"ဗဟုသုတမရှိတဲ့လူတစ်ယေက်သည်မျက်စိကန်းနားလေးကာလမ်းလားနေသည်နှင့်အသွင်တူနေပါတယ်။
လူလိုဖြစ်လာရင်လူတောသူတောတိုးဖိုဆိုတာလည်းပညာတတ်ယင်တတ်ပညာမတတ်ယင်စာပေဗဟုသုတ
ရှိမှလူရှေ့သူရှေ့တိုးကြည်ချင်လာတာပါ။အဲလိုမှမဟုတ်ရင်တော့အဲဒီလူဟာလူလော့ကအလယ်မှာတစ်ယောက်
နေရာတာထက်ကြာလာဒါနဲ့အမျှလူလောကကိုစိတ်ကုန်စရာဖြစ်လာတတ်ပါတယ်တဲ့။"
ဒီလိုဆိုရင်..အပေါ်က စာသားလေးအတိုင်းစီဆင်းကြပါမယ်ဘယ်လိုဘဲဖြစ်ပါစေစာရေးသူကတော့နားလေး
ပြီးမျက်စိကန်းနေတဲ့လူမပါစေချင်တာတော့အမှန်ပါ။လောကကြီးမကြေနပ်လို့ဘဲဖြစ်ပါစေလောကကြီးကကြေနပ်လို
ဘဲဖြစ်ပါစေဒီလူအဖွဲ့စည်းကြီးထဲတော့တိုးဝင်ရမှာဘဲဆိုတဲ့အသိစိတ်ကလေးနဲ့တိုးဝင်ဖိုအစပြုခဲပါတယ်။ ဒါကြောင့်မို့လည်းလက်ကန်းစာစောင်တွေသမိုင်းစာအုပ်ရသကဗျာတွေကိုလက်လှမ်းမှီသလောက်လေ့လာဖတ်
သားခဲသလိုအချိန်ရရင်ရသလောက်အသိပညာဗဟုသုတလေးတွေတွေကိုမြေးစပ်းခဲပါတယ်။ဒါဘယ်မဲ့တစ်နေ့
တော့စာရေးသူကအတွေးလေးတစ်ခုဝင်လာခဲပါတယ်။အဲဒါကတော့ကိုယ်သိထာတဲ့အရာတွေကိုသိရုံနဲ့မလုံ
လောက်နိုင်တဲ့အရာပါ။ ကျွှန်တော့လိုဘဲမျက်စိကန်းနားလေးပြီးလမ်းလျှေက်နေတဲ့လူတွေများလမ်းဘေးမှာ
ရှိနေကြမလားဒါမှမဟုတ်အစာငတ်ရေပြတ်ပြီးစာပေအဟာရဗဟုသုတတွေပြတ်လတ်ပြီးတစ်ယောက်တည်း
လမ်းပျောက်ယင်းလမ်းရှာကါလောကကြီုးကိုစိတ်ကုန်နေပါ့မလားဆိုတဲ့အတွေးလေးတွေဝင်လာပါတယ်။
အဲဒါကြောင့်လမ်းပျောက်နေတဲ့သူတွေအစာအဟာရငတ်ပြတ်နေတဲ့သူတွေကိုစေတနာပိုပိုနဲ့ကူညီရိုင်းပင့်
ချင်တဲ့စိတ်တွေကတစ်ပွပွနဲ့ပေါ်လာပါတယ်။အဲဒါကြောင့်ဘလော့လည်းတစ်ခုထူထောင်ပြီးအွင်လိုင်းပေါ်မှာ
ကိုယ်တိုင်ရေးတဲ့ဆောင်းပါးတွေဖြစ်စေတခြားဘလော့ကါတွေကမျှဝေလိုဘဲဖြစ်စေဗဟုသုတလေးတွေမျှဝေ
တော့မယ်လိုဆုံဖြတ်ချက်လေးတစ်ခုချရင်းနဲ့အွင်လိုင်းမှာလည်းအမှတ်တရမှတ်တိုင်းလေးတစ်ခုစိုက်ထူထား
ခဲ့ရင်းအားလုးသောသူငယ်ချင်းတွေကိုဘလော့ဂါမိတ်ဆက်အခန်းလေးနဲ့မိတ်ဆက်ခဲပါတယ်။အမှန်တော့
ဒီ(မိတ်ဆက်)စာစောင်လေးကိုမရေးသားချင်ပါ။ဘလော့တစ်ခုတည်ထောင်တယ်ဆိုရင်ဘဲဒီဘလော့ဂ်မှာ
မိတ်ဆက်စကားရေးရမယ်ဘလောဂ့်တည်ထောင်တဲ့ရွယ်ရွေချက်အကြောင်းအရာတွေကိုမရေးမဖြစ်လိုသာရေး
သားခဲဒါပါ။ အမှန်စင်စစ်မှာတော့ကျွှန်တောဟာပညာရှင်တစ်ယောက်မဟုတ်သလိုစာရေးစဆရာတစ်
ယောက်လည်းမဟုတ်ခဲ့ပါဘူး။သာမန်ကကြီးတစ်လုံကိုကွေကောက်တတ်အောင်လေ့လာသင်ကြားနေတဲ့
သာမန်ဘလော့ကါသူငယ်တန်းသားလေးတစ်ယောက်ပါ။ဒါကြောင့်မို့လာလည်တဲ့သူငယ်ချင်းတွေစာပေပညာ
သျှင်တွေဘလော့ဂ်ရေးသားတဲ့ဘလော့ဂ်ဆရာသမားတွေကိုဒီနေရာလေးကနေပြောချင်တာကတော့ကျွှန်
တော်ဘလော့လေးကိုပြည့်စုံသောဘလော့ဂ်တစ်ခုလိုမဆိုလိုချင်ပါလိုအပ်တွေရှိသေးတဲ့ဘလော့ဂ်လေးဖြစ်
တဲ့အတွက်လိုအပ်ချက်တွေကိုထောက်ပြနိုင်သလိုအကြံညာဏ်လေးတွေပေးသွားနိုင်ပါတယ်လိုပြောကြားယင်း
ဘလော့ဂ်ဂါမိတ်ဆက်အခန်းလေးကိုနိဂုံန်းချုပ်ပါရစေဗျာ။

                                                                                 မင်းသားချေ=(မျိုးရခိုင်သား)


(အမေအိုသို့ကန်တော့ခြင်း)

  ကိုးလရင်လွယ်
ဆယ်လဝယ်ဖွား
ပူ၊စပ်၊ခါး၊ငန်
ရှောင်ရှားပြန်ရ
ဘေးမခအောင်
သတိဆောင်၍
ယုယမူပေး
သားလှလေးကို
ပိုက်ထွေးရင်မှာ
ပီတိဖြာလျှက်
မာတာမိခင်
ကျေးဇူးချင်ကို
နေ့စဉ်ရှိခိုးကန်တော့ပါ၏ 


 

++ခါးသက်မူ့နဲ့ ဖက်စပ်နေတဲ့
ကော်ဖီတစ်ခွက်ဟာ....
အကြင်နာချိုပေါ့ပါစေ....
မိုးသောက်တဲ့အခါ.......
အချိန်မှန်ကျ............
စွဲလမ်းနေတဲ့............
နှလုံသားက တောင်းဆိုတော့မှ....
ငါသိလိုက်ရပီ.........
ကော်ဖီခါးခါးတစ်ခွက်ကိုငါချစ်မိနေပီ...။
isaland-Mya Aye2ယခုတလော ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဟုတ်မဟုတ်ဆွေးနွေး ငြင်းခုံနေကြသည်ကို ဖတ်ရပါသည်။ ၎င်းတို့ဖာသာ၎င်းတို့ "ရိုဟင်ညာ"ဟု သမုတ်ထားသူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝါကာ အူဒင်က ကုလားဟူသောဝေါဟာရသည် ချိုးနှိမ်ခေါ်သည့် အသုံးဖြစ်ပါသည်၊ မြန်မာများက အိန္ဒိယ တိုက်ငယ်ဒေသမှ လာသောသူများကို "ငမဲ"ဟု ရှုံ့ချခေါ်ကြပါသည်ဟု ကမ္ဘာပတ်ပြီး လျှောက်အော်နေပါ၏။ ဝါကာအူဒင်သည် မြန်မာစကားနှင့်စာကို ကောင်းစွာတတ်သူမဟုတ်ကြောင်း ထိုသူ၏ ရေဒီယို အင်တာဗျူးများကို နားထောင်ဖူးသူတိုင်း သိကြပါလိမ့်မည်။
အဆိုပါစကားလုံးအား အဓိပ္ပါယ်ဖွင့်ဆိုပုံနှင့်စပ်လျဉ်း၍ စာရေးသူသည် မြန်မာစာပေပါအသုံးများ၊ ထင်ရှားသည့် မြန်မာပညာရှင်များ၊ နိုင်ငံခေါင်းဆောင်များနှင့် ထင်ရှားသော ပုဂ္ဂိုလ်များ၏သုံးစွဲပုံများနှင့် ပညာရှင်မဟုတ်သော သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် ရေးသားထားသည်များ၏ ခြားနားချက်များကို "ကွက်ကွက် ကွင်းကွင်း မုန့်တီဟင်းကဲ့သို့"ဆိုသော ဦးပုည၏ စကားအတိုင်း ရှင်းလင်းပြတ်သားစွာ ထောက်ပြပါမည်။
မြန်မာပညာရှင်များ၏အယူအဆ
ယူဆချက် (၁)။    ကုလားဟူသောစကားသည် ကုလဟူသော ပါဠိစကားမှ ဆင်းသက်လာကြောင်း အယူအဆတစ်ရပ်ရှိပြီး မြင့်မြတ်သော အမျိုးအနွယ်ဟု အဓိပ္ပါယ်ရသည်။ ကုလပုတ္တ မြင့်မြတ်သောအမျိုးအနွယ်မှ ဆင်းသက်လာသော သား၊ အမျိုးကောင်းသား ဟုဆိုလိုသည်။ ရှေးဦးမြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ကရင် စသည့် မျိုးနွယ်စုများက အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများအား ဤအခေါ်အဝေါ်အားဖြင့် ခြီးခြောက်ကြသည်။ အဘယ် ကြောင့်ဆိုသော် ဗုဒ္ဓကိုယ်တော်တိုင်ပင် အိန္ဒိယတိုင်းသား တစ်ဦးဖြစ်သောကြောင့်ပေတည်း။
အထောက်အထားများ -
၁။ မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ရန်ကုန်၊ ၁၉၉၁၊ စာမျက်နှာ ၉
ကုလား /kla;/ n 1. အိန္ဒိယတိုက်ငယ်ဒေသမှ လာသောသူများ။ 2. သာမန်အားဖြင့် မြန်မာနိုင်ငံအနောက်ဖက်ရှိ တိုင်းနိုင်ငံများမှ လာသောသူများ။ 3. စက္ကူဖဲတွင် ဂျက်၊ ကွင်း၊ ကင်း ဖဲချပ်ကိုခေါ်သောစကား န၀ိ- နိုင်ငံခြားမှ လာသော။ နိုင်ငံခြားမှဖြစ်သော။ [ပါ၊ကုလ]
၂။ ဦးဝန်၊ တက္ကသိုလ်မြန်မာ အဘိဓာန်၊ အပိုင်း(၁)၊ ရန်ကုန်၊ ၁၉၅၂၊ စာမျက်နှာ ၂၂။
ကုလား နံ ၁။ အိန္ဒိယနိုင်ငံသားများ ၂။ သာမန်အားဖြင့်ကား မြန်မာနိုင်ငံ အနောက်ဖက်ဒေသများမှ လာသူများ----နံဝိ နိုင်ငံခြားမှဖြစ်သော။ နိုင်ငံခြားမှလာသော။ [မွန်၊ ဂလာ။ ပါ၊ ကုလ]
၃။ ဦးဟုတ်စိန်၊ ပါဠိမြန်မာအဘိဓာန်၊ ဒုတိယပိုင်း၊ ရန်ကုန်၊ ၁၉၅၆၊ စာမျက်နှာ ၃၂၉ ။
ကုလ [ကုလ] (န) အမျိုး။ မြတ်သောအမျိုး။ အိမ်။ မိဘအိမ်။ အလုပ်အကျွေး ဒါယကာ။
ယူဆချက်(၂)။    ဒုတိယအယူအဆအနေဖြင့် ကုလားဟူသောဝေါဟာရသည် မွန်စကားဂိုလ (ရွှံ့ဖြင့်လုပ်သောအိမ်၊ မြေဖြင့်လုပ် သော အိမ်တွင်နေသူများ)မှ ဆင်းသက်လာကြောင်း သိရှိရသည်။
အထောက်အထား -  မွန်ဘာသာဖြင့်ရေးထိုးသည့် ကလျာဏီကျောက်စာ၊ အေဒီ(၁၄)ရာစု၊ ပဲခူး။
ယူဆချက်(၃)။   တတိယအယူအဆအနေဖြင့် ကုလားဟူသောစကားလုံးသည် ကိုလား(Cola/Chola)ဟူသော ဝေါဟာရများမှ ပြောင်းလဲဖြစ်ပေါ်လာသည်။
အထောက်အထား - Myanmar-English Dictionary, Department of the Myanmar Language Commision, Ministry of Education, Union of Myanmar, "A History of the Myanmar Alphabet, p.iv.
အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မောရိယ (Maurya) မင်းဆက်ပျက်သုဉ်းပြီးနောက် အန္ဓရ (Andhra) မင်းဆက် ပေါ်ထွန်းလာခဲ့သည်။ ထို့နောက် ပလ္လဝါ (Pallava), ကဒမ္ဗ(Kadamba), ကလုကျ(Calukya), ရပ်စတြကုတ (Rashtrakuta)နှင့် ကိုလား(Cola)ကဲ့သို့သော မင်းဆက်များ ဆက်လက်ပေါ် ထွန်းခဲ့သည်။ အဆိုပါမင်းဆက်များ ထီးနန်းစိုးစံစဉ်ကာလအတွင်း ဗြဟ္မီအက္ခရာစာပေ (Brahmi)ထွန်းကားလာခဲ့ပြီး အနောက်ပိုင်းတွင် ပတ်ချီမီ (Pacchimi)အရေးအသား၊ အလယ်ပိုင်းတွင် မဓယပါရာဒက်ရှ် (Madhya Pradesh) အရေးအသား၊ တောင်ပိုင်း တွင် တယ်လဂူ(Telugu), ကနာတီ(Kanati), ကဝိသုံးဂရန္တ (academic Grantha)နှင့် ကဒမ္ဗ(Kadamba), ကလုကျ (Calukya) , ရပ်စတြကုတ (Rashtrakuta) တို့ပါဝင်သော တမီလ် Tamil စသည့် စာပေအရေးအသားတို့ ထွန်းကားလာခဲ့သည်။ ဗြဟ္မီစာပေမှ ဆင်းသက်လာသော ၎င်းစာပေအရေးအသားတို့သည် အိန္ဒိယမှ ကိုးကွယ်ယုံကြည်မှုများ၊ ယဉ်ကျေးမှုများနှင့်အတူ အေဒီတစ်ရာစုမှ ရှစ်ရာစုအတွင်း တိဗက်၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ပျံ့နှံ့သွားပြီး ၎င်းဒေသများမှ တိုင်းရင်းသားဘာသာ စာပေအရေးအသား တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးခဲ့သည်။
အရှေ့တောင်အာရှဒေသသို့ အိန္ဒိယတောင်ပိုင်းသားများ ရေကြောင်းခရီးဖြင့် အိန္ဒိယစာပေ၊ ယဉ်ကျေးမှုတို့ကို တစ်ပါတည်းယူဆောင်ကာ ရောက်ရှိလာချိန်မှစတင်၍ ဒေသခံများမှ ၎င်းတို့အား ကိုလား(Cola/Chola) လူမျိုးများဟု ခေါ်ဆိုခဲ့ကြဟန်ရှိသည်။ ထို့ကြောင့် ၎င်းအခေါ်အဝေါ်သည် မွန်တို့၏မူလ အသုံးအနှုန်းဖြစ်သော ဂိုလ/ဂလာ၊ ကရင်လူမျိုးတို့၏ ကိုလား/ ကူလားနှင့် ဗမာလူမျိုးတို့ခေါ်ဝေါ်ကြသည့် ကုလား စသည့် အသုံးအနှုန်းများနှင့်ဆက်သွယ်မှု ရှိနိုင်ပါသည်။
စာရေးသူထုတ်နုတ်တင်ပြခဲ့သည့် စာပေများအရ ကုလားဟူသော ဝေါဟာရသည် ပါဠိစကား ကုလမှ ဆင်းသက်လာခြင်း(သို့)အိန္ဒိယတောင်ပိုင်းရှိ ကိုလား(Cola/Chola)မင်းဆက် ဟူသောစကားနှင့် ဆက်စပ်မှုရှိခြင်း(သို့)နှစ်မျိုးစလုံးနှင့် ဆက်စပ်မှုရှိပြီး မွန်တို့က ဂိုလာ/ဂလာဟုမွေးစားယူကာ ဗမာများထံတွင် ကုလားဟု အသံထွက် ပြောင်းသွားကြောင်း တွေ့ရှိနိုင်သည်။ အထက်ဖော်ပြပါ အယူအဆအားလုံးတွင် ကုလားဟူသောဝေါဟာရသည် အဖျက်သဘောဆောင်သည့် အဓိပ္ပါယ်သက်ရောက်မှုမျိုး(၀ါ)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုး လုံးဝမရှိခဲ့ကြောင်း ဖော်ပြလျှက်ရှိသည်။ ထို့ကြောင့် ယင်းအသုံးအနှုန်းကို ဧကူနခြင်းကင်းပြီး လွတ်လပ်စွာပြောဆို ရေးသားသုံးနှုန်းနိုင်သည်သာမက ၎င်းအသုံးအနှုန်းသည် အပြုသဘောဆောင်သည့် အဓိပ္ပါယ်မျိုးပါ သက်ရောက်စေကြောင်း တွေ့ရှိနိုင်ပါသည်။
ကုလားဟူသော ဝေါဟာရသည် ရှေးဟောင်းစကား အခေါ်အဝေါ်တစ်ခုဖြစ်ပါသည်။ ပုဂံခေတ်ကျောက်စာများ (အေဒီ-၁၂ရာစု၊ အေဒီ-၁၄ရာစု)တွင် ကုလားဟူသော စကားလုံးနှင့်စပ်လျဉ်း၍ ကုလားကခြေသည်၊ ကုလားပသာ သည် စသည့် အသုံးအနှုန်းများကို တွေ့ရှိနိုင်သည်။
အိန္ဒိယဗိသုကာပုံစံဖြင့် တည်ဆောက်ထားသော စေတီပုထိုးများကိုပင်လျှင် ကုလားကျောင်းဟု ခေါ်ဝေါ်ကြသည်။ အကယ်၍ ကုလားဟူသော ဝေါဟာရသည် ခေါ်တွင်ခံရသည့် ပုဂ္ဂိုလ်(သို့)အရာဝထ္ထုအား ဂုဏ်သရေ ညှိုးနွမ်းစေခဲ့လျှင်(၀ါ)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုး ရှိနိုင်ခဲ့လျှင် မြန်မာတို့အနေဖြင့် ၎င်းတို့အမြတ်တစ်နိုးကိုးကွယ်ရာ စေတီပုထိုးများကို ကုလားအမည်ရှေ့မှထည့်၍ ခေါ်ဆိုလိမ့်မည် မဟုတ်ချေ။
ပုဂံမင်းဆက်မှ အလောင်းစည်သူမင်းကြီး၏သားတော် နရသူမင်းအား ရာဇ၀င်ဆရာတို့က ကုလားကျမင်းဟု ခေါ်ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုမင်းအား အိန္ဒိယလူမျိုးတို့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ ကုလားဟူသောဝေါဟာရသည် သိမ်ဖျင်းနိမ့်ကျသော အသုံးအနှုန်းတစ်ခုဖြစ်ခဲ့လျှင်(၀ါ) ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ်သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် ထိုခေတ်အခါက သက်ဦးဆံပိုင်ဘုရင်အား မည်သူတစ်ဦးကမျှ ထိုကဲ့သို့သောအမည်ဖြင့် အမှတ်သညာပြုရဲလိမ့်မည် မဟုတ်ချေ။ (နှိုင်းယှဉ်ရန်-ပုဂံခေတ် နရ သီဟပတေ့မင်းအား ရာဇ၀င်တွင် တရုတ်ပြေးမင်းဟု ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းဘုရင်သည် အေဒီ(၁၂၈၇)ခုနှစ်တွင် ကူဗလိုင်ခန်၏ တရုတ်တပ်များ ၀င်ရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင် ခဲ့ရသောကြောင့် ဖြစ်သည်။)
မြန်မာရာဇ၀င်ဆရာများထဲတွင် အထင်ရှားဆုံး ရာဇ၀င်ကျမ်းသုံးစောင်ကို ညောင်ရမ်းခေတ် (ဒုတိယ အင်းဝ မင်းဆက်)အတွင်း ရေးသားပြုစုခဲ့သူ၏အမည်မှာ ဦးကုလားဖြစ်သည်။ အကယ်၍ ကုလားဟူသော အမည်သည် အောက်တန်းကျသည့် အမည်နာမတစ်ခု ဖြစ်နေခဲ့ပါလျှင်(သို့)ချိုးနှိမ်သည့် သဘောဆန်သော အဓိပ္ပါယ် သက်ရောက်မှုမျိုးရှိနိုင်ခဲ့လျှင် အလွန်ထင်ရှားကျော်ကြားသည့် ထိုရာဇ၀င်ဆရာသည် ၎င်း၏အမည်အား ပြောင်းလဲ ပစ်မည်မှာ သေချာသည်။
ရှေးခေတ်အခါက ရခိုင်၊ ဗမာ၊ မွန် ဘုရင်များသည် ၎င်းတို့ကိုယ်၎င်းတို့ ဗုဒ္ဓ၏မျိုးနွယ်ဖြစ်သည့် သကျသာကီဝင် မျိုးရိုးမှ ဆင်းသက်လာသည်ဟု ထုံးတမ်းစဉ်လာအရ ယုံကြည်ခဲ့ကြသည်။ အထက်ပါအချက်အရ ထိုဘုရင် များသည် ၎င်းတို့ကိုယ်၎င်းတို့ အိန္ဒိယတိုင်းသားမျိုးဆက်များအဖြစ် ယုံကြည်ခဲ့ကြောင်း သိရှိနိုင်သည်။ အဆိုပါ အချင်းအရာများကို ကြည့်ခြင်းဖြင့် အိန္ဒိယတိုက်ငယ်မှ မျိုးနွယ်စုများနှင့် ပတ်သက်၍ နှိမ့်ချဆက်ဆံခြင်း(သို့) လူမျိုးရေးခွဲခြားခြင်းစသည့် အချက်များ မြန်မာများ၌လည်းကောင်း၊ အခြားတိုင်းရင်းသားများတွင်လည်းကောင်း မရှိခဲ့ကြောင်း သိနိုင်ပါသည်။
