Posted by : Unknown Thursday 25 October 2012

လူသားတိုင်းတွင် မွေးရာပါ အခွင့်အရေးရှိသည်ဆိုကာ ကမာ့္ဘကုလသမဂ္ဂ ညီလာခံကြီးက ၁၉၄၈ ခုနှစ်မှ စတင်ကာ လူ့အခွင့်ရေးကြေညာစာတမ်းကြီးကို အတည်ပြုပြီး လူသားတို့၏ အခက်အခဲပြဿနာကို လူသားချင်းစာနာထောက်ထား၍ အကူအညီပေးခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။
ရခိုင်တို့၏ လူ့အခွင့်အရေးလေးစားလိုက်နာမှု၊ လူသားချင်းစာနာထောက်ထားမှု လုပ်ဆောင်လာခဲ့သည်မှာ ၁၉၄၈ ခုနှစ်မတိုင်မှီကာလကပင် ရှိခဲ့သည်ကို သမိုင်းအထောက်အထားများရှိနေသည်။ ခရစ်သက္ကရာဇ် (၈)ရာစုခန့်ကပင် လူသားချင်းစာနာ ထောက်ထားလာခဲ့သည်ဟု ပြောရပေတော့မည်။
အာရပ်နှင့် ပထန်းကုန်သည်များသည် ခရစ်သက္ကရာဇ် (၈)ရာစုခန့်ကပင် ကူးသန်းရောင်းဝယ်ရင်း ရမ်းဗြဲကျွန်း၌ လှေ၊ သမ္ဗာန်ပျက်စီးကာ ရခိုင်ဘုရင်ထံ အသနားခံခဲ့ကြသည်။ ဤသို့ အကူအညီထောင်းခံလာသည်ကို ရခိုင်ဘုရင် မဟာတိုင်း စန္ဒရားမင်းက ရခိုင်ပြည်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ရန် နေရာများချထားပေးခဲ့သည်။
ဤသို့တိုင်းတပါးသား လူမျိုးခြားများကို မိမိတို့တိုင်းပြည်နိုင်ငံအတွင်း၌ နေထိုင်ခွင့်ပြုခဲ့ခြင်းသည် လူသားချင်း စာနာထောက်ထား၍ ကူညီပေးခဲ့ခြင်းသာဖြစ်သည်။
၉-ရာစုခေတ်တွင်လည်း ရမ်းဗြဲကျွန်း၌ လှေ၊ သမ္ဗာန်အများအပြားပျက်ခဲ့ရာ မူဆလင် ဘာသာဝင်များကို ရခိုင်ပြည်သို့ ပို့ဆောင်ကာ ကျေးရွာများတွင် နေရာချထားပေးခဲ့ပြန်သည်။ ခရစ်သက္ကရာဇ် အေဒီ ၁၆၆၀-၁၆၆၁ ခုနှစ်ခန့်တွင်လည်း မဂိုနန်းတွင်း အရေးတော်ပုံကြောင့် ဘင်္ဂလားဘုရင်ခံ ဖြစ်သော (ရှာရုဂျာ)သည် ညီ(အောရမ်ဇက်) တိုက်ခိုက်ခြင်းကိုခံရ၍ ရခိုင်ဘုရင်စန္ဒသုဓမ္မာထံ ခိုလှုံလာပြန်သည်။
စန္ဒသုဓမ္မာဟာ (ရှာရုဂျာ)ကို ကောင်းမွန်စွာ ခိုလှုံခွင့် ပေးခဲ့သော်လည်း ရှာရုဂျာသည် ရခိုင်ဘုရင် ထီးနန်းကို လုယူရန်ကြိုးစားလာခဲ့သည်။ ရခိုင်ဘုရင်မှာ ရှာရုဂျာ၏ လုပ်ကြံမှုကို တိုက်ခိုက်ဖြိုခွင်းလိုက်သော်လည်း ရှာရုဂျာရဲ့ ဆွေမျိုးများနှင့် နောက်လိုက်များကို ရခိုင်ဘုရင်ထံတွင် ဆက်လက် အမှုထမ်းစေခဲ့သည်။
ရခိုင်ဘုရင်ထံ၌ အမှုထမ်းရင်း လေးသည်တော်များသည် ဆူပူသောင်းကျန်းမှုများ ပြုလုပ်လာကြသည်။ အေဒီ ၁၆၉၂-ခုနှစ်တွင် ရခိုင်ဘုရင်နန်းတော်ကိုပင် မီးရှို့ခဲ့ကြသည်။
