Posted by : Unknown Friday 19 October 2012

  1. နိုင်ငံရေးပါတီများသို့ အိတ်ဖွင့်ပေးစာ

    မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်းကတော့ ခရီးတစ်ဝက်ရောက်လုနီးပါပြီ။ ၂၀၁၅မှာ ရွေးကောက်ပွဲကြီးပြန်စတော့မယ့်သမ်္မတအသစ်၊ ပါတီအသစ်နဲ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ချီတက်မလား၊ ဒါမှမဟုတ်အဟောင်းထဲကအကောင်းတွေကိုေ
    ရွး ထုတ်ပြီး-ရောသမမွှေကြမလားဆိုတာ-၂၀၁၅ကတော့ ရင်တမမနဲ့ စောင့်ကြိုနေလေရဲ့။
    နိုင်ငံရေးပါတီတွေ၊ သင်တို့ရဲ့ပါတီဝင်ကဒ်ပြားအရေအတွက်ကိုကြည့်ပြီးပီတိဖြစ်မ နေကြပါနဲ့၊
    ပါတီဝင်တွေအပေါ်မှာလုံးဝဥဿုံယုံကြည်မူ့အပြည့်ရှိနေကြလား။ ပြည်သူတွေထဲမှာ လူတစ်ယောက်ကပါတီဝင်ကဒ်ပြားဘယ်နှစ်ခု ကိုင်ဆောင်ကြသလဲဆို တာအဖြေရှာကြပါ။ အမာခံတွေမွေးထုတ်ပေးဖို့ သင်တို့ပါတီတွေကဘာတွေစွမ်းဆောင် ပေးပြီးပြီလဲ။ ပြည်သူတွေကတော့မဲဆန်္ဒပြုပြီး-သင်တို့ကိုအပေါ်ရောက်အောင်တွန်းတင် ပေးလိုက်တယ်။ အပေါ်လည်းရောက်သွားတော့-အောက်ကတွန်းတင်ပေးလိုက်တဲ့ မဲဆန်္ဒရှင် ပြည်သူတွေကိုဘာမှပြန်မကြည့်ကြတော့ဘူး၊။ မဲဆွယ်စည်းရုံးတဲ့- ကိုရွှေစည်းရုံးရေးမှူးတွေရဲ့မျက်နှာကိုလည်းရွှေးကောက်ပွဲပြီးကမမြင်ရတော့ဘူး၊ သူတို့ခင်းပေးတဲ့လမ်းတွေလည်းပတ်ကြားတွေအက်-ရေညှိတွေတက်နေပြီ။
    ပါတီဝင်ကဒ်တွေကိုင်ဆောင်ပြီး-နဝေတိမ်တောင်ဖြစ်နေကြတဲ့ပါတီဝင်တွေရဲ့ ဘ၀တွေကို ဂရုပြုမိကြရဲ့လား။ ရပ်/ကျေးတွေမှာက တစ်ပါတီထဲရှိတာမဟုတ်ဘူးနော်- သူ့ထက်ငါအပြိုင်ဆိုင်ကြဲနေကြတာ အားလုံးအသိပါ။ အပေါ်မှာတော့မသိဘူး-အောက်မှာကတော့ ဘယ်ပါတီကလက်မထောင်နေလည်းဆိုတာအသာလေးစောင့်ငဲ့ ကြည့်ကြအုံး။ ပါတီသာဝင်ထားကြတယ် အခအုချိန်ထိ ဘာမှဖြစ်မလာသလို ဘာမှလည်း ပြောင်းလဲခြင်းမရှိလာပါဘူး။ အရပ်စကားနဲ့ပြောရရင် ““ ဒုံရင်းကဒုံးရင်း ”” ပါဘဲ။
    ဘာဘဲဖြစ်ဖြစ်-NLD ပါတီကတော့ သူ့ပါတီဝင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်များနဲ့ အလုပ်လက်မဲ့ပြဿနာတွေ မဖြစ်ဘို့အတွက် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ဘို့မြို့နယ်အလိုက် သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးဘို့ NLD ဥက္ကဌဒေါ်စုကြည် ကိုယ်တိုင်က မြို့နယ်တွေဆင်းပြီး သူပါတီဝင်တွေနဲ့တွေ့ဆုံဆွေးနွေးလို့ ကတိဂ၀တ်တွေ ပေးနေတာတွေ့ရပါတယ်။ ဒါဟာသူ့ပါတီဝင်တွေအတွက် မျှော်လင့်ချက် ရောင်ခြည်တစ်ခုဘဲလေ။
    ပါတီတစ်ခုရေရှည်တည်တံ့ဖို့အတွက် အဲဒီပါတီမှာ အမာခံအင်းအားလိုပါတယ်။အဲ့ဒီအမာခံတွေဟာသူရဲ့ပါတီအပေါ်မှာ သစ်္စာရှိတဲ့အမာခံတွေဘဲဖြစ်ဖြစ်ရမယ်။ ဘယ်သူတွေစည်းရုံးစည်းရုံ၊ ဘယ်ပါတီကပဲ မဲဆွယ်ဆွယ်ကိုယ့်ပါတီမှကိုယ်ပါတီဘဲဆိုတဲ့ သံမဏိစိတ်ဓါတ်မျိုးရှိနေရပါမယ်။ တချိန်ကအရှိန်ဝါတွေသုံးပြီးပါတီဝင်အင်းအားနဲ့ကဒ် ပြားတွေအများကြီးထုတ်ပေးခဲ့တဲ့ ပါတီကြီးတွေကတော့ အခုချိန်မှာမိမိပါတီဝင်တွေကို ပြန်လည်ဆန်းစစ်ဖို့ အမာခံပါလို့သတ်မှတ်ထားတဲ့ မိမိတို့ရဲ့ပါတီဝင်တွေ ပါတီအပေါ်မှာ ယုံကြည်သက်ဝင်မူ့ ရှိမရှိ ဆန်းစစ်ဖို့လိုနေပါပြီ။