မြန်မာဘာသာစကားတွင် တစ်စုံတစ်ခုကို ကုလားဟူသော အသုံးအနှုန်းဖြင့် ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ ပေါင်းစပ်၍ အမည်သစ်ဖန်တီးကာ ထိုအရာသည် မူလဘူတနိုင်ငံခြားမှဖြစ်ကြောင်း(သို့) နိုင်ငံခြားမှ ၀င်ရောက် လာကြောင်း(သို့) မြန်မာပြည်၏ အနောက်ဖက်ရှိ တိုင်းပြည်များမှဖြစ်ကြောင်းကို အလွယ်တကူ သိရှိနိုင်ရန် ခေါ်ဆိုလေ့ရှိသည်။
ဥပမာများ။
(၁) ရှေ့တွင်ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ။
ကုလားစပါး(ဂျုံ)၊ ကုလားတည်(သရက်သီးကုလားတည်၊ မရမ်းသီးကုလားတည်)၊ ကုလားထိုင်၊ ကုလားပဲ၊ ကုလားဖြူ၊ ကုလားနံနံ။
(၂) နောက်တွင် ကုလားထည့်သွင်းခေါ်ဆိုသည့် နာမ်များ။
ဆိတ်ကုလား(သိုး)၊ (မှတ်ချက်၊ ဆိတ်ကို ဆိတ်မြန်မာ၊ သိုးကို ဆိတ်ကုလားဟုခေါ်ကြောင်း ဆရာတော် ဦးဩဘာသ၏ မဟာဇနက္က ဇာတ်တော်ကြီးတွင် တွေ့နိုင်သည်။)၊ ဒုံးကုလား (ယာဉ်ထောက်ဂျက်)၊ ငှက်ကုလား၊ ဗွတ်ကုလား၊ ကျေးကုလား။
ခိုင်မာသည့်စာပေများတွင် ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံ ဥပမာများ။
(1) ယောအတွင်းဝန် ဦးဖိုးလှိုင်-ဥတုဘောဇနသင်္ဂဟကျမ်း၊ စာမျက်နှာ-၈၉
[အနောက်ပြည်သားများကို မြန်မာတို့က ကုလားခေါ်သည်]
(2) ပုဂံဝန်ထောက်မင်းဦးတင်-မြန်မာမင်းများ အုပ်ချုပ်ပုံစာတမ်း၊ ရန်ကုန်၊ ၁၉၃၁ခုနှစ်၊ စာမျက်နှာ ၃၃-၃၅ [ကုလားမျိုး ၆၀ ရှိကြောင်းကို.......]
(3) အရေးတော်ပုံငါးစောင်တွဲ-သုဓမ္မ၀တီပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၂၀ခုနှစ်၊ စာမျက်နှာ ၃၅၆ [ကုလားပန်းသေးမြို့သားများ......]
(4) မန်လည်ဆရာတော်-မဟာသုတကာရီ မာဃဒေ၀လင်္ကာသစ်၊ ရန်ကုန်၊ ၁၉၀၄ ခုနှစ် (ပြန်လည်ပုံနှိပ်ခြင်း ၁၉၃၈ခုနှစ်)၊ စာမျက်နှာ ၃၇
[ကုလားပသီ ဘရင်ဂျီက...........]
(5) တော်စိန်ခို- လွှတ်တော်မှတ်တမ်း၊ ရန်ကုန်၊ ၁၉၁၅ခုနှစ်၊ စာမျက်နှာ ၂၉
[သူပုန်ကုလား အင်္ဂလိပ်လူမျိုးတို့ကို...]
(6) ကျည်းကန်ရှင်ကြီး- အမရပူရသို့ပေး မေတ္တာစာ၊ ၁၈ရာစုအတွင်း ရန်ကုန်သို့အလည်အပတ် လာရောက်စဉ် ရေးစပ်ခဲ့သည်။
[အာရမဏီ ဘရင်ဂျီ၊ ကပ္ပလီခလာသီ၊ ဇော်ဂျီကလယ်၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိနှင့်.........]
ထင်ရှားသည့်ပုဂ္ဂိုလ်များ၏ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ။
(1) မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့၊ လုပ်ကြံခြင်း မခံရခင် ၆ရက်အလိုတွင် ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းတွင် မြန်မာနိုင်ငံသားများ၏ လက်ဖွာမှုများ၊ ဖြုန်းတီးမှုများကို ထောက်ပြ သွားပြီး အဆိုပါစရိုက်များကြောင့် လွတ်လပ်ရေးရရှိပြီးနောက် ပြည်ပမှတင်သွင်းကုန် အရေအတွက်ကို လျှော့ချ သင့်သည်ဟု ပြောကြားသည့်နေရာတွင် ကုလားဟူသော အသုံးအနှုန်းအား ဤသို့သုံးစွဲခဲ့သည်။
"ဆီကို ကုလားပြည်က ၀ယ်ရတယ်"
အကယ်၍ ကုလားဟူသော အသုံးအနှုန်းသည် တစ်စုံတစ်ရာအား ထိခိုက်စေသည့် ဆိုးရွားသောအဓိပ္ပါယ် သက်ရောက်မှုမျိုး ရှိနေခဲ့လျှင် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် အဆိုပါစကားလုံးအား သူ၏မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားလိမ့်မည် မဟုတ်ချေ။
(2) ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု
Burma under the Japanese အမည်ဖြင့် J. S. Furnival ဘာသာပြန်ဆိုခဲ့သည့် ၀န်ကြီးချုပ်ဦးနု၏ ငါးနှစ်ရာသီ ဗမာပြည် စာအုပ် စာမျက်နှာ(၁၇)တွင်-
" ကန်ထရိုက်တာကုလားသည် သူ၏အလုပ်ကို ဆက်မလုပ်တော့ဘဲ မန္တလေးမှ ထွက်ပြေးခြင်းဖြစ်လေသည်။"
စာမျက်နှာ ၂၀၅ တွင်-
" အုပ်ချုပ်ရေးစီရင်မှုအဖွဲ့ (preparatory Committee)ကိုဖွဲ့ပြီး၍ တစ်လလောက်ရှိသောအခါ တစ်နေ့သ၌ လက္ခဏာဖတ်တတ်သော ကုလားနာမည်ကြီးတစ်ဦးကို သူ၏ရုံးခန်းအတွင်း၌ ဒေါက်တာဘမော်သည် ခေါ်၍ (သူသည်ချောင်း၍ အသတ်ခံရမည်လောဟူ၍)တိုင်ပင်ဖူး၏။"
(3) ဗမာပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ သတင်းစာဆရာ၊ စာရေးဆရာ ဦးသိန်းဖေမြင့်။
သူ၏ထင်ရှားသော စာအုပ်တစ်အုပ်ဖြစ်သည့် ဘုံဝါဒနှင့်တို့ဗမာ စာအုပ် စာမျက်နှာ(၁၇၀)တွင်-
" ကုလားဆင်းရဲသားများကား ဗမာပြည်၌လာရောက်နေထိုင်ရသော ကျေးဇူးကိုမေ့ဟန်မရှိ။ ဗမာများကို ရန်မမူ၊ တစ်ခါတစ်ခါ ဗမာများနှင့် ဆိုးတူကောင်းဖက် ဆောင်ရွက်ကြလေသည်။ ရေနံချောင်း၊ တညင်စသော ရေနံမြေသပိတ်တို့၌လည်းကောင်း၊ အခြားသပိတ်တို့၌လည်းကောင်း၊ ကုလားအလုပ်သမားနှင့် ဗမာအလုပ်သမားသည် တစ်ပူးတစ်ပေါင်းတည်းရှိသည်မှာ ထင်ရှား၏။ "
အရေးကြီးစာရွက်စာတမ်းများမှ ကုလားဟူသော အသုံးအနှုန်းအား သုံးစွဲပုံဥပမာများ။
(1) ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ ကြေငြာစာတမ်း အမှတ်(၁)၊ အပိုဒ်(၂)၊ အပိုဒ်ခွဲ(ဏ)၊ ၁၉၄၄-ခု၊ သြဂုတ်လ(၇)ရက်။
" ကရင်၊ ရှမ်း၊ ပလောင်၊ တောင်သူ၊ ကချင်၊ ချင်း၊ မွန်၊ တရုတ်ကုလား စသောလူနည်းစုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုဆက်ဆံရေး အခွင့်အရေးများကို အစိုးရက အထူးစောင့်ရှောက်ပေးခြင်း။ "
(2) မြေအောက်ကွန်မြူနစ်ပါတီ၏ ကြေငြာချက်၊ ၁၉၄၅-ခု ဖေဖော်ဝါရီလ(၂၇)ရက်။ အခဏ်း(၆)၊ အပိုဒ်(၄)။
"ကုလားစစ်တပ်ကိစ္စ။ ကုလားစစ်တပ်သည် ဂျပန်စစ်တပ်နှင့်အတူ ဆုတ်ချင်လည်းဆုတ်သွားမည်၊ သို့မဟုတ် ဗမာပြည်တွင် ဖရိုဖရဲဖြစ်ချင်လည်း ဖြစ်သွားလိမ့်မည်၊ ကုလားစစ်တပ် ဖရိုဖရဲဖြစ်ခဲ့လျှင် ဗမာပြည်တွင် အဓိကရုဏ်းများ ဖြစ်နိုင်စရာလမ်းရှိသည်၊ ဖြစ်နိုင်ပါလျှင် ဂျပန်ကို တော်လှန်တိုက်ခိုက်ရေးတွင် ကုလားစစ်တပ်သည် ငါတို့နှင့်အတူ ပူးပေါင်း၍လုပ်သည်အထိ ကြိုးစားကြရမည်။"
“ မှားယွင်းစွာ အဓိပ္ပါယ်ဖွင့်ဆိုခြင်း (သို့) စာရေးဆရာကြီးတက်တိုး (ဦးအုန်းဖေ)၏အသုံးအရ "စောက်ရမ်း ဘာသာပြန်ခြင်း "
(က) အစွန်းရောက်အမျိုးသားရေးဝါဒီများ၏ ဖန်တီးမှု၊