အထက်ဖေါ်ပြပါဖြစ်ရပ်များသည် တိုင်းတပါးသား လူမျိုးခြားနိုင်ငံခြားသားများကို လူသားချင်းစာနာ ထောက်ထားကာ ကူညီပေးခဲ့ခြင်းကြောင့် ရခိုင်ဘုရင်များအနေဖြင့် မိမိနိုင်ငံအတွင်း ခိုလုံနေထိုင်ခွင့်ပြုသူများထံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းဖြစ်သည်။
လေးသည်တော်များသည် နှစ်ပေါင်းနှစ်ဆယ်ခန့် ဆူပူသောင်းကျန်းခဲ့ကြသည်။ ရှာရုဂျာ၏ နောက်လိုက်နောက်ပါ၏ လေးသည်တော်များထဲမှ တချို့သည် မြန်မာပြည်မဘက်သို့ ထွက်ပြေးသွားကြသည်။ အချို့မှာ ရခိုင်ဘုရင်ထံ၌ ဆက်လက် အမှုထမ်းခဲ့ကြသည်။
အဆိုပါ လေးသည်တော်များကို ပါရှင်ဘာသာဖြင့် "ကမန်"လေးသူရဲ ဟုခေါ်သော ကမန်များသည် ယခုတိုင် ရခိုင်ပြည်တွင် နေထိုင်ကြတုန်းဖြစ်သည်။ ကမန်များသည် ခရစ် သက္ကရာဇ် ၁၇-ရာစု ရခိုင်ဘုရင်များ တန်ခိုးကြီးထွားချိန်က ရခိုင်ဘုရင်လက်အောက်တွင် လေးသည်များအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ကြသော မဂိုဘုရင်ခံ ရှာရုဂျာ၏ နောက်လိုက်နောက်ပါများ သာဖြစ်သည်။
ဤကဲ့သို့ ရန်သူ့ဘက်တော်သားများကို နှိမ်နှင်းခြင်းမပြုဘဲ နန်းတွင်းရေးရာတွင် အမှုထမ်းစေခဲ့ခြင်းမှာ ရခိုင်လူမျိုးတို့၏ လူသားများအပေါ် သနားဂရုဏာမေတ္တာထားက ကူညီစောင့်ရှောင့်ပေးခဲ့ခြင်းမှာ လူသားချင်းစာနာထောက်ထား၍ မဟုတ်ပါလော။
၎င်းနောက် ပဲသီတာ မင်းသမီးနှင့် ရခိုင်ဘုရင် မင်းဗါမှမွေးဖွားသော သားင/ဗင်္ဂါသည် တောင်ငူမင်းတရား ရွှေထီးနှင့် ပူးပေါင်းကာ မင်းဗါဘုရင်အား တိုက်ခိုက်ပုန်ကန်လာသည်။ နှိမ်နှင်းအောင်မြင်သောအခါ မိဖုရား ပဲသီတာက သားတော် င/ဗင်္ဂါ အားချမ်းသာခွင့်ပြုဖို့ တောင်းဆိုချက်ကိုလက်ခံခဲ့သည်။
သမိုင်းရေးရာ အထောက်အထားများတွင်လည်း ဘင်္ဂလီလူမျိုး မဟာမေဒင် ဘာသာဝင် ကျေးကျွန်တွေကို ရခိုင်ဘုရင်များက မြောက်ဦးမြို့နယ်နှင့် ကျောက်တော်မြို့နယ်များတွင် နေရာချထားပေးခဲ့ကြောင်း တွေ့ရှိရသည်။
ရခိုင်ဘုရင်များခေတ်က အကြောင်းအမျိုးမျိုးနှင့် ရောက်ရှိအခြေစိုက် နေထိုင်ခဲ့ကြသော မဟာမေဒင် ဘာသာဝင် ဘင်္ဂလီ လူမျိုးများသည် ရခိုင်တိုင်းရင်းသား လူမျိုးနွယ်စု မဟုတ်ကြပဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီ လူမျိုးများ၊ ပထန်း၊ အာရပ်လူမျိုးများသာဖြစ်ပြီး ရခိုင်ဘုရင်၏ ခွင့်ပြုချက်အရ အခြေစိုက်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဤအချက်အရာများကို ကြည့်ခြင်းအားဖြင့် ရခိုင်တို့၏ လူသားချင်းစာနာထောက်ထားမှုသည် ယနေ့ကမ္ဘာနှင့် နိုင်ငံတကာတွင် ခေတ်နဲ့အပြိုင်အသုံးပြုနေသော လူသားချင်းစာနာထောက်ထားမှု ထက်စောလွန်နေသည်ကို တွေ့ရှိရသည်။
