Posted by : Unknown Tuesday 27 November 2012


PDF Print E-mail
SO call RohinGya"ရိုဟင်ဂျာလူမျိုးရှိတယ်ဆိုတာကို သမိုင်းအထောက်အထားအရ မိမိတို့ပြောဆိုတာဖြစ်တယ်"ဟု အောက်တိုဘာလ(၂၅)ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အမျိုးသား ဖွံ့ဖြိုးရေးနှင့်တိုးတက်ရေးပါတီ၏ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံဖြစ်သူ ဦးသာအေးက ပြောဆိုကြောင်း "လွတ်လပ်တဲ့အာရှအသံ(RFA)"သတင်းမှာ ရေးသားဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရပါသည်။ ဦးသာအေးက ထိုသို့ ရိုဟင်ဂျာလူမျိုးရှိကြောင်း ပြောဆိုလိုက်သည်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား တိုက်ရိုက်စိန်ခေါ်လိုက်သလို၊ ဗြောင်စော်ကားလိုက်ခြင်းလည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သမ္မတကြီး ဦးသိန်းစိန်က "မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိပါ"ဟု လူသိရှင်ကြား အတိအလင်း ထုတ်ဖော် ပြောဆိုထားသောကြောင့်ပင်ဖြစ်ပါသည်။
စစ်တကောင်း ဒေသိယဘင်္ဂလီစကားဖြင့် အာရာဘင်္ဂလီ(မြန်မာစကားဖြင့်ဆိုပါက တို့ဘင်္ဂလီ)ဟု တစ်သက်ပတ်လုံး မိမိတို့ကိုယ်ကိုမိမိတို့ သုံးနှုန်းပြောဆိုလာခဲ့သည့် ဦးသာအေးလိုလူတစ်ယောက်က ပြည်တွင်းပြည်ပမီဒီယာများရှေ့တွင် အာရာရိုဟင်ဂျာ(တို့ရိုဟင်ဂျာ)ဟု အရှက်မရှိပြောဆိုသည်မှာ ယခုအခါ အဆန်းတစ်ခုမဟုတ်တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် 'ရိုဟင်ဂျာနာမည်ဖြင့် မြန်မာ နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရရေး'အတွက် အစွန်းရောက်ဘင်္ဂလီများက နေ့စဉ်နှင့်အမျှ ယခုလို ၀ါဒဖြန့်ပြောဆိုနေကြသောကြောင့်ပင်ဖြစ်ပါသည်။ အမှန်ပြောရလျှင် လံကြုတ် ဇာတ်လမ်းများမှအပ ဦးသာအေးတို့တွင် မည်သည့်သမိုင်းအထောက်အထားမျှ အခိုင်အမာမရှိချေ။
ရခိုင့်နန်းတော်တွင် အမှုထမ်းခဲ့ကြသော ဘင်္ဂလီစာဆိုသူများ၏ ကဗျာများတွင် "ရခိုင်ပြည်"ကို (ရိုချန်ဂ် ဒေ့ခ်ျ (Roshang Desh)ဟု ခေါ်ဝေါ်ရေးသားထားသည်ကို တွေ့ရှိရပါသည်။ ရိုချန်ဂ်(Roshang)မှာ ရခိုင်လူမျိုးကို ခေါ်ဆိုခြင်းဖြစ်ပြီး ဒေ့ခ်ျ(Desh)မှာ တိုင်းပြည်ဟု အဓိပ္ပါယ်ရပါသည်။ အခြားသော ဘင်္ဂလီ စာပေအထောက်အထားများကို ကိုးကားပြီးပြောရပါမူ ရခိုင်တို့အား ဘင်္ဂလီလူမျိုးများက ရခန်ဂ် သို့မဟုတ် ရာခန်ဂ်(Rakhang)၊ ရိုကမ်(Rokan)၊ ရိုချန်ဂ်(Roshang)စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ သို့သော် စစ်တကောင်းနယ်သားများကမူကား ရခိုင် လူမျိုးများအား ရိုဝန်ဂ်> ရိုဟန်ဂ်>ရိုချန်ဂ် (Rowan> Rohang> Roshang)ဟု ခေါ်ဆိုခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။ သို့ဖြစ်ရာ "ရိုဟန်ဂ်"မှ အသံပြောင်းလာသည့် "ရိုဟင်"မှာ "ရခိုင်"ကို ခေါ်ဆိုခြင်းဖြစ်ပြီး "ရိုဟင်ဂျာ"ဆိုသည်မှာ "ရခိုင်ပြည်သား"ဟု အဓိပ္ပါယ်ရသော စကားလုံးသာ ဖြစ်ပါသည်။ လူမျိုးတစ်မျိုးကို ခေါ်ဝေါ်သော အမည်နာမတစ်ခုမဟုတ်ချေ။ ဤအချက်ကို ထောက်ရှု ခြင်းအားဖြင့် "မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိပါ"ဟု သမ္မတကြီး ဦးသိန်းစိန်၏ ပြောဆိုခဲ့ချက်အပေါ် ဘာမှအငြင်းပွားစရာမရှိချေ။
ရခိုင်ပြည်ရောက် ဘင်္ဂလီများကား ပထမတွင် အာရပ်သင်္ဘောပျက်ပုံပြင်ဖြင့် ရိုဟင်ဂျာလူမျိုးကို ဖန်တီးခဲ့ကြပါသည်။ ရခိုင်ကမ်းခြေတွင် သင်္ဘောပျက်၍ နေရပ်မပြန်နိုင်ဖြစ်ခဲ့ကြရသော အာရပ်များနှင့် ဒေသခံအမျိုးသမီးများညားကာ ရိုဟင်ဂျာလူမျိုးဖြစ်လာသည်ဟု ဆိုခဲ့ကြ၏။ စိတ်မမှန်ဘဲ ရူးသွပ်နေသူ များမှအပ စဉ်းစားတတ်သူတိုင်း စဉ်းစားကြည့်၍ ရနိုင်ပါသည်။ လူမျိုးသစ်တစ်မျိုးဖြစ်လောက်အောင် အာရပ်သင်္ဘောဘယ်နှစ်စင်းမျှ ရခိုင်ကမ်းခြေ၌ ပျက်ခဲ့ပါမည်နည်း။ နဖူးစာပါ၍ အာရပ်များနှင့်ညား သော ရခိုင်အမျိုးသမီးများကော ဘယ်နှစ်ယောက်ရှိနိုင်ပါမည်နည်း။ အကယ်၍ အာရပ်များနှင့်ရခိုင် အမျိုးသမီးများညားကာ လူမျိုးသစ်တစ်မျိုးဖြစ်လာသည်ဆိုကြပါအုန်း။ ထိုသူတို့ ပြောဆိုသောဘာသာ စကားမှာ ရခိုင်စကား သို့မဟုတ် အာရပ်စကား သို့မဟုတ် ရခိုင်နှင့်အာရပ်နှစ်ဘာသာရောနေသော စကားသာဖြစ်ရပါမည်။ စစ်တကောင်းဒေသသုံး ဘင်္ဂလီစကားတော့ လုံးဝဖြစ်နိုင်စရာမရှိပါ။ ရခိုင်ပြည် ရောက် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတို့၏စကားမှာ စစ်တကောင်းနယ်သား ဘင်္ဂလီစကားသာဖြစ်ရာ အာရပ်သင်္ဘောပျက်ပုံပြင်မှာ ယုတ္တိမရှိကြောင်း ထင်ရှားနေပါသည်။
နောက်တစ်ခုမှာ စစ်တကောင်းနယ်မှဝင်လာသူ ဘင်္ဂလီမူဆလင်များနှင့် ဒေသခံအမျိုးသမီးများညား ကာ ရိုဟင်ဂျာလူမျိုးဖြစ်လာသည့် ဇာတ်လမ်းပင်ဖြစ်ပါသည်။ ရခိုင်တို့မှာ ဘင်္ဂလီလူမျိုးများနှင့် အနီး ကပ်ဆုံးနေထိုင်ကြသော်လည်း ရခိုင်အမျိုးသမီးများမှာ ဘင်္ဂလီအမျိုးသားများနှင့် အိမ်ထောင်ပြုမှုမရှိ သလောက်ပင်ဖြစ်ပါသည်။ ရခိုင်ပြည်တွင်နေထိုင်ဖူးသူ မြန်မာနိုင်ငံသားတိုင်း ဤအချက်ကို ကောင်းစွာ သိကြပါသည်။ သို့ဖြစ်ရာ ဤဇာတ်လမ်းမှာလည်း စိတ်ကူးယဉ် သက်သက်မျှသာဖြစ်ကြောင်း ထင်ရှား နေပါသည်။