ကိုလိုနီခေတ်အတွင်း အိန္ဒိယတိုက်ငယ်မှ မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွေ့အခြေချနေထိုင်သူဦးရေ အလွန်အမင်းများပြားလာသောကြောင့် အဆိုပါ အစွန်းရောက် အမျိုးသားရေးဝါဒီတို့က ကုလားဟူသောဝေါဟာရအား အဓိပ္ပါယ်ဖွင့်ဆိုမှုသစ်တစ်ရပ် တီထွင်ဖန်တီးခဲ့ကြသည်။ ၎င်းတို့က ကုလားဟူသော ဝေါဟာရသည် "ကူး"(ဖြတ်သန်းခြင်း)ဟူသော မြန်မာဘာသာစကားနှင့် "လာ"(၀င်ရောက်ခြင်း) ဟူသောမြန်မာစကားမှ ဆင်းသက်လာသည်ဟု ပြောဆိုခဲ့ကြသည်။ အပြည့်အစုံ အဓိပ္ပါယ်ဖွင့်ဆိုပါက ပင်လယ်ရပ်ခြားတိုင်းတပါးမှ ဖြတ်သန်းဝင်ရောက်လာသူများ ဟုအဓိပ္ပါယ်ရသည်။
၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်တွင်လည်း အဆိုးသဘော အဓိပ္ပါယ်သက်ရောက်မှု တစ်စုံတစ်ရာ မပါရှိဘဲ အတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်သည်။ ယနေ့အချိန်ထိ အချို့သောရှေးဟောင်း စာပေဗဟုသုတ မကြွယ်ဝသူများက ၎င်းအဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဝိဂြိုဟ်ပြုမူ အမှန်အဖြစ် လွဲမှားစွာထင်မှတ်နေကြလျှက်ရှိသည်။ သို့သော် အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်ကို မြန်မာမှုပညာရှင်အသိုင်းအဝိုင်းက အခြေအမြစ်မရှိ၍ လုံးဝလက်မခံပါ။
အကယ်၍ "ကူးလာ" မှ “ကုလား” ဖြစ်လာသည်ဆိုပါလျှင် အာဖရိကလူမည်းများကိုကပ္ပလီဟု မြန်မာဘာသာဖြင့်ခေါ်ဆိုသည့် အသုံးအနှုန်းအားလည်းအတင်း မြန်မာမှုပြု၍ "ကပ်"(အနားသို့တိုးသည်၊ အနီးတွင်နေသည်) နှင့် "ပလီ"(ချွဲသည်[ဘန်းစကား]၊ ချိုသာစွာဖြားယောင်းသည်)ဟု အဓိပ္ပါယ်ဖွင့်ဆိုလိုက်ပါက "ကပ္ပလီ" ဟူသော အခေါ်အဝေါ်သည် "အနီးတွင်နေ၍ ချွဲသူ" ဖြစ်သွားပါတော့မည်။ အမှန်တွင်မူ ၎င်းဝေါဟာရသည် အာရပ်ဘာသာစကား Kafir (Non Believer of Islam or infidel) "အစ္စလာမ်ဘာသာ မကိုးကွယ်သော မိစ္ဆာအယူဝါဒရှိသူ"မှ ဆင်းသက်လာသောစကား ဖြစ်ပါသည်။
ထို့ကြောင့် ကုလားဟူသော ဝေါဟာရသည် "ကူးလာ"မှ ဆင်းသက်လာကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်သည် မှားယွင်းသော အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်း၊ အတင်း မြန်မာမှုပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရှိနိုင်သည်။
(ခ) မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယနွယ်ဖွားများ ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ် ဖွင့်ဆိုပြီးနာကြည်းကြခြင်း။
ကုလားဟူသော အခေါ်အဝေါ်သည် တစ်ဖက်သားအား ထိခိုက်စော်ကားသည့် အဓိပ္ပါယ်မျိုး မသက်ရောက်သော်လည်း အိန္ဒိယနွယ်ဖွားများမှာ အဆိုပါအခေါ်အဝေါ်အား နှစ်သက်ခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီစသည့် ဘာသာစကားများတွင် အသားအရောင်ရှိသူ (ဝါ) ငမဲ(သို့)အသားမဲဟုအဓိပ္ပါယ်ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေကြောင့်ဖြစ်သည်။ ၎င်းပြင် ကိုလိုနီအရှင်သခင် ဗြိတိသျှတို့က အိန္ဒိယနွယ်ဖွားများကို "Coloured" ဟု နှိမ့်ချခွဲခြားဆက်ဆံခဲ့ ကြခြင်းကြောင့်လည်း နာကြည်းချက်ရှိခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများ၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ)ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူရေရွတ်ပြီး ပြောဆိုလေ့ရှိကြသည်။
သို့သော် ဗမာ၊ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်စသည့် မြန်မာတိုင်းရင်းသား လူမျိုးများအနေဖြင့် ကုလားဟူသော အခေါ်အဝေါ်အား သုံးစွဲသည့်နေရာတွင် အထက်ပါ အဓိပ္ပါယ်မျိုးအား မည်သည့်အခါမှ ရည်ရွယ်ပြောဆိုခြင်း မရှိခဲ့ချေ။ အတိအကျထောက်ပြရမည်ဆိုပါလျှင် အိန္ဒိယမြောက်ပိုင်းနှင့် ပါကစ္စတန်ဒေသမှ ဆင်းသက်လာသော အချို့လူမျိုးများသည် မြန်မာနိုင်ငံတွင်းရှိ မွန်၊ ဗမာ၊ ရခိုင်စသည့် ဌာနေတိုင်းရင်းသား အချို့ထက် အသားပိုဖြူပြီး ချောမောလှပသည်ကို ကြည့်လျှင်သိရှိနိုင်သည်။
အထက်ဖော်ပြပါ အဓိပ္ပါယ်ဖွင့်ဆိုမှုနှင့် စပ်လျဉ်း၍ စာရေးသူ၏အယူအဆမှာ မြန်မာနိုင်ငံတွင်းနေထိုင်ကြသည့် အိန္ဒိယနွယ်ဖွား လူမျိုးများသည် ၎င်းတို့ရောက်ရှိနေထိုင်သည့်နိုင်ငံ၏ ဘာသာစကားကိုသေချာစွာ မလေ့လာသည့်အပြင် ကိုယ်လိုရာဆွဲပြီး "ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်" လုပ်နေချက် သက်သက်သာဖြစ်သည်ဟု သုံးသပ်မိသည်။
မြန်မာနိုင်ငံသားများကို ထိုင်းလူမျိုးများက ၎င်းတို့၏ ဘာသာစကားအရ Phama ဟုခေါ်ကြသည်။ အဆိုပါ စကားလုံး၏ အသံထွက်သည် မြန်မာဝေါဟာရထဲတွင် "ဖာမ" သို့မဟုတ် "ဖားမ" ဟူသော ဝေါဟာရနှင့် အသံထွက်ခြင်းနီးစပ်နေသည်။ ကိုယ်လိုရာဆွဲပြီး အဓိပ္ပါယ်ဖွင့်ဆိုခဲ့မည်ဆိုပါလျှင်လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။ သို့သော် မည်သည့်မြန်မာလူမျိုးကမျှ အဆိုပါအခေါ်အဝေါ်အတွက် စောဒကတက်ခြင်း မရှိခဲ့ချေ။
အချို့သောပညာရှင်များ၏ သာမန်လူများထံမှရသော ကြားဖူးနားဝ ပါးစပ်ရာဇ၀င်များကို အခြေခံ ကိုးကားပြီး လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုမှုဖြင့် (သတိမမူဘဲ) ရေးသားတင်ပြမှုများ။
(1) Desai, W. S, India and Burma, Calcutta, 1954, p. 37-38.
"Burmans call Indians Kalas. This term has been interpreted into two different ways. Ku in Burmese means to cross over; and la is to come. So Kala is the one who has crossed over and come into the country, that is, a foreigner. The other interpretation is that it is the Sanskrit Kula meaning clan or caste. Hence it is thought that the term was applied to Indians since they observe caste. Kalas therefore would mean "the caste people". Most probably the first interpretation is the correct one. Kala simply means a foreigner. Europeans are often called by Burmans Kala phyu, i.e. white foreigners. The term Kala has indeed become in Burma a term of reproach and should be banned. When the Japanese were in occupation of the country from 1942 to 1945, they forbade the use of this term, substituting Indos ."