ရခိုင်တို့သည် တိုင်းတပါးသား လူမျိုးခြားများကို ကူညီစောင့်ရှောင်ကာနေထိုင်ပြီး အခွင့်အရေးများကို အခါအားလျှော်စွာ ချိုးဖောက်ခံကာ နေထိုင်လာခဲ့ရာ ၁၉၄၂ ခုနှစ်သို့ ရောက်လာခဲ့ရာတွင် စစ်တွေနှင့် မေယုဒေသဟုခေါ်သော ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ဒေသရှိ ဒေသခံရခိုင်တိုင်းရင်းသားများမှာ ဘင်္ဂလီများ၏ အခွင့်အရေးချိုးဖောက်ခြင်းကို အလူအလဲခံလိုက်ရပြန်သည်။
ဤသို့ အခွင့်အရေးချိုးဖောက်ခြင်းများ ဖြစ်ပေါ်လာအောင် ဖန်တီပေးလိုက်ခြင်းမှာ ဗြိတိသျှနယ်ချဲ့ အရင်ရှင်များပင် ဖြစ်သည်။
ဗြိတိသျှ အုပ်ချုပ်သူများသည် လယ်ယာစီးပွားတိုးချဲ့ရေးကို အကြောင်းပြုကာ ရခိုင်ပြည်တွင်းသို့ စစ်တကောင်းသား ဘင်္ဂလီအများအပြားကို တံခါးမရှိ၊ ဓါးမရှိ ၀င်ထွက်ခွင့်ပြုခဲ့သည်။ ဘူးသီးတောင်၊ မောင်တော၌ရှိသော ဒေသခံတိုင်းရင်းသားများထက် ဦးရေများပြားခဲ့သည်။ လုပ်အားခဈေးပေါသော စစ်တကောင်းသားတို့ လယ်ပိုင်ရှင်မျာက လိုလိုချင်ချင် အသုံးပြုခဲ့ကြသည်။
ဘင်္ဂလီများက ရခိုင်လယ်သမားများထက် လယ်ငှားခပိုပေးရာ လယ်ပိုင်ရှင်များက ၎င်းတို့ကိုဦးစားပေးငှားကြရာ ဘင်္ဂလီများမှာ သူရင်းငှားလယ်ကူလီဘ၀မှ တဖြည်းဖြည်း သီးစားဘ၀သို့ ရောက်လာသည်။
ဗြိတိသျှနယ်ချဲ့တို့သည် ၎င်းတို့အုပ်ချုပ်ရေး အာဏာတည်မြဲရေးအတွက် နိုင်ငံခြားမှ ရာပေါင်းများစွာသော ကုလားများကို ရခိုင်ပြည်သို့သွင်းပြီး မြေယာများကိုပေးကာ ကုလားမြေရှင်စနစ်ကို ထူထောင်ပေးခဲ့သည်။ ကုလားမြေပိုင်ရှင်ကြီးများသည် ကိုယ်ပိုင်ဈေးများနှင့် ဆိုင်ကြီးများကို တည်ထောင်ခဲ့သည်။
ဧရာမ အတိုးကြီးစားစနစ်ကိုပြုကာ ရခိုင်အမျိုးသားများ၏ လယ်မြေများကို သိမ်းယူခဲ့သည်။ ကုလားမိုက်များကို မွေးမြူထားပြီး ၎င်းတို့ခြံ၊ ရွာသို့ရခိုင်တိုင်းရင်းသားများ၏ ကျွဲ၊ နွား၊ ၀က်များဝင်လာလျှင် ပြန်မပေးဘဲထားခြင်း၊ ရခိုင်အမျိုးသမီးများကို ဖျက်လိုဖျက်ဆီးလုပ်သော အထိဖြစ်လာသည်။ ကုလားဓနရှင်၊ မြေရှင်၊ ဈေးပိုင်ရှင်တို့နှင့် ရခိုင်အမျိုးသား လယ်မဲ့ယာမဲ့များ ပဋိပက္ခသည် နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့သော ပဋိပက္ခ ဖြစ်သည်။