အကြံပက်စက်လှသော ဘင်္ဂလီတို့၏ အပိုင်ဖန်တီးလိုက်သော နောက်ဆုံးပေါ်သမိုင်းလိမ်တစ်ခုမှာ မူဆ လင်များသည် အေဒီရှစ်ရာစုကပင် ရခိုင်ပြည်၌ အခြေချနေထိုင်လာခဲ့ကြောင်းနှင့် ရခိုင်ပြည်သည် ရိုဟင်ဂျာတို့၏ ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့သည့် တိုင်းပြည်ဖြစ်ကြောင်း ပြောဆိုဝါဒဖြန့်ကြခြင်းပင် ဖြစ်ပါသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ H M Saifur Rahman ဆိုသူကမူ ခရစ်သက္ကရာဇ် (၆၈၀)တွင် Mohammad Ibone Al Hanafi ဆိုသူသည် ပထမဆုံး မူဆလင်တစ်ယောက်အနေဖြင့် အီစ္စလာမ် ဘာသာဖြန့်ချီရန် ရခိုင်ပြည်သို့ ရောက်ရှိခဲ့ကြောင်း၊ သူနှင့်သူ့ဇနီး၏ အထိမ်းအမှတ်အဆောက်အအုံမှာ ယခုတိုင် မောင်တောကမ်းခြေတွင် ရှိနေသေးကြောင်း၊ အေဒီ(၉)ရာစုကပင် ရခိုင်ပြည်၌ မူဆလင် အမြောက်အများ စတင်အခြေချနေထိုင်ခဲ့ကြောင်း သူ၏ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့ပါသည်။ သို့သော် ပြည်တွင်းပြည်ပမှ ဘင်္ဂလီများအဖို့ ၄င်းတို့၏ရေးသားပြောဆိုချက်များအား အခြားသူများက လက်ခံနိုင်လောက်သည့် မည်သည့်အထောက်အထားကိုမှ တင်ပြနိုင်ခြင်းမရှိကြချေ။ တစ်ချို့ဘင်္ဂလီ များကမူ ရခိုင်လူမျိုးများသည်ပင် အေဒီတစ်ဆယ့်နှစ်ရာစုတွင်မှ ရခိုင်ပြည်သို့ ၀င်ရောက်လာခဲ့ ကြသူများဖြစ်သည်ဟု ဆိုလိုက်ကြပါသေးသည်။ ထိုကဲ့သို့ ဘင်္ဂလီများက လိုသလိုဆွဲယူ ရေးသားဝါဒဖြန့်ကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူတို့သည် ရခိုင်ပြည်၌ ရခိုင်လူမျိုးများထက်ပင် စောစီးစွာ ရောက်ရှိနေထိုင်လာခဲ့ကြသူများဖြစ်၍ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြောင်း သက်သေထူနိုင်ရန်ပင်ဖြစ်ပါသည်။
အေဒီရှစ်ရာစုကရေးထိုးခဲ့သော အာနန္ဒစန္ဒြားကျောက်စာအရ အာနန္ဒစန္ဒြားမင်းကြီးသည် ဗုဒ္ဓဘာသာ ၀င်ပင်ဖြစ်သော်လည်း ဗြဟ္မဏပုဏ္ဏားတို့အား မြေလှူခဲ့ကြောင်းဖော်ပြပါရှိရာ ရခိုင်ပြည်တွင် ထိုစဉ်က တည်းက ဟိန္ဒူများရှိနေခဲ့သည်ဟု ပြောနိုင်ပါသည်။ သို့သော် မူဆလင်များနှင့် ပတ်သက်၍မူ တစ်ခွန်း တစ်ပါဒမျှ ဖော်ပြထားခြင်းမရှိချေ။ ဝေသာလီခေတ်တွင် ရေးထိုးခဲ့သောအခြားကျောက်စာများနှင့် တွေ့ရှိရသမျှသော သမိုင်းအထာက်အထားများအရလည်း ထိုစဉ်က ရခိုင်ပြည်တွင် မူဆလင်များ ရောက်ရှိ နေထိုင်မှုနှင့်ပတ်သက်ပြီး ဘာမှမတွေ့ရှိရချေ။ သို့ဖြစ်ရာ အေဒီရှစ်ရာစကပင် ရခိုင်ပြည်၌ မူဆလင်များ အခြေချနေထိုင်ခဲ့သည်ဆိုသောအချက်မှာ စိတ်ကူးယဉ်ပြောဆိုခြင်းမျှသာဖြစ်ပါသည်။
