင့်အရေးဆိုတဲ့ ဆောင်ပုဒ်ကြီးမဟုတ်ပါလော။ ကမ္ဘာကြီးက စစ်ကိုမလိုပြီ။ ငြိမ်းချမ်းရေးကို ဦးတည်နေပါပြီ၊ ဤဘင်္ဂလီတို့၏ စစ်သည်ကား ပိရိလှပေသည်။ လူ့အခွင့်အရေးသည် ဘင်္ဂလီတို့၏ လက်နက်။ လူ့အခွင့်အရေးဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လက်နက်မပါပဲ လူဦးရေတိုးပွားနှုန်းကို လက်နက်ကြီးသဖွယ် အသုံးပြုကာ အတုအယောင် ငြိမ်းချမ်းရေးစစ်ကို ဆင်နွဲလိုက်ခြင်းကို ကမ္ဘာ့ကုလသမဂ္ဂမမြင်ခဲ့။ ကုလသမဂ္ဂ မမြင်သလို မြန်မာ့ခေါင်းဆောင်ကြီးတွေလည်း ဘင်္ဂလီတို့၏ ပရိယာယ်လှည့်ကွက်အောက် ပြားပြားမှောက် ရောက်ခဲ့ရသည်။
၁၉၄၂ ခုနှစ်က ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာသည် ဘင်္ဂလီတို့၏ မီးရှို့ဖျက်ဆီးလိုက်သောကြောင့် အိမ်ခြေ(၆၀၀)ခန့် မီးရှို့ ဖျက်ဆီးခံခဲ့ရကာ လူ(၆)ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုအချိန်က ဂူတောင်ရွာအားမီးရှို့ကာ၊ ရွာသားများကို သတ်ဖြတ်ခဲ့သော ဘင်္ဂလီများမှာ ၂၀၁၂ ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့က ဂူတောင်ကျေးရွာမှ ရခိုင်တိုင်းရင်းသား (၈)ဦး၊ ဦးဂါကျေးရွာမှတစ်ဦး၊ လောင်းချောင်းကျေးရွာမှတစ်ဦး သတ်ဖြတ်ခဲ့သော အနောက်ပြင်ရွာမှာ ဘင်္ဂလီများ၏ရွာပင်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဇွန်လ၏ အကျိုးဆက်ကြောင့် လူဦးရေ (၃၀)ထက်မနည်း သတ်ဖြတ်ခံရကာ အိမ်ခြေပေါင်း ထောင်ချီမီးလောင် ဖျက်ဆီးခံလိုက်ရပြီး လူဦးရေအများအပြား စားဝတ်နေရေးအခက်အခဲ ရောက်ခဲ့ရပြီး လက်ရှိတွင်လည်း စိုးရိမ်ကြောက်ရွံ့မှုကြောင့် စားဝတ်နေရေး ဒုက္ခရောက်နေရဆဲဖြစ်သည်။ ဘင်္ဂလီများ ဘူးသီးတောင်၊ မောင်တောတွင် လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ရနေချိန်တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ သွားလာလှုပ်ရှားမည်မဆိုထားနဲ့ မိမိတို့နေအိမ်တွင် နေထိုင်ရသည်မှာပင် ပတ်ဝန်းကျင်ရှိဘင်္ဂလီများကို စိုးရိမ်ကြောက်ရွံ့နေရသည်။
ဤသို့ ရခိုင်တိုင်းရင်းသား လူ့အဖွဲ့အစည်းတို့၏ မူလရပိုင်ခွင့် အခွင့်အရေးများတိုင်း တစ်ပါးသား ဘင်္ဂလီများ၏ လက်ထဲတွင် ဆုံးရှုံးနေရခြင်းသည် တရားမျှတမှု ရှိပါတော့မည်လော။ ရခိုင်ပြည်တွင်းတွင် ဘင်္ဂလီနှင့်ရခိုင်တို့ အတူယှဉ်တွဲ နေထိုင်ကာ ရာသက်ပန် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော လူတန်းစားဘ၀ဖြင့် နေထိုင်ကြရပါအုံ့မည်လော။
လူ့အခွင့်အရေးဆိုသည့် ဆောင်ပုဒ်အောက်မှ မိမိတို့အခွင့်အရေးရလိုမှုဖြင့် ဘင်္ဂလီတို့သည် ရခိုင်ပြည်နယ် နယ်နိမိတ်အား မတရားသိမ်းပိုက်လိုမှုကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများအပေါ် ရာစုနှစ်ပေါင်းမျာစွာ လူ့အခွင့်အရေးချိုးဖောက်နေသည်ကို လူ့အခွင့်အရေး လေးစားလိုက်နာသော ကမ္ဘာ့ကုလသမဂ္ဂနှင့်တကွ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အထူးသဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အုပ်ချုပ်နေသော ပြည်သူ့အစိုးရ၊ မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင်ဟု ခံယူထားသောပုဂ္ဂိုလ်များ သိရှိနားလည်ရန် လိုအပ်ပေသည်။
ဘင်္ဂလီများထံတွင် မိမိတို့ရခိုင်တိုင်းရင်းသားများ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော ဘ၀မှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။
arakan time news

Related Posts :
- Back to Home »
- ဆောင်းပါး »
- လူသားချင်းစာနာထောက်ထား၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှု (ဒုတိယပိုင်း)