၁၉၄၀- ၄၁ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးက မြန်မာတစ်နိုင်ငံလုံးကို တုန်လှုပ်ချေက်ချားအောင် ဖန်တီးခဲ့သည်။ ဗြိတိသျှနှင့် စစ်ပြေးအပေါင်းပါတို့သည် မြန်မာမြေပေါ်မှ ဆုတ်ခွါချိန်တွင် သယ်ယူမသွားနိုင်သည့် လက်နက်များကို ရာဇပုတ် ကုလားတို့အား ပေးအပ်ခဲ့ခြင်းဖြင့် ကုလား-ရခိုင် အဓိကရုဏ်းဖြစ်အောင် ဖန်တီးပေးခဲ့သည်။
တရားဥပဒေ စိုးမိုးမှုမရှိတော့သဖြင့် လက်နက်ရှိသူ ရာဂျပုတ်စစ်သားတို့သည် အာရပ်ကုလားတို့နှင့် ပူးပေါင်းကာ လက်နက်မဲ့ ရခိုင်တို့အား အနိုင်ကျင့်သတ်ဖြတ်ခဲ့သည်။
မြေပုံမြို့နယ် ချောင်းကြီးရွာသူကြီး ညီအစ်ကိုအား ရက်ချောင်းကုလားများက သတ်ဖြတ်လိုက်ခြင်းသည် ၁၉၄၂ ခုနှစ် ကုလားရခိုင် အဓိကရုဏ်း အစဖြစ်ခဲ့သည်။ မြေပုံမြို့မှ စတင်ခဲ့သော ကုလား-ရခိုင် အဓိကရုဏ်းသည် ရခိုင်တစ်ပြည်လုံးသို့ ကူစက်ပျံ့နှံ့သွားခဲ့သည်။ လူမျိုးရေး အဓိကရုဏ်းကြီး တစ်ဟုန်းဟုန်း တောက်လောင်ကျွမ်းနေစဉ်အတွင်း ရခိုင်ဘက်သား အဓိကရုဏ်း ခေါင်းဆောင်တစ်ချို့က တိုင်းရင်းသားမူဆလင်များကို မထိခိုက်အောင် အကာအကွယ်ပေးခဲ့သေးသည်။ ဤနေရာတွင် “ တိုင်းရင်းသားမူဆင်လင်များဆိုသည်မှာ မြောက်ဦးခေတ်ကပင် အကြောင်းအမျိုးမျိုးကြောင့် ရခိုင်ပြည်သို့ ရောက်ရှိနေထိုင် ခဲ့ကြသော မူဆလင်(ကမန်)များကို ဆိုလိုခြင်းဖြစ်သည်။ ထိုကမန်တို့အား ရန်သူအဖြစ်သဘောမထားဘဲ ဒေသခံများသဖွယ် အကာကွယ်ပေးခဲ့ကြခြင်းဖြစ်သည်။ ”
အဓိကရုဏ်း၌ ရက်စက်မှု ကမ်းကုန်းနေသည်ကို သိကြသော ဆရာတော်ကြီးများက မနှစ်မြို့ကြသဖြင့် လူသားအချင်းချင်း ထောက်ထားညှာတာသော ဗုဒ္ဓဘာသာဝင်များသည် မေတ္တာတရားကို ရှေ့ထားလျှက် အဓိကရုဏ်း၌ ကုလားများကို မသတ်ကြရန်၊ ကုလားလူမျိုး ယောင်္ကျား၊ မိန်းမ၊ ကလေးများပါမကျန် သတ်ပစ်ခြင်းကို လက်မခံ၊ နိုင်ငံခြားသားအားလုံးကို ကုလားပြည်သို့ ဘေးရန်ကင်းစွာ ထွက်ခွာခွင့်ပြုရမည်ဟု အစည်းအဝေးပြုလုပ်ကာ အမိန့်အာဏာကို ထုတ်ပြန်ခဲ့သည်။ ထိုသို့ မေတ္တာရပ်ခံချက်အား မလိုက်နာပါက ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအဖွဲ့ကြီးမှ ကြီးလေးသော အပြစ်ဒဏ်ပေးမည်ဟု ထုတ်ပြန်ခဲ့သည်။
ဤသို့ဖြင့် ကုလားတို့သည် မိမိတို့ဆန္ဒအလျှောက် ထွက်ပြေးကြ၍ အသက်ချမ်းသာရာ ရခဲ့ကြသည်။ မြေပုံ၊ မင်းပြား၊ ကျောက်တော်မြို့ဟောင်းမှ ကုလားများသည် ဘူးသီးတောင်၊ မောင်တောသို့ ထွက်ပြေးကြရာ ထိုဒေသတွင် ရခိုင်ဦးရေးထက် ကုလားဦးရေက ပိုမိုများပြားလာသည်။