ရခိုင်ပြည်၌ တွေ့ရှိရသမျှသော ရှေးဟောင်းကျောက်စာများနှင့် ရာဇ၀င်သမိုင်းအစောင်စောင်တို့တွင် ရိုဟင်ဂျာလူမျိုးနှင့်စပ်လျဉ်း၍ တစ်စွန်းတစ်စမျှ ဖော်ပြပါရှိခြင်းမရှိချေ။ ရခိုင်ရာဇ၀င်များတွင်သာမက အိမ်နီးနားချင်းဒေသများမှ ခေတ်ပြိုင်သမိုင်းများတွင်လည်း ရိုဟင်ဂျာလူမျိုးဟူသော အခေါ်အဝေါ်နှင့် ပတ်သက်ပြီး မတွေ့ရှိရချေ။ ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာစစ်သားများက မျိုးပြုန်းအောင်သတ်ဖြတ်မှုကြောင့် ရခိုင်လူမျိုးများသိန်းချီကာ အရှေ့အိန္ဒိယကုမ္ပဏီပိုင် ဘင်္ဂလားနယ် ထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရပေသည်။ ၄င်းတို့နှင့်ပတ်သက်၍ အင်္ဂလိပ်တို့ မှတ်တမ်းတင်ရေး သားခဲ့ရာတွင်လည်း ရိုဟင်ဂျာလူမျိုးအကြောင်း တစ်ခွန်းတစ်ပါဒမှ မပါရှိချေ။ ၄င်းပြင် ရခိုင်ပြည် အင်္ဂလိပ်လက်အောက် ကျရောက်ပြီးနောက် ရေးသားခဲ့ကြသော မှတ်တမ်းများတွင်လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ ဖော်ပြထားချက်မရှိချေ။ ဤကဲ့သို့ ရိုဟင်ဂျာလူမျိုးဆိုပြီး မည်သည့်မှတ်တမ်းများတွင်မှ မပါရှိခြင်းမှာ ရိုဟင်ဂျာအမည်ခံလူမျိုးတစ်မျိုး ရခိုင်ပြည်၌ မရှိခဲ့၍ပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ ရိုဟင်ဂျာ လူမျိုးများသည် ရခိုင်ပြည်၌ ရှေးပဝေသဏီကပင် ဘိုးဘွားစဉ်ဆက် အခြေချနေထိုင်ခဲ့ကြသည် ဆိုသောအချက်မှာ သမိုင်းလိမ် သက်သက်မျှသာဖြစ်ကြောင်း ထင်ရှားနေပါသည်။ နောက်တစ်ချက်မှာ မူဆလင်များအနေဖြင့် အေဒီ(၁၂)ရာစုရောက်မှ ဘင်္ဂလားနယ်ထဲသို့ အလုံးအရင်းနှင့် ၀င်ရောက် နိုင်ခဲ့ကြောင်း သမိုင်းပညာရှင်များက လက်ခံထားကြရာ ဘင်္ဂလီမူဆလင်များအနေဖြင့် ထိုအချိန်ထက် စော၍ ရခိုင်ပြည်ထဲသို့ မည်သည့်နည်းနှင့်မျှ လူဦးရေအမြောက်အများ ရောက်ရှိနေထိုင်စရာ အကြောင်းမရှိလှချေ။
ရိုဟင်ဂျာအမည်ခံဘင်္ဂလီများကား လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို အလွဲသုံးစားပြုကာ သမိုင်းလိမ် များကို တစ်ခုပြီးတစ်ခုဖန်တီးလျှက် ၀ါဒဖြန့်နေကြသည်မှာ အလွန်အော့နှလုံးနာစရာကောင်းလှပါ သည်။ အထူးသဖြင့် ရခိုင်ပြည်သည် မူဆလင်တိုင်းပြည်တစ်ခုဖြစ်ခဲ့ကြောင်းနှင့် ၁၇၈၄ ခုနှစ် မြန်မာ ဘုရင် ဘိုးတော်မောင်ဝိုင်း သိမ်းပိုက်သည်ထိ ရခိုင်ပြည်ကို မူဆလင်ဘုရင်များအုပ်ချုပ်ခဲ့ကြောင်း အရှက်မရှိရေး သားပြောဆိုခြင်းများမှာ လွန်စွာခံပြင်းစရာကောင်းလှပါသည်။ ဤအချက်မှာ ရခိုင်လူမျိုး များအား တိုက်ရိုက်စော်ကားနေကြခြင်းဖြစ်သလို စကောလောက်မှ စောက်မနက်သောအကြံဖြင့် ရခိုင်ပြည်အား သူတို့၏ တိုင်းပြည်အဖြစ် ဗြောင်အရှင်ခံကြခြင်းလည်းဖြစ်ပါသည်။