မြန်မာလူမျိုးများသည် အိန္ဒိယလူမျိုးများကို “ကုလား”ဟုခေါ်ကြသည်။ အဆိုပါအသုံးအနှုန်းအား နည်းလမ်းနှစ်မျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ "Ku" သည် မြန်မာစကားတွင် ဖြတ်သန်းခြင်း၊ "La" သည် ဆိုက်ရောက်သည် ဟုအဓိပ္ပါယ်ရသည်။ ထို့ကြောင့် ကုလားဟူသောစကားသည် တိုင်းပြည်တွင်းသို့ ဖြတ်သန်းဝင်ရောက်လာသူ၊ နိုင်ငံခြားသားဟု အနက်အဓိပ္ပါယ်ရသည်။
အခြားအဓိပ္ပါယ်ဖွင့်ဆိုနည်းတစ်ခုမှာ သက္ကတဘာသာစကားအရ ကုလား၏အဓိပ္ပါယ်သည် လူမျိုးစု(သို့) ဇာတ်ခွဲထားသော၊ သီးသန့်ခွဲခြားထားသော လူတစ်စုဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ထိုအသုံးအနှုန်းသည် မြန်မာလူမျိုးများက အိန္ဒိယလူမျိုးများအား ဇာတ်ခွဲ တတ်သော သီးသန့်လူမျိုးစုအဖြစ် ထင်မှတ်ခဲ့ဟန်တူသည်။
အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုထဲမှ ပထမတစ်ခုမှာ အမှန်ဖြစ်နိုင်သည်။ ကုလားသည် နိုင်ငံခြားသားကို ရည်စူးခေါ်ဆိုသည့် အသုံးအနှုန်းဖြစ်သည်။ ဥရောပတိုက်သားများအားလည်း မြန်မာများက ကုလားဖြူ (အသားဖြူနိုင်ငံခြားသား)ဟု ခေါ်ဝေါ်လေ့ရှိသည်။ ကုလားဟူသော အသုံးအနှုန်းသည် မြန်မာပြည်တွင် တစ်ဖက်သားအား ရှုံ့ချစော်ကားစရာစကားတစ်ခု အမှန်ဖြစ်လာပြီး လုံးဝပိတ်ပင်သင့်သော အသုံးအနှုန်းတစ်ခုဖြစ်သည်။ ထိုတိုင်းပြည်အား ဂျပန်များ သိမ်းပိုက် ခဲ့သည့် ၁၉၄၂-၁၉၄၅ တွင် အဆိုပါအသုံးအနှုန်းကို တားဆီးပိတ်ပင်ခဲ့ပြီး အင်ဒိုဟူသောစကားဖြင့် အစားထိုးခေါ်ဝေါ်စေခဲ့သည်။
အထက်တွင် အင်္ဂလိပ်ဘာသာဖြင့် မူရင်းအတိုင်း တင်ပြထားသော ပါမောက္ခ Desai ၏ စာပိုဒ်၌ စာရေးသူက စာကြောင်းအချို့ကို မျဉ်းသားထားလိုက်ပါသည်။ အကြောင်းမှာ ပါမောက္ခ Desai ၏ တင်ပြချက် တိကျမှန်ကန်မှုမရှိသောကြောင့်ဖြစ်ပါသည်။။ အဆိုပါဝေဖန်ချက်အတွက် အထောက်အထား၊ အကိုးအကားအဖြစ် ဂျပန်ခေတ်(၁၉၄၂-၁၉၄၅) ကာလအတွင်း ထုတ်ဝေခဲ့သော မြန်မာသတင်းစာများမှ ကောက်နုတ်ချက်အချို့ကို ဥပမာအဖြစ် ထုတ်နုတ်တင်ပြလိုပါသည်။
အဆိုပါသတင်းစာကောက်နုတ်ချက်များကို လူထုဦးလှ၏ "သတင်းစာများက ပြောပြတဲ့ စစ်အတွင်း ဗမာပြည်" ဒုတိယတွဲ၊ စာမျက်နှာ ၁၉၊ ၄၆၊ ၉၂၊ ၁၈၆၊ ၂၉၂၊ ၃၀၈ စသည်တို့တွင်လည်း လေ့လာဖတ်ရှုနိုင်သည်။
(က) မြန်မာ့အလင်းသတင်းစာ၊ နိုဝင်ဘာလ(၅)ရက်၊ ၁၉၄၂၊ ကြာသပတေးနေ့။
"နိုဝင်ဘာလ၂ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ကုန်စည်ကြီးကြပ်ရေးကိစ္စနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ် ကျင်းပရာ ရန်ကုန်မြို့ရှိ မြန်မာ၊တရုပ်၊ ကုလား ကုန်သည်ကြီးများ၊ ပွဲစားကြီးများ တက်ရောက်ကြသည်ကို တွေ့မြင်ရကြောင်း။"
(ခ) ဗမာ့ခေတ်သတင်းစာ၊ နိုဝင်ဘာလ(၈)ရက်၊ ၁၉၄၂၊ တနင်္ဂနွေနေ့။
"တရုတ်ကပြား၊ ကုလားကပြားများမှာ ဗမာများနှင့် နေရာတိုင်းမှာလိုလို ၀င်ဆံ့နိုင်စေကာမူ အင်္ဂလိပ်ကပြားတို့မှာ ခွဲခွဲခြားခြားနေတတ်၏။"
(ဂ) ဗမာ့ခေတ်၊ နိုဝင်ဘာလ(၂၉)ရက်၊ တနင်္ဂနွေနေ့။( ၀န်ကြီး သခင်ဗစိန်၏ မိန့်ခွန်း)။
"ဗမာပိုင်၊ ကုလားပိုင် အစရှိတဲ့ သင်္ဘောတွေကို သည်ဌာနက သွားလာနိုင်ဖို့ အမိန့်တွေထုတ်ပေးမယ်။"
(ဃ) မြန်မာ့အလင်း၊ ဇန်န၀ါရီလ ၈ရက်၊ ၁၉၄၃။
"ကုလား ဒုက္ခသည်များ........."
အကယ်၍ ပါမောက္ခ Desai ၏အဆိုမှန်ပြီး ဂျပန်ခေတ်တွင် ကုလားဟူသော အသုံးအနှုန်းအား ပိတ်ပင်ကာ အင်ဒိုဟူသော အသုံးအနှုန်းဖြင့် အစားထိုးခဲ့လျှင် အဆိုပါသတင်းစာများ၌ သတင်းရေး သားဖော်ပြရာတွင် ကုလားဟူသော စကားလုံးနေရာတွင် အင်ဒိုဟုအစားထိုးရုံမှလွဲ၍ တစ်ခြားနည်းလမ်း မရှိချေ။ ထိုသို့မဟုတ်လျှင် အဆိုပါသတင်းစာတိုက်များမှ အယ်ဒီတာများနှင့် သတင်းထောက်များသည် ကင်ပေတိုင်ခေါ် ဂျပန်စစ်ပုလိပ်များ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။
(2) Esche, A., Wörterbuch Burmesisch-Deutsch (Burmese-German Dictionary), Leipzig, German Democratic Republic, 1976, p. 40:
ကုလား
vulg Inder m; Mann m aus dem Westen
Dr. Esche ၏အဆိုအရ ကုလားဟူသော အသုံးအနှုန်းသည် ပါဠိစကားမှဆင်းသက်လာပြီး အနောက်အရပ်မှ လူ(သို့)အိန္ဒိယလူမျိုးဟု အဓိပ္ပါယ်ရကြောင်းနှင့် အဆိုပါအသုံးအနှုန်းသည် ရိုင်းစိုင်းသော စကားဖြစ်ကြောင်း တွေ့ရှိရသည်။
အထက်တွင်ဖော်ပြခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း ဦးနုနှင့် ဦးသိန်းဖေမြင့်တို့၏ ကုလားဟူသောအမည်ကို ထည့်သွင်းသုံးနှုန်းပုံနှင့်စပ်လျဉ်း၍ Dr. Esche ၏ အဘိဓာန်ပါ ကောက်ချက်ဆွဲမှုအရ အဆိုပါအဘိဓာန် ကိုဖတ်ရှုသူများအမြင်၌ ထိုပုဂ္ဂိုလ်ကြီးသုံးဦးသည် လူမျိုးရေးခွဲခြားသူများဟုယူဆမည့်အပြင် အိန္ဒိယလူမျိုး များအပေါ် အဆိုးမြင်စိတ်ဓာတ်ရှိသည့် လူများဖြစ်သွားပေတော့မည်။
တကယ်စင်စစ်တွင်မူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းအားဆက်ခံသူ ၀န်ကြီးချုပ်ဦးနုတို့သည် မဟတ္တမဂန္ဒီ၊ နေရှုး၊ မိုဟာမက်အလီဂျင်းနားကဲ့သို့သော အိန္ဒိယ၊ ပါကစ္စတန် ခေါင်းဆောင်များနှင့် အလွန်ရင်းနှီးသူများဖြစ်ပြီး အဆိုပါ အိန္ဒိယ၊ ပါကစ္စတန်ခေါင်းဆောင်များအပေါ်အထူး လေးစားသူများလည်း ဖြစ်ကြပါသည်။ ထို့အပြင် ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဦးသိန်းဖေမြင့်သည်လည်း အိန္ဒိယကွန်မြူနစ်ပါတီနှင့် အလွန်နီးစပ်သူတစ်ဦးဖြစ်ပြီး ထိုပါတီမှရဲဘော်ရဲဖက်များနှင့် အလွန်ရင်းနှီးကျွမ်းဝင်သောသူဖြစ်သည်။
နိဂုံး။
စာပေအထောက်အထားများအရ "ကုလား" ဟူသောအသုံးအနှုန်းသည် အိန္ဒိယတိုက်ငယ်မှ လူမျိုးများကိုခေါ်ဆိုသည့် စကားလုံးဖြစ်ပြီး ၎င်းတွင် တစ်ဖက်သားအား ထိခိုက်နစ်နာစေသည့် အဓိပ္ပါယ်မပါရှိချေ။ ကိုလိုနီခေတ် ကာလအတွင်း၌ အမျိုးသားရေးအစွန်းရောက်သူတစ်ချို့က "ကူးလာ" မှ ကုလားဖြစ်လာသည်ဟု ထွင်ခဲ့ကြခြင်းကြောင့်လည်းကောင်း၊ ကုလားဟူသောအခေါ်အဝေါ်သည် အိန္ဒိယဘာသာစကားများဖြစ်သော ဟင်ဒီ၊ အူရဒူ၊ ဘင်္ဂလီ စသည်တို့တွင် အသားအရောင်ရှိသူ(ဝါ) ငမဲ (သို့)အသားမဲဟု အဓိပ္ပါယ်ရသော "ကာလာ" ဝေါဟာရနှင့် အသံထွက်ခြင်း နီးစပ်နေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းရှိ အိန္ဒိယနွယ်ဖွားများက ကိုယ့်အဓိပ္ပါယ်နှင့် ကိုယ်ဖွင့်ဆိုပြီး နာကြည်းကြခြင်းကြောင့်လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလီလူမျိုးများသည် နိုင်ငံခြားသားများနှင့်၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်များ၊ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ်လိုရာဆွဲပြီး ကုလားဟူသော အသုံးအနှုန်းသည် ဗမာ၊ ရခိုင်၊ မွန်စသည့် လူမျိုးများက ၎င်းတို့အား အသားမဲများ(ဝါ)ငမဲများဟု နှိမ့်ချခွဲခြားဆက်ဆံသည့် အသုံးအနှုန်းဖြစ်ကြောင်း ညည်းညူ ရေရွတ်ပြီး ပြောဆိုလေ့ရှိကြ ခြင်းကြောင့်လည်းကောင်း၊ အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားခြင်းသည် ပညာအရည်အချင်းနှင့် ပြည့်စုံသည့် မြန်မာစာပေပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ခိုင်မာသော မြန်မာစာပေလက်ရာများကို တိတိကျကျ လေ့လာကိုးကားရန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံခြားသား သုတေသီများ၊ လေ့လာသူများမှတစ်ဆင့် ချဲ့ကားပျံ့နှံ့ သွားခဲ့သည်။
စာရေးသူအနေဖြင့် ဤစာတမ်းသည် အဆင့်အတန်းမြင့်မားသော မြန်မာ့ဂ န္တ၀င်စာပေအများစုကို လေ့လာရန် လက်လှမ်းမမီကြသည့် မြန်မာစာပေလေ့လာသူ နိုင်ငံခြားပညာရှင်များ၊ သုတေသီများ၊ ကျောင်းသူကျောင်းသားများ အတွက် အထောက်အကူဖြစ်စေရန် သီးသန့်ရည်စူး၍ စေတနာအပြည့်ဖြင့် အားထုတ်ပြုစုခဲ့ခြင်းဖြစ်ပါသည်။
နောက်ဆုံးပြောကြားလိုသည်မှာ စာရေးသူအနေဖြင့် ဤစာတမ်းရေးသားပြုစုသည့်အချိန်တွင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပက္ခာတည်းဟူသော ဗြဟ္မစိုရ်တရားလေးပါး နှလုံးသွင်း၍ ရေးသားပြုစုခဲ့ပါသည်။ (၁) မြန်မာ့စာပေ နယ်ပယ်အတွင်း လေ့လာလိုက်စားသူများအားလုံးအား မေတ္တာပို့ပါသည်။ (၂) သတိမမူဘဲ လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူ ရေးသားမိခဲ့သူများကိုလည်း ဂရုဏာသက်မိပါသည်။ (၃) စာပေလေ့လာလိုက်စား ရေးသားပြုစုသူများ၏ ကြိုးစားမှုရလာဒ်အဖြစ် ရရှိလာသော အောင်မြင်မှုများကို မိမိ၏အောင်မြင်မှုကဲ့သို့ နှလုံးသွင်း၍ မုဒိတာပွားခဲ့ပါသည်။ (၄) တိကျမှန်ကန်သော အချက်အလက်များကို လက်သင့်မခံလိုဘဲ မှားယွင်းသော အဓိပ္ပါယ် ဖွင့်ဆိုချက်များကိုသာ စွဲမြဲစွာယုံကြည်နေကြသူများ ရှိနေသေးပါကလည်း ၎င်းတို့အား ဥပက္ခာပြုထားပါမည်။
ဇော်ထွေးမောင်
ဝန်ခံချက်။
1. Khin Maung Saw, (Mis)Interpretations of Burmese Words. In the case of Kala (Kula) ကို အကျဉ်းချုံ့ပြီး ဆီလျော်အောင် ဘာသာပြန်ပါသည်။
2. ကဝိလက္ခဏာ သတ်ပုံကျမ်းနှင့် ကဝိမျက်မှန်သတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းကိုသုံးပါသည်။
  
images000000(၁) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းပေးလိုက်သည့် ကော်မတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ပါဝင်ဖွဲ့စည်းပါက ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရပင် ပြည်ထောင်စု အဆင့် သတ်မှတ်ရမည်ဖြစ်သည်။ သို့ရာတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီနှင့် ကော်မရှင်များဖြစ်လျှင်မူ ယင်းတို့ကို ပြည်ထောင်စုအဆင့် မသတ်မှတ်နိုင်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပါက ယင်းဆုံးဖြတ်ချက်ကို လက်ခံရမည်သာ ဖြစ်သည်။
(၂) လွှတ်တော်သို့ ပြန်ကြားသည့် သမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် သြဂုတ်လ (၂၀) ရက်နေ့ပါစာအရ ရှေ့နေချုပ် ရုံးကတင်သွင်းခဲ့၍ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဆုံးဖြတ်ခဲ့ပြီးဖြစ်သဖြင့် ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင်ဟူသောအချက်သည် သဘာဝကျသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးမှာ အမြင့်ဆုံးတရားရုံးဖြစ်နေသဖြင့် မိမိဆုံးဖြတ်ထားသည်ကို မိမိပြန်ပြင်ရမည်ဆိုလျှင် တရားရုံးဟူ၍ပင် ခေါ်၍မရနိုင်ပါ။ တချိန်တည်းတွင် ခွဲခွဲခြားခြားမစဉ်းစားခဲ လွှတ်တော်ကိုယ်စားလှယ်များ သက်သက်ဖြင့် ဖွဲ့စည်းထားလျှင်ပင် ပြည်ထောင်စု အဆင့်မသတ်နိုင်ဟု တရားရုံးကဆုံးဖြတ်ခဲ့ပါက ယင်းမှာလည်း လွဲချော်နေပြန်ပါသည်။
(၃) ယနေ့ သြဂုတ်လ (၂၁) ရက်နေ့နံက် ဘီဘီစီ အင်တာဗျူးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် ဖြေကြားသွားသည်တို့အနက် အောက်ပါနှစ်ချက်မှာ လက်ခံနိုင်ဘွယ်မရှိပါ။
(က) သမ္မတ ဦးသိန်းစိန် အဆိုပြုသည့် ဖွဲ့စည်းပုံပြင်ရေးကို လက်မခံနိုင်ရခြင်းမှာ လွှတ်တော်ဘက်က အားနည်းချက် ဖြစ်သွားမည်ကို မလိုလား၊ ၄င်းတို့ဘက်က အမှန်ဟု ယူဆသည်။
(ခ) ဦးသိန်းစိန် ခန့်ထားသည့် အစိုးရ၀န်ကြီးအဖွဲ့ဝင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း လွှတ်တော်က ၄င်းတို့အား ပြည်ထောင်စု အဆင့်သတ်မှတ်သည်။ လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်များတွင် ရွေးချယ်တင်မြှောက်ခံထားရသူများ မပါဝင်သော်လည်း အစိုးရက ၄င်းတို့အား ပြည်ထောင်စုအဆင့် သတ်မှတ်လက်ခံရမည် ဖြစ်သည်။ ဦးဘုန်းမြင့်အောင်၏ အထက်ပါ တင်ပြချက် နှစ်ချက်အပေါ် အောက်ပါအတိုင်းသုံးသပ်သည်။
(က) လွှတ်တော်ဘက်က အားနည်းချက် ဖြစ်ခြင်းမဖြစ်ခြင်းမှာ အဓိကမဟုတ်ပါ။ State Institutions ဟုခေါ်သည့် တိုင်းပြည်တည်ဆောက်မှု အဆောက်အအုံတစ်စုံလုံး ပုံမှန်လည်ပတ်ရေး အခြေခံကသာ ကြည့်ရန်လိုပါသည်။ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါ ပါဝင်ဖွဲ့စည်းထားသော ကော်မတီနှင့် ကော်မရှင်များအား ပြည်ထောင်စုအဆင့်အဖြစ် အတင်းအကြပ် သတ်မှတ်ခိုင်းခြင်းမှာ မမှန်ပါ။ သူရဦးရွှေမန်း၏ သား တိုးနိုင်မန်းဆိုသူမှာ လွှတ်တော်ကိုယ်စားလှယ် မဟုတ်ပါဘဲလျှက် လွှတ်တော်ကဖွဲ့ပေးသည့် ကော်မရှင်တစ်ခုထဲတွင် ပါနေသည်ဟူသော စွပ်စွဲချက် ထွက်ပေါ်လျှက်ရှိသည်။ ယင်းကိုဟုတ်မဟုတ် စီစစ်သင့်ပါသည်။
(ခ) Presidential System ဟုခေါ်သည့် သမ္မတစနစ်ကို ကျင့်သုံးသည့် နိုင်ငံများတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများအား အစိုးရအဖွဲ့ဝင်များအနေဖြင့် ခန့်ခွင့်ရှိသည်။ ယင်းကို တကမ္ဘာလုံးတွင် ကျင့်သုံးလျှက်ရှိသည်။ ဤစနစ်ကို မကြိုက်လျှင် ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို ပြောင်းရပါမည်။ ယင်းတွင်အစိုးရ အဖွဲ့ဝင်များအားလုံးသည် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ရပါမည်။ သမ္မတစံနစ်ကို လက်ခံကျင့်သုံးလျှင်မူ လွှတ်တော်အား သမ္မတဦးဆောင်သည့် အစိုးရဖွဲ့စည်းပုံနှင့် တထပ်တည်း စဉ်းစား၍မရပါ။ လွှတ်တော်က ဖွဲ့ပေးလိုက်သည့် ရိုးရိုးက်ာမတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများပါဝင်ခြင်းမှာ ပြသနာမဟုတ်ပါ။ သို့ရာတွင် လွှတ်တော်က ဖွဲ့စည်းပေးလိုက်ပြီး ပြည်ထောင်စုအဆင့် ရှိစေလိုသည့် ကော်မတီနှင့် ကော်မရှင်များတွင် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများအား ပါဝင်စေလျှင်မူ ဖေါင်းပွပြီး တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်သွားပါမည်။ မလိုလားအပ်သော ပြဿနာများ တောက်လျှောက် ပေါ်နိုင်ပါသည်။
(၄) ဤ အကြပ်အတည်းကို ကျော်လွှားရန်မှာ တစ်နည်းသာရှိသည်။ ယင်းမှာ သမ္မတဦးသိန်းစိန် အကြံပေးသည့်အတိုင်း ဖွဲ့စည်းပုံကို ပြင်လိုက်ရန်ဖြစ်သည်။ စင်စစ်အားဖြင့်မူ ဦးသိန်းစိန်အနေဖြင့်လည်း ဖွဲ့စည်းပုံကို ပြင်ခြင်လွန်းလှလို့တော့ ဟုတ်ပုံမရပါ။ အခြားထွက်ပေါက်ရှာ၍ မတွေ့သဖြင့်သာ ဖြစ်ပုံရသည်။ အရင်းခံပြသနာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးတရားသူကြီးများအပေါ် အယုံအကြည်နည်းကြသည့် နောက်ခံဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မတ ဦးသိန်းစိန် စိတ်ကြိုက် ခန့်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်နေသည်။ ၄င်းတို့အား ဦးသိန်းစိန်က စဉ်းစားခဲ့ရာ၌ အဂတိ တရားလေးပါးဖြစ်သော ဆန္ဒာ၊ ဒေါသ၊ ဘယာ၊ မောဟ ကင်းစွာ လွတ်လပ်၊ ဘက်မလိုက်ဘဲ ထက်မြက်ရဲတင်းစွာ ဆုံးဖြတ်လုပ်ကိုင်မည့် ပုဂ္ဂိုလ်များအဖြစ် ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း ၄င်း၏ စာအရ ထင်ရှားနေသည်။ အမျိုးသား ညီလာခံတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူများ ဖြစ်၍ ရွေးချယ်ခဲ့ခြင်းဟူသည်မှာ နိုင်ငံရေးအရ စဉ်းစားခြင်း ဖြစ်သည်။ ခိုင်းတာလုပ်မည့် ပုဂ္ဂိုလ်များအဖြစ် ယုံကြည်၍ ခန့်ခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်။ ဤသည်ကို လုံးဝလက်မခံသင့်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြခြင်းမှာ ဤအခြေခံကြောင့် ဖြစ်သည်။ ဤအခြေခံကို အမြန်ဆုံးပြန်ပြင်ပြီးမှသာ အမြင့်ဆုံးတရားရုံးများ၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့် အစဉ်အလာကောင်းအား မြန်မာနိုင်ငံတွင် စတင်ထူထောင်နိုင်ပါမည်။