အဆိုပါ ထွက်ပြေးလာသော ကုလားများသည် ဒေသခံကုလားများနှင့် ပူးပေါင်းကာ ရခိုင်ဗုဒ္ဓဘာသာတို့အား လက်တုန့်ပြန် တိုက်ခိုက်သတ်ဖြတ်ကြ၍ ရခိုင်တို့ အသက်လုပြေးခဲ့ရသည်။
မူဆလင်တို့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် နတ်မြစ်ကမ်းခြေမှ ကျေးရွာများဖြစ်သော ငါးခူရ၊ ခြံပြင်၊ ရွက်ညိုတောင်၊ သရက်အုပ်စသော ကျေးရွာများသည် နတ်မြစ်တစ်ဘက်ကမ်းသို့ ထွက်ပြေးလွတ်မြောက် ကြသော်လည်း ကမ်းခြေနှင့်ဝေးသော ကျေးရွာများသည် ရွာလုံးကျွတ် သတ်ဖြတ်ခံခဲ့ရသည်။
ထွက်ပြေးလွတ်မြောက်လာသော တစ်ချို့ကျေးရွာသူ၊ ကျေးရွာသားများမှာ မယူတောင်တန်းကို ဖြတ်ကျော်ပြီး ဘူးသီးတောင်၊ ကျောက်တော် မြို့ဟောင်းနယ်များသို့ ထွက်ပြေးကြရာ လမ်းခရီးတွင် အသတ်ခံခဲ့ရသည်။ မောင်တောတောင်ပိုင်းတွင် အသက်ရှင်လွတ်မြောက်လာသူများမှာ အလွန်နည်းပါးခဲ့သည်။ အလယ်သံကျော် ရဲစခန်းကို သိမ်းပိုက်ကာ ရဲသားအားလုံးနှင့် ကျေးရွာသားများကို သတ်ဖြတ်လိုက်ကြသည်။ တပ်တိုးပြင်ကျေးရွာတွင် ကုလားများက ရခိုင်တိုင်းရင်းသားများ(၅၀၀)ကျော် သတ်ဖြတ်ခံခဲ့ရသည်။
အဓိကရုဏ်းကြီး မီးငြိမ်းရေးကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များက အစွမ်းကုန်ကြိုးစားခဲ့သော်လည်း မူဆလင်ခေါင်းဆောင်များက ပူဆောင်ရွက်မှုမရှိခဲ့ပေ။ ထို့ကြောင့် ၁၉၄၂ ခုနှစ် အဓိကရုဏ်း၌ ရခိုင်တိုင်းရင်းသားများ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံး၍ မောင်တော၊ ဘူးသီးတောင် မြို့များနှင့်တကွ ကျေးရွာအားလုံးပြာကျခဲ့ရသည်။ မြို့နှစ်ခုလုံးသည်လည်း ကုလားလွှမ်းမိုးသော ဒေသဖြစ်သွားသည်။
၁၉၄၂ ခုနှစ် အဓိကရုဏ်းဖြစ်ပေါ်ပြီး နောက်ပိုင်း အထိကရုဏ်းအတွင်း ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသော ဒေသခံတိုင်းရင်းသားများမှာ မိမိနေရပ်သို့ ပြန်လာ၍ ရွာများတည်ဆောင် အတည်တကျ နေထိုင်ခဲ့ကြသည်။
ထိုကျေးရွာများကို မူဂျာသစ် သောင်းကျန်းသူများက ရွာလုံးကျွတ်မီးရှို့၊ သတ်ဖြတ်၊ ပြန်ပေးဆွဲ၊ အမျိုးသမီးများကို မုဒိန်းကျင့်၊ ရဟန်းတော်များကို ဖမ်းဆီး၊ မစင်တွင် ချထားကာ ရက်စက်မှုအမျိုးမျိုးကို ပြုလုပ်နေကြခြင်းကြောင့် ရခိုင်တို့မှာ အခြေတကျနေထိုင်ရန် ကြိုးစားသော်လည်း ထွက်ပြေးခဲ့ရပြန်သည်။