ထို့ပြင် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဖြင့် သူတို့ရိုဟင်ဂျာလူမျိုးများ၏ နိုင်ငံသားအခွင့်အရေးကို ပိတ်ပင် ခဲ့သည်ဟု ပြောဆိုဝါဒဖြန့်ကြသည်မှာလည်း ယခုအခါ မကြားချင်အဆုံး၊ မဖတ်ချင်အဆုံးပင်ဖြစ်ပါ သည်။ ဘင်္ဂလီများဝါဒဖြန့်သလို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကြောင့် ၄င်းတို့၏ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခဲ့ရသည်ဆိုပါက ဘင်္ဂလီများအနေဖြင့် ၁၉၉၁ ခုနှစ်နှင့် ၂၀၁၀ ရွေးကောက်ပွဲများတွင် လွှတ်တော်အသီးသီး၌ ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရစရာ အကြောင်းမရှိချေ။ ဘင်္ဂလီတို့သည် ရခိုင်ပြည်ထဲသို့ အချိန်ကာလအမျိုးမျိုးတွင် အကွဲကွဲအပြားပြား ၀င်ရောက် လာသူများဖြစ်ကြ၍ မြန်မာနိုင်ငံတွင်း အခွင့်အရေးရရှိမှုအပိုင်းတွင် တစ်ဦးနှင့်တစ်ဦး တူညီနိုင် လိမ့်မည်မဟုတ်ပေ။ ဤအချက်ကို လျစ်လျှူရှုကာ ဘင်္ဂလီများက သူတို့အား လူမျိုးလိုက် အခွင့်အရေး ပေးရန် တောင်းဆိုနေကြခြင်းမှာ ရသင့်ရထိုက်သောအခွင့်အရေးကို တောင်းဆိုကြခြင်းမဟုတ်သဖြင့် လိုက်လျောရန် အကြောင်းမရှိလှချေ။
၁၉၄၂ ခုနှစ် တိုင်းပြည်အုပ်ချုပ်ရေးပျက်ပြားနေစဉ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်နှစ်ခုတွင် ဘင်္ဂလီများလက်ချက်ဖြင့် ရခိုင်လူမျိုးများ အစုအပြုံလိုက်သေဆုံးခဲ့ရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ မသေမပျောက်ကျန်ရစ်ခဲ့သူများမှာလည်း ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့ရာ နယ်မြေများ ကို စွန့်ခွာထွက်ပြေးခဲ့ကြရပါသည်။ ဤဒဏ်ရာဒဏ်ချက်များကား ရခိုင်သားတို့၏ ရင်ထဲမှ ပျောက်ပျက် သွားသေးသည်မဟုတ်။ သို့သော် ရခိုင်လူမျိုးများကား သည်းညည်းခံကာ ဘင်္ဂလီများနှင့် အတူ ယှဉ်တွဲနေ ထိုင်လာခဲ့ကြပေသည်။
