Posted by : Unknown
Thursday 15 November 2012
ပူလို့မဆုံး၊ ဆင်းရဲတုန်း၊ အရှုံးဖြင့်ပင် စခဲ့ပါ။
တွန်းကြတိုက်ကြ၊ လူ့ဘ၀၊ ဒုက္ခမျိုးစုံတာ။
အများမကူ၊ ဆွဲမထူငြား၊ ပစ်လို့ထား၊ လူလားမမြောက်ပါ။
အများကြည့်ရှု၊ ပေါင်းစုကူညီ၊ လူ့စွမ်းရည်တိုး၊ လူ့တန်ခိုး၊ တန်ဖို့းတက်နိုင်ပါ။
တရားလေ့လာ၊ ဖြည့်ကျင့်ပါက၊ လူ့ဘ၀ထဲ၊ စာမေးပွဲ၊ မလွဲအောင်ရမှာ။
သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်၊ မကြောက်ရအောင် စိတ်အေးပါ။
ဘ၀လက်ဆောင် စွမ်းအားပြောင်
ကံကောင်းထောက်မ၊ လူ့ဘ၀ဟူ၊ ညဏ်ကိုကူသော်၊
ယူတတ်သလောက်၊စွမ်းအားရောက်၊ မကြောက်ရအောင် စိတ်အေးရ။
အမြဲနေငြား၊ ကုန်မသွား၊ တရားလူ့အလှ။
တရားစုဆောင်း၊ ချမ်းသာကြောင်း၊ အကောင်းကိုယ်ပိုင်ရ။
ပစ္စည်းကိုရှာ၊ ပညာကိုသွင်း၊ စိတ်ကိုရှင်း၊ လက်ငင်းစွမ်းအားရ။
ဘ၀လက်ဆောင်၊ စွမ်းအားပြောင်၊ မြင့်ခေါင်အေးချမ်းရ။
အနှစ်ထုတ်ယူ စွမ်းတဲ့လူ
ကိုယ့်ကို ကိုယ်မြှင့်၊ လူလိုကျင့်၊ လူနှင့်တူရမည်။
လူဆိုသည်မှာ၊ လုပ်သင့်တာ၊ ကောင်းစွာ သိရမည်။
ထက်မြက်စွန့်စား၊ စိတ်စွမ်းအား၊ မြင့်မားရပါမည်။