ဒေသခံရခိုင်တိုင်းရင်းသားများမှာ မိမိတို့ ဘိုးဘွားပိုင်မြေတွင် အေးချမ်းစွာမနေထိုင်ရဘဲ ဘင်္ဂလီများ၏ရန်ကြောင့် နေရာအတည်တကျမရှိ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေကြရသည်။ ရခိုင်တိုင်းရင်းသားတို့ ပိုင်ဆိုင်သမျှ ကျေးရွာကအစ၊ လယ်ယာမြေများကို ဘင်္ဂလီလက်ထဲသို့ ရောက်သွားခဲ့ရသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အပိုဒ်(၃)တွင်ပါရှိသော လူတိုင်းအသက်ရှင်ရန် လွတ်လပ်မှုနှင့် လုံခြုံစိတ်ချခွင့်ရှိသည်ဟူသော အချက်သည် ၁၉၄၂ ခုနှစ်မတိုင်ခင်က ရှိခဲ့မည်ဆိုက ရခိုင်တိုင်းရင်းသားတို့ ဤမျှထိ ခါးသီးသောဒဏ်ကို ခံရလိမ့်မည်မဟုတ်ပေ။
အပိုဒ်(၁၇)နံပါတ်(၂)တွင်ပါရှိသော ဥပဒေအရမဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရဟူသော အချက်သည် ရခိုင်တိုင်းရင်းသားများ၏ ယခင်ကမှအစ လက်ရှိကာလအထိ ကိုက်ညီမှုမရှိပေ။ ယခု လက်ရှိကာလအထိ ရခိုင်တိုင်းရင်သားတို့၏ ဘိုးဘွားပိုင်မြေကြီးများသည် ဘင်္ဂလီများ၏ လက်ထဲသို့ရောက်ရှိပေသည်။
ရခိုင်တိုင်းရင်းသားတို့၏ ဘိုးဘွားအစဉ်အလာအရ ပိုင်ဆိုင်ခဲ့သော လယ်ယာမြေများ ဘင်္ဂလီများလက်ထဲသို့ ရောက်ရှိသွားရခြင်း၊ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးခံခဲ့ရခြင်း၊ မိမိတို့ အိုးအိမ်များကို စွန့်လွှတ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်ခဲ့ကြရခြင်း၊ နေရာအတည်တကျမရှိ ပြောင်းရွှေ့နေထိုင်ခဲ့ကြရခြင်းတို့သည် တိုင်းတပါးသား လူမျိုးခြားများအပေါ် လူသားချင်းစာနာထောက်ထားကာ ကူညီပေးခဲ့ခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံလိုက်ရခြင်းကြောင့် ရခိုင်တိုင်းရင်းသားတို့၏ မူလရပိုင်ခွင့် အခွင့်အရေးများဆုံးရှုံးခဲ့ရခြင်းပင် ဖြစ်ပေသည်။
မှတ်ချက်။   ။ ဦးမောင်ဗသိန်း(စစ်တွေ)၏ ကိုလိုနီဆိုးမွေခံရခိုင် ပြည်နှင့် စစ်တကောင်းသားတို့၏ နယ်သစ်ချဲ့ရေးထကြွမှု စာအုပ်အား ကိုးကားရေးသားထားသည်။

arakan time news

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

Blogger templates

Powered By Blogger

TEst2

Powered by Blogger.

Blog Archive

Mengenai Saya

Pengikut

Arsip Blog

မြန်မာစံတော်ချိန်

- Copyright © မင်းသားချေ -Robotic Notes- Powered by Blogger - Designed by Johanes Djogan -