ဘင်္ဂလီများကား ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် "ရခိုင်လူမျိုးများ ကင်းရှင်းရေး ပေါ်လစီ" အား နည်းမျိုးစုံဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်ကို အတိတ်ဖြစ်ရပ်အချို့က သက်သေ ပြနေပါသည်။ ၄င်းတို့သည် မပြီးမြောက်သေးသော သူတို့၏ပေါ်လစီအား လွန်ခဲ့သည့်ဇွန်လက တဖန် ထပ်မံ၍ အကောင်အထည်ဖော်ခဲ့ ကြပြန်ပါသည်။ ရမ်းဗြဲနှင့်တောင်ကုတ်မြို့နယ်များတွင် ပြသနာဖြစ်ခဲ့ မှုများကို အခွင့်ကောင်းယူလျှက် မောင်တောမြို့နယ်မှ ရခိုင်ရွာပေါင်းဆယ့်ငါးခြောက်ရွာကို မီးရှို့ ဖျက်စီးကာ ရွာသားအချို့အားလည်း ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့ကြပါသည်။ ဤသို့ဖြင့် ရခိုင် လူမျိုးများ ရပ်ရွာစွန့်ကာ အသစ်တဖန် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ အဆိုပါမီးရှို့မှုဂယက်မှာ စစ်တွေသို့ကူးသွားကာ ရခိုင်နှင့်ဘင်္ဂလီများအကြား အပြန်အလှန်မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုများ ဖြစ်ခဲ့ရပေသည်။
ဘင်္ဂလီများကား သူတို့ကို နိုင်ငံတကာမှ အာရုံစိုက်လာစေရန်နှင့် သူတို့ပြဿနာကို နိုင်ငံတကာ ပြဿနာဖြစ်လာအောင် အမြဲကြံစဉ်နေခဲ့ကြပါသည်။ စစ်တွေတွင် ပြသနာဖြစ်လိုက်သည်နှင့် ရခိုင် လူမျိုးများက သူတို့အား သတ်ဖြတ်နေကြကြောင်းနှင့် သူတို့အိမ်များကိုလည်း မီးတင်ရှို့ လိုက်ကြကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းကြားတွင် ငိုပြခဲ့ကြပေသည်။ ရခိုင်လူမျိုးများအား သတ်ဖြတ်ခြင်း၊ ရခိုင်အိမ်များအား မီးတင်ရှို့ခြင်း စသည့်ပြစ်မှုများကို ကျူးလွန်ခဲ့ကြသော ဘင်္ဂလီအမြောက်အများမှာမူ အဖမ်းအဆီးခံရမည်ကိုကြောက်ရွံ့ကာ မိမိတို့အိမ်ကို မိမိတို့ကိုယ်တိုင် မီးရှို့ပစ်ခဲ့ကြပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြပါသည်။ သို့သော် လူသတ်မှုနှင့် မီးတင်ရှို့မှုများကို ရခိုင်လူမျိုးများကသာ ကျူးလွန်ခဲ့ကြကြောင်း မီဒီယာများရှေ့တွင် စွပ်စွဲပြောဆို ခဲ့ကြပါသည်။ အပြန်အလှန်သတ်ဖြတ်မှု၊ အပြန်အလှန် မီးတင်ရှို့မှုဖြစ်ခဲ့ပါလျှက် ၄င်းတို့၏ တစ်ဖက် သတ်ဝါဒဖြန့်ပြောဆိုမှုများမှာ သူတို့အပေါ် ရခိုင်လူမျိုးများက နာကျဉ်းသထက် နာကျဉ်းလာအောင် တွန်းပို့ပေးခဲ့ပါသည်။ ရခိုင်ပြည်ကို မူဆလင်တိုင်းပြည်အဖြစ်သော်လည်းကောင်း၊ ရခိုင်ဘုရင်များကို မူဆလင်ဘုရင်များအဖြစ်သော်လည်းကောင်း၊ ရခိုင်လူမျိုးများအား သူတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ်သော်လည်းကောင်း ၀ါဒဖြန့်ပြောဆိုရေးသားမှုများကြောင့် နဂိုကတည်းက မကျေမနပ်ဖြစ်နေခဲ့ကြသော ရခိုင်လူထုမှာ ယခုအခါ သူတို့အပေါ် ယုံကြည်မှုလုံးဝကင်းမဲ့ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့်ပင် ရခိုင်လူမျိုးများအနေဖြင့် ၄င်းတို့နှင့် ဆက်လက် အတူယှဉ်တွဲနေထိုင်ရန် လုံးဝမဖြစ်နိုင်တော့ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းပင်ဖြစ်ပါသည်။