    ၁၉၉၀-ပြည့်ရွေးကောက်ပွဲကာလတုန်းက(တ.စ.ည)ရဲ့ပါတီဝင်အင်အားဟာ ကဒ်ပြားအရေအတွက်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင်းကို မယှဉ်နိုင်စရာ မရှိပါဘူး။ (တ.စ.ည)ရဲ့အရန်ပါတီဖြစ်တဲ့ တောင်သူလယ်မား စည်းလုံးညီညွှတ်ရေး ပါတီ၊ အလုပ်သမား စည်းလုံးညီညွှတ်ရေးပါတီ၊ လူငယ်စည်းလုံးညီညွှတ်ရေးပါတီ ဆိုတဲ့ အရန်ပါတီ(၃)ခု ကလည်း(တ.စ.ည)ကိုဝန်းရံပေးထားကြတယ်။ အဲဒီတုန်းက (မ.ဆ.လ)ရဲ့ အရှိန်အ၀ါကလည်း အငွေအသက်ကျန်သေးတော့(တ.စ.ည) အတွက် အင်အားစုရတာသိပ်မခက်ခဲ့ပါဘူး။ ဒါကြောင့်လည်း (တ.စ.ည)ရဲ့ အကြီးအကဲပိုင်းက အနိုင်လို့ယူဆခဲ့ကြတယ်။ ဒါပေမဲ့တကယ်ရွေးကောက်ပွဲရလဒ်မှာတော့၊ (NLD)ကို အပြတ်သတ်ရှုံးနိမ့်ခဲ့တယ်။ ဒါသင်ခန်းစာယူစရာပါ။ ကဒ်ပြားဟာကဒ်ပြားဘဲ၊ ကဒ်ပြားသည် အမာခံမဟုတ်ဆိုတာ သတိချပ်စေချင်ပါတယ်။ ဒီတော့ကား အချိန်ရှိခိုက် လုံးလစိုက်ပြီး မိမိပါတီဝင်တွေရဲ့ ဘ၀တစိတ်တဒေသကို အောက်ခြေအထိဆင်းပြီး ကြည့်ရပါမယ်။ ကိုယ်ပါတီဝင်တွေ ဘာတွေလိုအပ်သလဲ ဘာအခက်အခဲတွေရှိနေလဲ၊ ဘာတွေလုပ်ပေးဘို့လိုအပ်သလဲဆိုတာ၊ ပါတီအကြီး အကဲတွေ ဆန်းစစ်ဖို့တော့လိုနေပြီ။
    ဟိုတစ်လောတုန်းက ဂျာနယ်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ မြို့နယ် အလိုက်ပြည် သူလူထု(ပါတီဝင်)တွေအတွက် အတိုးနှုန်းသက်သာတဲ့ ချေးငွေတွေ ချပေးခဲ့ပေမယ့်လည်း အဲဒီချေးငွေတွေဟာ ပြည်သူလူတု (ပါတီဝင်)တွေအပေါ်မှာ ကျိုးသက်ရောက်မှု့မရှိခဲ့ဘူး မြို့နယ်အကြီးအကဲပိုင်းကဘဲမိမိတို့ ကိုကျိုးအတွက် အသုံးချသွာကြသည်။
    ရပ်ကွက်ထဲမှာနေ့ပြန်တိုး၊ မတ်တိုးတွေယူပြီး စားဝက်နေရေးအတွက် ဘ၀ကို ဆင်းဆင်းရဲရဲရုန်းကန်နေရတဲ့လူတွေဆီမှာ ဘယ်ပါတီက ကဒ်ပြားကို ကိုင်ဆောင် ထားကြသလဲ ဆိုတာလေ့လာကြည့်ပါ။ ထမင်းမကျွေးတဲ့ အဲဒီကတ်ပြားတွေကို သူတို့ဘယ်လောက်ကြာကြာကိုင်ဆောင်ထားနိုင်ကြမလဲ။ သူတို့တွေဆီက ထောက်ခံမဲတစ်ပြားကိုအားမနာလျှာမ ကျိုးနဲ့ရယူပြီး အမတ်လောင်းဖြစ်သွားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက သူတို့ရဲ့ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးကို ဘယ်အချိန် ကာလအထိ စောင့်စားခိုင်းအုံးမှာလည်း။
    ကိုယ်အနိုင်ရခဲ့တဲ့မဲဆန္ဒနယ်ကပြည်သူတွေစီးပွားရေးကြပ်တည်းမူ့၊ ဆင်းရဲနွမ်းပါး မူ့၊ အလုပ်လက်မဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရမူ့တွေကို ၂၀၁၅ မတိုင်ခင်ကွင်းဆင်းလေ့ လာကြပါအုံး၊ နောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် မိမိတို့ပါတီဝင်တွေက မိမိတို့ကို ထောက်ခံအားပေးနိုင်တဲ့ အင်အားတွေရှိကြသေးရဲ့လားလို့၊ သူတို့ဘ၀၊ သူတို့စားဝတ်နေရေးအတွက်၊ သူတို့အားကိုအားထားပြုတဲ့ပါတီကြီးက ဘာတွေနဲ့ ချွေးသိပ်ပြီးပြီလဲ၊ ““အူမတောင့်မှသီလစောင့်တယ်””ဆိုတဲ့ မြန်မာစကားရပ်တစ်ခုလို (NLD) က အလုပ်လက်မဲ့ပြဿနာအတွက် ခင်းပေးတဲ့လမ်းမကြီးပေါ်ကို မိမိပါတီဝင်တွေ တက်မလျှောက်ကြဘူးလို့ ဘယ်သူက အာမခံချက်ပေးနိုင်လို့လဲ။ဆင်းရဲသားပြည်သူလူထုရဲ့ဘ၀မှာ စားဝတ်နေရေးသာပထမ၊ နိုင်ငံရေးဆိုတာ ဒုတိယလေ၊ ဒီတော့တိုင်းပြည်အတွက်လို့ ဘယ်လိုပဲပြောနေနေ တိုင်းပြည်ဆိုတာ ပြည်သူတွေရှိလို့ဖြစ်လာတာပါ။ ပြည်သူတွေချမ်းသာမှ တိုင်းပြည်ချမ်းသာမယ်ဆိုတာ ကတော့ အမှန်တကယ်လက်တွေ့ကြတဲ့ အမှန်တရားတစ်ခုဆိုတာ ဘယ်သူမှ ငြင်းလို့ရမယ်မဟုတ်ဘူးဆိုတာကိုတော့ အမှန်တကယ်လက်တွေ့ကြတဲ့ အမှန်တရား တစ်ခုဆိုတာ ဘယ်သူမှငြင်းလို့ရမှာ မဟုတ်ဘူးဆိုတာကိုတော့ ပါတီခေါင်းဆောင် ပုဂ်္ဂိုလ်များ သိထားစေချင်ပါတယ်ခင်ဗျာ။

