Posted by : Unknown
Tuesday, 27 November 2012
ဘာကြောင့် အဏာရှင်စနစ် ဖြစ်ပေါ်လာရသလဲ
*********************************
ဘာကြောင့် အဏာရှင်စနစ် ဖြစ်ပေါ်လာရသလဲ ဆိုတာကို သိမှသာ အာဏာရှင်စနစ်ကို အောင်မြင်စွာ တော်လှန်ပြီးသောအခါ နောင်အနာဂတ် တွင
် အာဏာရှင်စနစ် ပြန်လည်၍
နလံထူ မလာနိုင်အောင် ကျနော်တို့ ကာကွယ် နိုင်ကြမှာပါ။
-----------------------
ဒီနေ့ဒီအချိန်မှာ ဘယ်သူတွေ အဓိက အကျင့်ပျက်နေကြသလဲ။ တိုင်းပြည် ခေါင်းဆောင်တွေ ဆရာတွေ ဆရာဝန်တွေ ရဲတွေ တရားသူကြီးတွေ စသည် ဖြင့် အာလုံးပါဘဲ။ ဒီလို အကျင့်ပျက်ချစားမှု ဘယ်ကစသလဲ ဆိုရင် အကျင့် ပျက်ချစားမှု လုပ်လို့ရနေတဲ့ အခြေအနေက စပါတယ်။ အဲဒီအခြေအနေကို ကျနော်တို့၏ အဖေ အမေ အဖိုး အဖွား တိုင်းသူပြည်သား အားလုံးက ဖန်တီး ပေးထားပါတယ် ဆိုတာကို ဝမ်းနည်းဖွယ် တွေ့ရှိရမှာပါ။ ဘယ်တုံးကစသလဲ ဆိုရင် ဆယ်စုနှစ် တွေ ရာစုနှစ်တွေ မြောက်များစွာကြာခဲ့ပါပြီ။
-----------------------
တစ်ကယ်တော့ ကျနော်တို့ကို ကျနော်တို့ယုံကြည်တဲ့သူတွေက ဒုက္ခပေး နေတာပါ။
----------------------
ရိုသေမှု၊ သီးခံမှု၊ လေးစားမှု ဆိုတဲ့ ဝေါဟာရတွေ အပေါ်မှာ အဓိပ္ပါယ်ကောက် လွဲမှားခဲ့တာပါ။ ဆရာသော်၎င်း၊ မိဖသော်၎င်း၊ အကြီးအကဲသော်၎င်း တစ်ခုခု မှားတာလုပ်လို့ ကျနော်တို့ ပြောမယ်ဆိုရင် မရိုသေ မလေးစားရာရောက်မှာ စိုးရိမ်ပြီး မပြောဖြစ်ခဲ့တာတွေဟာ ကြာလာတော့ လူတိုင်းရဲ့ အကျင့် ဖြစ်နေ ပါပြီ။ ကြာလာတော့ အဲဒီပြောရေးဆိုခွင့်တွေကို ကျနော်တို့ လက်လွတ်ဆုံးရှုံး နေရပါပြီ။ ယခုအချိန်မှာတော့ ပြောရင်တောင် ကျနော်တို့အပေါ် သီးခံမှု၊ ရိုသေမှု၊ လေးစားမှု မရှိတဲ့သူတွေ အဖြစ်သတ်မှတ်ခံနေ ရပါပြီ။ မှားသော လုပ်ရပ်ကို ထောက်ပြခြင်း မပြုလျှင် ထိုအမှာများသည် ပြန့်ပွားလာမည်သာ ဖြစ်ပါသည်။ တနေ့တွင်
မိမိအား လာရောက်ထိခိုက်မည်သာဖြစ်ပါသည်။ ထို့ကြောင့် အမှားတစ်ခုကို မြင်လျှင်မြင်ချင်း ထောက်ပြရ မည်သာ ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရန် လူတိုင်း၏တာဝန်လည်းဖြစ်ပါသည်။
--------------------
သီးခံမှု ဆိုသည်မှာ ဒေါသမဖြစ်ဖို့ ကိုသာရည်ရွယ်ပါသည်။ ဒေါသနှင့်ပြောဆို လုပ်ကိုင်လျှင် အမှားများပိုမို ပေါ်ပေါက်လာတတ်သဖြင့် ဒေါသဖြစ်နေချိန်တွင် မပြော မဆို မလုပ်မကိုင်ဘဲ ချုပ်တည်း၍ ဒေါသေပြေ သောအခါ သေချာစွာ စဉ်စား ပြောဆိုလုပ်ကိုင်ရန်ဖြစ်ပါသည်။ ပြောစရာ လုပ်စရာ ရှိသည်ကိုတော့ ပြောရ လုပ်ရမည်သာ ဖြစ်ပါသည်။
-----------------------
အမှားကို ထောက်ပြခြင်းသည် မရိုသေခြင်း မလေးစားခြင်း မဟုတ်ပါ။
ရိုသေလေးစားစွာ ထောက်ပြနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါသည်။
*****************************************

Prodemo Aung Khin မှသူရေးအတိုင်းပြန်လည်ကူးယူဖေါ်ပြသည်။
Related Posts :
- Back to Home »
- ဆောင်းပါး »
- ဘာကြောင့် အဏာရှင်စနစ် ဖြစ်ပေါ်လာရသလဲ *********************************