ဇွန်လအတွင်းက လူမျိုးရေးအဓိကရုဏ်းဖြစ်ပြီး အနည်းငယ်တည်ငြိမ်အေးချမ်းလာခဲ့သည်နှင့် ရခိုင်လူ မျိုးများမှာ ယခင်ကကဲ့သို့ပင် တစ်ဦးတစ်ယောက်တည်း ခရီးသွားလာမှုပြုခဲ့ကြသလို လယ်ယာ ကိုင်းကျွန်းဥယျာဉ်ခြံမြေများတွင်လည်း တစ်ဦးတစ်ယောက်တည်း ညအိပ်ညနေလုပ်ကိုင်နေခဲ့ကြ ပါသည်။ ယုတ်မာ ကောက်ကျစ်လှသည့် ဘင်္ဂလီများကမူ ထိုရခိုင်သားများအပေါ် ရန်စရှာသူကရှာ၊ အခွင့်အရေးရပါက လည်လှီးသတ်ဖြတ်သူကသတ်နှင့် ပြဿနာပြန်၍မဖြစ်ဖြစ်အောင် အစရှာနေခဲ့ကြ ပါသည်။ သည်းညည်း မခံနိုင်သည့်အဆုံး ရခိုင်လူမျိုးများက လက်တုန့်ပြန်ခဲ့ရာ အောက်တိုဘာလတွင် ဒုတိယအကြိမ် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းဖြစ်လာခဲ့ရပေသည်။ ပြဿနာဖြစ်စဉ်ကာလအတွင်း ဂျင်ကလိဒဏ်ရာ၊ လှံဒဏ်ရာများဖြင့် သေဆုံးသူ၊ ဒဏ်ရာရသူ ရခိုင်လူမျိုးအမြောက်အများရှိသည်ကို ထောက်ရှုခြင်းအားဖြင့် ဘင်္ဂလီများသည် အဆိုပါလက်နက်များကို တင်ကြိုအစီအစဉ်ဖြင့် ပြုလုပ် စုဆောင်းထားခဲ့ကြကြောင်း ထင်ရှားနေပါသည်။
ရပ်ရွာမီးရှို့ဖျက်ဆီးမှုခံခဲ့ကြရသော ရခိုင်လူမျိုးများမှာ နီးစပ်ရာဆွေမျိုးများနှင့် ဘုန်းတော်ကြီးကျောင်း များတွင် ခိုလှုံခဲ့ကြသော်လည်း ဘင်္ဂလီများကား သူတို့လူမျိုးအများအပြားရှိနေရာ စစ်တွေ၊ မောင်တော နှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံများသို့ ထွက်ပြေးခဲ့ကြပေသည်။ ယခုလက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ် အာဏာပိုင်တို့အနေဖြင့် နဂိုကတည်းက ဘင်္ဂလီလူဦးရေများနှင့်နေပြီးဖြစ်သော စစ်တွေနှင့်မောင်တော နယ်များတွင် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူများအား နေရာချထားပေးမှု လုံးဝမပြုလုပ်သင့်ပေ။ အကယ်၍ ဘင်္ဂလီများအား ထိုဒေသများတွင် နေရာချထားလိုက်ပါက သူတို့အား ပိုမိုအားဖြည့်ပေး လိုက်သလို ဖြစ်သွားပါလိမ့်မည်။ စစ်တွေမြို့မှ သဲချောင်း၊ ကြက်ကိုင်းလိုနေရာများတွင် ဘင်္ဂလီ လူဦးရေ ပိုမိုတိုးပွားလာပါက စစ်တွေမြို့အရှေ့ပိုင်းမှာ ရခိုင်မြို့ဖြစ်ပြီး စစ်တွေမြို့အနောက်ပိုင်းမှာ ဘင်္ဂ လီမြို့ဖြစ်သွားမည်ကို အထူးသတိပြုရန် လိုအပ်လှပါသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရခိုင်နှင့်ဘင်္ဂလီတို့အကြား လူဦးရေအချိုးအစား အဆမ တန်ကွာဟနေသည့်အားလျော်စွာ ဘင်္ဂလီများက ရခိုင်လူမျိုးများအပေါ် အားတင်ရန် ၀န်မလေးတတ် သည်ကို အတိတ်အဖြစ်အပျက်များက သက်သေပြနေပါသည်။ ယခုအခါ အချိန်မရွေးကျရောက်လာ နိုင်သော ဘင်္ဂလီတို့၏ရန်ကြောင့် ထိုဒေသများနေ ရခိုင်လူမျိုးများအဖို့ စိတ်ပိုင်းဆိုင်ရာအရ မလုံမခြုံ ဖြစ်နေရပါသည်။ သို့ဖြစ်ရာ လက်ရှိအာဏာပိုင်များအနေဖြင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် လူဦးရေအချိုးအစားကွာဟမှု လျော့နည်းသွားအောင် မဖြစ်မနေဆောင်ရွက်ရန် အရေကြီး လှပါသည်။ ထိုမြို့နယ်နှစ်ခုတွင် ဘင်္ဂလီလူဦးရေ အနည်းဆုံး၃၀% လျော့နည်းသွားအောင် ရေရှည်စီမံ ကိန်းများချမှတ်ကာ အခြားနေရာများသို့ ရွှေ့ပြောင်းပေးသင့်ပါသည်။ သို့မဟုတ် ထိုဒေသများတွင် ရခိုင်လူဦးရေ အနည်းဆုံး၃၅% တိုးပွားလာအောင် လူနေအိမ်ယာများတည်ဆောက်ပြီး နေရာချထား ပေးရန် လိုအပ်ပါသည်။
မောင်အောင်ခိုင်
၁၁/၁၁/၁၂
ကိုးကားသောစာအုပ်စာတမ်းများ
၁။ ဦးစံသာအောင်၏ 'အာနန္ဒစန္ဒြ - ရှစ်ရာစုရခိုင်ဝေသာလီမင်း',
၂။ Suniti Bhushan Qanungo, M.A, Ph.D, 'A History of Chittagong', Vol 1, Chittagong, 1988
၃။ Dr. Anamul Haque & Abdul Karim, 'Bengali Literature in Arakan (in Bengali)'
၎။ Ratan Lal Chakrabarti, 'Bangladesh-Burma Relation (in Bengali)', Dhaka, July 1984
၅။ Muhammad Yunus, 'Arakan : A Depressing Scene and Rohingyas Hail the Decision of President Bush', The Guardian (Weekly Journal), Dhaka, Sept 1, 1991
၆။ H M Saifur Rahman, 'Aung San Suu Kyi, Mahatma Ghandhi and Emperor Nero', Bangladesh Pratidin (Bangali Daily), Dhaka, June 27, 2012
၇။ Abdul Hoque Chowdhury, 'Ancient Arakan (in Bengali): Rowanga, Hindu and Barua Buddhist Inhabitants', Dhaka, January 1994
၈။ Abdul Hoque Chowdhury, 'Social and Cultural Aspects of Chittagong (in Bengali)', Dhaka, May 1988

{ 1 comments... read them below or add one }

  1. Good ....
    ကျေးဇူးတင်ပါတယ်...

    ReplyDelete

Welcome to My Blog

Popular Post

Blogger templates

Powered By Blogger

TEst2

Powered by Blogger.

Blog Archive

Mengenai Saya

Pengikut

Arsip Blog

မြန်မာစံတော်ချိန်

- Copyright © မင်းသားချေ -Robotic Notes- Powered by Blogger - Designed by Johanes Djogan -