    မူရင်းသတင်း----The Hot News

    Photo: နိုင်ငံရေးပါတီများသို့ အိတ်ဖွင့်ပေးစာ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီသက်တမ်းကတော့ ခရီးတစ်ဝက်ရောက်လုနီးပါပြီ။ ၂၀၁၅မှာ ရွေးကောက်ပွဲကြီးပြန်စတော့မယ့်သမ်္မတအသစ်၊ ပါတီအသစ်နဲ့ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ချီတက်မလား၊ ဒါမှမဟုတ်အဟောင်းထဲကအကောင်းတွေကိုရွေး ထုတ်ပြီး-ရောသမမွှေကြမလားဆိုတာ-၂၀၁၅ကတော့ ရင်တမမနဲ့ စောင့်ကြိုနေလေရဲ့။

ပြည့်ဖြိုးအောင်

မူရင်းသတင်း----The Hot News

Leave a Reply

Subscribe to Posts | Subscribe to Comments

Welcome to My Blog

Popular Post

Blogger templates

Powered By Blogger

TEst2

Powered by Blogger.

Blog Archive

Mengenai Saya

Pengikut

Arsip Blog

မြန်မာစံတော်ချိန်

- Copyright © မင်းသားချေ -Robotic Notes- Powered by Blogger - Designed by Johanes Djogan -