(၅) ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ပြင်ဆင်ရန်မှာ ယခုအချိန်ကောင်းဖြစ်သည်။ အခန်း (၆) တရားစီရင်ရေးနှင့် စပ်လျှဉ်းသော ကဏ္ဍတစ်စုံလုံးကို ပြင်လိုက်ရန်ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ တရားရုံးကို သီးခြားခွဲထုတ်ထားသည့်အပြင် တရားသူကြီးများအား သမ္မတလုပ်သူက စိတ်ကြိုက် ခန့်ခွင့် ဖြုတ်ခွင့်ရှိသော ပြဌာန်းချက် ပါရှိနေသမျှ ကာလပတ်လုံး မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေး မရှိနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံးများအား သီးခြားခွဲထုတ်ထားသည့် ပြဌာန်းချက်ကို ဖျက်သိမ်းလိုက်ရန်လိုပါမည်။ တည်ဆဲ ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေကို အသက်သွင်းရန်လိုပါမည်။ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တရားစီရင်ရေး ယန္တယားကြီးပေါ်ပေါက်လာအောင် တရားသူကြီးချုပ်များ အားမည်သို့ခန့်သင့် ဖြုတ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံသည့် လှုပ်ရှားမှုကြီး စတင်သင့်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်လျှဉ်းသော ကိစ္စများကို စစ်အစိုးရကဖွဲ့စည်းပေးထားသော လွှတ်တော်ကွက်ကွက် ကလေးအတွင်းမှာသာ စဉ်းစားခြင်းမျိုးမဖြစ်သင့်တော့ပါ။ လူထုများပါ ပါဝင်ပတ်သက်ခွင့်ရအောင်၊ လူထု၏ သဘော ဆန္ဒများကျယ် ကျယ်ပြန့်ပြန့် ထုတ်ဖေါ်ခွင့်ရအောင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၊ လူထုအသင်းအဖွဲ့များ၊ သတင်းဌာနများက ကမကထ ပြုကြမည်ဆိုလျှင် စစ်မှန်သော ဥပဒေစိုးမိုးရေး အတွက် အထောက်အကူဖြစ်ပါမည်။
(၆) ဖွဲ့စည်းပုံကို ပြင်ပြီးနောက် တရားသူကြီးများအား အစမှအဆုံး အသစ်ပြန်ခန့်နိုင်သည်။ ပြည်ထောင်စု အဆင့်သတ်မှတ်ရေး ကိစ္စအားလည်း အတိအကျ ထည့်သွင်းပြဌာန်းနိုင်သည်။ သို့မဟုတ်ပါက ဒေါ်အောင်စုကြည်ဦးဆောင်သော ကော်မတီသည်ပင် ပြည်ထောင်စု အဆင့်မရှိတော့ပြီမှာ သေချာသည်။ ပြည်ထောင်စု အဆင့်မရှိလျှင် တိုင်းနှင့်ပြည်နယ်အဆင့်သာ ရှိပါမည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်သို့ပင် နှိမ့်ချစွာ ခေါင်းငုံ့ဝင်ရောက်ပါလျှက် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ လူထုခေါင်းဆောင်မျိုးကို တိုင်းနှင့်ပြည်နယ် အဆင့်လောက်မှာသာ အလုပ်ပေး ထားခြင်းမျိုးမဖြစ်သင့်ပါ။ စစ်အာဏာရှင်များ၏ ဖွဲ့စည်းပုံဆိုင်ရာ လှည့်ကွက်များကိုဖေါ်ထုတ် ဆန့်ကျင်လှုပ်ရှား သင့်ကြပါသည်။


PDF Print E-mail
SO call RohinGya"ရိုဟင်ဂျာလူမျိုးရှိတယ်ဆိုတာကို သမိုင်းအထောက်အထားအရ မိမိတို့ပြောဆိုတာဖြစ်တယ်"ဟု အောက်တိုဘာလ(၂၅)ရက်နေ့ ရန်ကုန်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အမျိုးသား ဖွံ့ဖြိုးရေးနှင့်တိုးတက်ရေးပါတီ၏ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံဖြစ်သူ ဦးသာအေးက ပြောဆိုကြောင်း "လွတ်လပ်တဲ့အာရှအသံ(RFA)"သတင်းမှာ ရေးသားဖော်ပြထားသည်ကို ဖတ်ရှုခဲ့ရပါသည်။ ဦးသာအေးက ထိုသို့ ရိုဟင်ဂျာလူမျိုးရှိကြောင်း ပြောဆိုလိုက်သည်မှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အား တိုက်ရိုက်စိန်ခေါ်လိုက်သလို၊ ဗြောင်စော်ကားလိုက်ခြင်းလည်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သမ္မတကြီး ဦးသိန်းစိန်က "မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိပါ"ဟု လူသိရှင်ကြား အတိအလင်း ထုတ်ဖော် ပြောဆိုထားသောကြောင့်ပင်ဖြစ်ပါသည်။
စစ်တကောင်း ဒေသိယဘင်္ဂလီစကားဖြင့် အာရာဘင်္ဂလီ(မြန်မာစကားဖြင့်ဆိုပါက တို့ဘင်္ဂလီ)ဟု တစ်သက်ပတ်လုံး မိမိတို့ကိုယ်ကိုမိမိတို့ သုံးနှုန်းပြောဆိုလာခဲ့သည့် ဦးသာအေးလိုလူတစ်ယောက်က ပြည်တွင်းပြည်ပမီဒီယာများရှေ့တွင် အာရာရိုဟင်ဂျာ(တို့ရိုဟင်ဂျာ)ဟု အရှက်မရှိပြောဆိုသည်မှာ ယခုအခါ အဆန်းတစ်ခုမဟုတ်တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် 'ရိုဟင်ဂျာနာမည်ဖြင့် မြန်မာ နိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုးအဖြစ် အသိအမှတ်ပြုခံရရေး'အတွက် အစွန်းရောက်ဘင်္ဂလီများက နေ့စဉ်နှင့်အမျှ ယခုလို ၀ါဒဖြန့်ပြောဆိုနေကြသောကြောင့်ပင်ဖြစ်ပါသည်။ အမှန်ပြောရလျှင် လံကြုတ် ဇာတ်လမ်းများမှအပ ဦးသာအေးတို့တွင် မည်သည့်သမိုင်းအထောက်အထားမျှ အခိုင်အမာမရှိချေ။
ရခိုင့်နန်းတော်တွင် အမှုထမ်းခဲ့ကြသော ဘင်္ဂလီစာဆိုသူများ၏ ကဗျာများတွင် "ရခိုင်ပြည်"ကို (ရိုချန်ဂ် ဒေ့ခ်ျ (Roshang Desh)ဟု ခေါ်ဝေါ်ရေးသားထားသည်ကို တွေ့ရှိရပါသည်။ ရိုချန်ဂ်(Roshang)မှာ ရခိုင်လူမျိုးကို ခေါ်ဆိုခြင်းဖြစ်ပြီး ဒေ့ခ်ျ(Desh)မှာ တိုင်းပြည်ဟု အဓိပ္ပါယ်ရပါသည်။ အခြားသော ဘင်္ဂလီ စာပေအထောက်အထားများကို ကိုးကားပြီးပြောရပါမူ ရခိုင်တို့အား ဘင်္ဂလီလူမျိုးများက ရခန်ဂ် သို့မဟုတ် ရာခန်ဂ်(Rakhang)၊ ရိုကမ်(Rokan)၊ ရိုချန်ဂ်(Roshang)စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ သို့သော် စစ်တကောင်းနယ်သားများကမူကား ရခိုင် လူမျိုးများအား ရိုဝန်ဂ်> ရိုဟန်ဂ်>ရိုချန်ဂ် (Rowan> Rohang> Roshang)ဟု ခေါ်ဆိုခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။ သို့ဖြစ်ရာ "ရိုဟန်ဂ်"မှ အသံပြောင်းလာသည့် "ရိုဟင်"မှာ "ရခိုင်"ကို ခေါ်ဆိုခြင်းဖြစ်ပြီး "ရိုဟင်ဂျာ"ဆိုသည်မှာ "ရခိုင်ပြည်သား"ဟု အဓိပ္ပါယ်ရသော စကားလုံးသာ ဖြစ်ပါသည်။ လူမျိုးတစ်မျိုးကို ခေါ်ဝေါ်သော အမည်နာမတစ်ခုမဟုတ်ချေ။ ဤအချက်ကို ထောက်ရှု ခြင်းအားဖြင့် "မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိပါ"ဟု သမ္မတကြီး ဦးသိန်းစိန်၏ ပြောဆိုခဲ့ချက်အပေါ် ဘာမှအငြင်းပွားစရာမရှိချေ။
ရခိုင်ပြည်ရောက် ဘင်္ဂလီများကား ပထမတွင် အာရပ်သင်္ဘောပျက်ပုံပြင်ဖြင့် ရိုဟင်ဂျာလူမျိုးကို ဖန်တီးခဲ့ကြပါသည်။ ရခိုင်ကမ်းခြေတွင် သင်္ဘောပျက်၍ နေရပ်မပြန်နိုင်ဖြစ်ခဲ့ကြရသော အာရပ်များနှင့် ဒေသခံအမျိုးသမီးများညားကာ ရိုဟင်ဂျာလူမျိုးဖြစ်လာသည်ဟု ဆိုခဲ့ကြ၏။ စိတ်မမှန်ဘဲ ရူးသွပ်နေသူ များမှအပ စဉ်းစားတတ်သူတိုင်း စဉ်းစားကြည့်၍ ရနိုင်ပါသည်။ လူမျိုးသစ်တစ်မျိုးဖြစ်လောက်အောင် အာရပ်သင်္ဘောဘယ်နှစ်စင်းမျှ ရခိုင်ကမ်းခြေ၌ ပျက်ခဲ့ပါမည်နည်း။ နဖူးစာပါ၍ အာရပ်များနှင့်ညား သော ရခိုင်အမျိုးသမီးများကော ဘယ်နှစ်ယောက်ရှိနိုင်ပါမည်နည်း။ အကယ်၍ အာရပ်များနှင့်ရခိုင် အမျိုးသမီးများညားကာ လူမျိုးသစ်တစ်မျိုးဖြစ်လာသည်ဆိုကြပါအုန်း။ ထိုသူတို့ ပြောဆိုသောဘာသာ စကားမှာ ရခိုင်စကား သို့မဟုတ် အာရပ်စကား သို့မဟုတ် ရခိုင်နှင့်အာရပ်နှစ်ဘာသာရောနေသော စကားသာဖြစ်ရပါမည်။ စစ်တကောင်းဒေသသုံး ဘင်္ဂလီစကားတော့ လုံးဝဖြစ်နိုင်စရာမရှိပါ။ ရခိုင်ပြည် ရောက် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတို့၏စကားမှာ စစ်တကောင်းနယ်သား ဘင်္ဂလီစကားသာဖြစ်ရာ အာရပ်သင်္ဘောပျက်ပုံပြင်မှာ ယုတ္တိမရှိကြောင်း ထင်ရှားနေပါသည်။
နောက်တစ်ခုမှာ စစ်တကောင်းနယ်မှဝင်လာသူ ဘင်္ဂလီမူဆလင်များနှင့် ဒေသခံအမျိုးသမီးများညား ကာ ရိုဟင်ဂျာလူမျိုးဖြစ်လာသည့် ဇာတ်လမ်းပင်ဖြစ်ပါသည်။ ရခိုင်တို့မှာ ဘင်္ဂလီလူမျိုးများနှင့် အနီး ကပ်ဆုံးနေထိုင်ကြသော်လည်း ရခိုင်အမျိုးသမီးများမှာ ဘင်္ဂလီအမျိုးသားများနှင့် အိမ်ထောင်ပြုမှုမရှိ သလောက်ပင်ဖြစ်ပါသည်။ ရခိုင်ပြည်တွင်နေထိုင်ဖူးသူ မြန်မာနိုင်ငံသားတိုင်း ဤအချက်ကို ကောင်းစွာ သိကြပါသည်။ သို့ဖြစ်ရာ ဤဇာတ်လမ်းမှာလည်း စိတ်ကူးယဉ် သက်သက်မျှသာဖြစ်ကြောင်း ထင်ရှား နေပါသည်။
အကြံပက်စက်လှသော ဘင်္ဂလီတို့၏ အပိုင်ဖန်တီးလိုက်သော နောက်ဆုံးပေါ်သမိုင်းလိမ်တစ်ခုမှာ မူဆ လင်များသည် အေဒီရှစ်ရာစုကပင် ရခိုင်ပြည်၌ အခြေချနေထိုင်လာခဲ့ကြောင်းနှင့် ရခိုင်ပြည်သည် ရိုဟင်ဂျာတို့၏ ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့သည့် တိုင်းပြည်ဖြစ်ကြောင်း ပြောဆိုဝါဒဖြန့်ကြခြင်းပင် ဖြစ်ပါသည်။ ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှ H M Saifur Rahman ဆိုသူကမူ ခရစ်သက္ကရာဇ် (၆၈၀)တွင် Mohammad Ibone Al Hanafi ဆိုသူသည် ပထမဆုံး မူဆလင်တစ်ယောက်အနေဖြင့် အီစ္စလာမ် ဘာသာဖြန့်ချီရန် ရခိုင်ပြည်သို့ ရောက်ရှိခဲ့ကြောင်း၊ သူနှင့်သူ့ဇနီး၏ အထိမ်းအမှတ်အဆောက်အအုံမှာ ယခုတိုင် မောင်တောကမ်းခြေတွင် ရှိနေသေးကြောင်း၊ အေဒီ(၉)ရာစုကပင် ရခိုင်ပြည်၌ မူဆလင် အမြောက်အများ စတင်အခြေချနေထိုင်ခဲ့ကြောင်း သူ၏ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့ပါသည်။ သို့သော် ပြည်တွင်းပြည်ပမှ ဘင်္ဂလီများအဖို့ ၄င်းတို့၏ရေးသားပြောဆိုချက်များအား အခြားသူများက လက်ခံနိုင်လောက်သည့် မည်သည့်အထောက်အထားကိုမှ တင်ပြနိုင်ခြင်းမရှိကြချေ။ တစ်ချို့ဘင်္ဂလီ များကမူ ရခိုင်လူမျိုးများသည်ပင် အေဒီတစ်ဆယ့်နှစ်ရာစုတွင်မှ ရခိုင်ပြည်သို့ ၀င်ရောက်လာခဲ့ ကြသူများဖြစ်သည်ဟု ဆိုလိုက်ကြပါသေးသည်။ ထိုကဲ့သို့ ဘင်္ဂလီများက လိုသလိုဆွဲယူ ရေးသားဝါဒဖြန့်ကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ သူတို့သည် ရခိုင်ပြည်၌ ရခိုင်လူမျိုးများထက်ပင် စောစီးစွာ ရောက်ရှိနေထိုင်လာခဲ့ကြသူများဖြစ်၍ မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြောင်း သက်သေထူနိုင်ရန်ပင်ဖြစ်ပါသည်။
အေဒီရှစ်ရာစုကရေးထိုးခဲ့သော အာနန္ဒစန္ဒြားကျောက်စာအရ အာနန္ဒစန္ဒြားမင်းကြီးသည် ဗုဒ္ဓဘာသာ ၀င်ပင်ဖြစ်သော်လည်း ဗြဟ္မဏပုဏ္ဏားတို့အား မြေလှူခဲ့ကြောင်းဖော်ပြပါရှိရာ ရခိုင်ပြည်တွင် ထိုစဉ်က တည်းက ဟိန္ဒူများရှိနေခဲ့သည်ဟု ပြောနိုင်ပါသည်။ သို့သော် မူဆလင်များနှင့် ပတ်သက်၍မူ တစ်ခွန်း တစ်ပါဒမျှ ဖော်ပြထားခြင်းမရှိချေ။ ဝေသာလီခေတ်တွင် ရေးထိုးခဲ့သောအခြားကျောက်စာများနှင့် တွေ့ရှိရသမျှသော သမိုင်းအထာက်အထားများအရလည်း ထိုစဉ်က ရခိုင်ပြည်တွင် မူဆလင်များ ရောက်ရှိ နေထိုင်မှုနှင့်ပတ်သက်ပြီး ဘာမှမတွေ့ရှိရချေ။ သို့ဖြစ်ရာ အေဒီရှစ်ရာစကပင် ရခိုင်ပြည်၌ မူဆလင်များ အခြေချနေထိုင်ခဲ့သည်ဆိုသောအချက်မှာ စိတ်ကူးယဉ်ပြောဆိုခြင်းမျှသာဖြစ်ပါသည်။
ရခိုင်ပြည်၌ တွေ့ရှိရသမျှသော ရှေးဟောင်းကျောက်စာများနှင့် ရာဇ၀င်သမိုင်းအစောင်စောင်တို့တွင် ရိုဟင်ဂျာလူမျိုးနှင့်စပ်လျဉ်း၍ တစ်စွန်းတစ်စမျှ ဖော်ပြပါရှိခြင်းမရှိချေ။ ရခိုင်ရာဇ၀င်များတွင်သာမက အိမ်နီးနားချင်းဒေသများမှ ခေတ်ပြိုင်သမိုင်းများတွင်လည်း ရိုဟင်ဂျာလူမျိုးဟူသော အခေါ်အဝေါ်နှင့် ပတ်သက်ပြီး မတွေ့ရှိရချေ။ ရခိုင်ပြည်ကို မြန်မာတို့တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြန်မာစစ်သားများက မျိုးပြုန်းအောင်သတ်ဖြတ်မှုကြောင့် ရခိုင်လူမျိုးများသိန်းချီကာ အရှေ့အိန္ဒိယကုမ္ပဏီပိုင် ဘင်္ဂလားနယ် ထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရပေသည်။ ၄င်းတို့နှင့်ပတ်သက်၍ အင်္ဂလိပ်တို့ မှတ်တမ်းတင်ရေး သားခဲ့ရာတွင်လည်း ရိုဟင်ဂျာလူမျိုးအကြောင်း တစ်ခွန်းတစ်ပါဒမှ မပါရှိချေ။ ၄င်းပြင် ရခိုင်ပြည် အင်္ဂလိပ်လက်အောက် ကျရောက်ပြီးနောက် ရေးသားခဲ့ကြသော မှတ်တမ်းများတွင်လည်း ရိုဟင်ဂျာ လူမျိုးဟူ၍ ဖော်ပြထားချက်မရှိချေ။ ဤကဲ့သို့ ရိုဟင်ဂျာလူမျိုးဆိုပြီး မည်သည့်မှတ်တမ်းများတွင်မှ မပါရှိခြင်းမှာ ရိုဟင်ဂျာအမည်ခံလူမျိုးတစ်မျိုး ရခိုင်ပြည်၌ မရှိခဲ့၍ပင်ဖြစ်ပါသည်။ သို့ဖြစ်ရာ ရိုဟင်ဂျာ လူမျိုးများသည် ရခိုင်ပြည်၌ ရှေးပဝေသဏီကပင် ဘိုးဘွားစဉ်ဆက် အခြေချနေထိုင်ခဲ့ကြသည် ဆိုသောအချက်မှာ သမိုင်းလိမ် သက်သက်မျှသာဖြစ်ကြောင်း ထင်ရှားနေပါသည်။ နောက်တစ်ချက်မှာ မူဆလင်များအနေဖြင့် အေဒီ(၁၂)ရာစုရောက်မှ ဘင်္ဂလားနယ်ထဲသို့ အလုံးအရင်းနှင့် ၀င်ရောက် နိုင်ခဲ့ကြောင်း သမိုင်းပညာရှင်များက လက်ခံထားကြရာ ဘင်္ဂလီမူဆလင်များအနေဖြင့် ထိုအချိန်ထက် စော၍ ရခိုင်ပြည်ထဲသို့ မည်သည့်နည်းနှင့်မျှ လူဦးရေအမြောက်အများ ရောက်ရှိနေထိုင်စရာ အကြောင်းမရှိလှချေ။
ရိုဟင်ဂျာအမည်ခံဘင်္ဂလီများကား လွတ်လပ်စွာရေးသားပြောဆိုခွင့်ကို အလွဲသုံးစားပြုကာ သမိုင်းလိမ် များကို တစ်ခုပြီးတစ်ခုဖန်တီးလျှက် ၀ါဒဖြန့်နေကြသည်မှာ အလွန်အော့နှလုံးနာစရာကောင်းလှပါ သည်။ အထူးသဖြင့် ရခိုင်ပြည်သည် မူဆလင်တိုင်းပြည်တစ်ခုဖြစ်ခဲ့ကြောင်းနှင့် ၁၇၈၄ ခုနှစ် မြန်မာ ဘုရင် ဘိုးတော်မောင်ဝိုင်း သိမ်းပိုက်သည်ထိ ရခိုင်ပြည်ကို မူဆလင်ဘုရင်များအုပ်ချုပ်ခဲ့ကြောင်း အရှက်မရှိရေး သားပြောဆိုခြင်းများမှာ လွန်စွာခံပြင်းစရာကောင်းလှပါသည်။ ဤအချက်မှာ ရခိုင်လူမျိုး များအား တိုက်ရိုက်စော်ကားနေကြခြင်းဖြစ်သလို စကောလောက်မှ စောက်မနက်သောအကြံဖြင့် ရခိုင်ပြည်အား သူတို့၏ တိုင်းပြည်အဖြစ် ဗြောင်အရှင်ခံကြခြင်းလည်းဖြစ်ပါသည်။
ထို့ပြင် ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေဖြင့် သူတို့ရိုဟင်ဂျာလူမျိုးများ၏ နိုင်ငံသားအခွင့်အရေးကို ပိတ်ပင် ခဲ့သည်ဟု ပြောဆိုဝါဒဖြန့်ကြသည်မှာလည်း ယခုအခါ မကြားချင်အဆုံး၊ မဖတ်ချင်အဆုံးပင်ဖြစ်ပါ သည်။ ဘင်္ဂလီများဝါဒဖြန့်သလို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကြောင့် ၄င်းတို့၏ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးခဲ့ရသည်ဆိုပါက ဘင်္ဂလီများအနေဖြင့် ၁၉၉၁ ခုနှစ်နှင့် ၂၀၁၀ ရွေးကောက်ပွဲများတွင် လွှတ်တော်အသီးသီး၌ ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရစရာ အကြောင်းမရှိချေ။ ဘင်္ဂလီတို့သည် ရခိုင်ပြည်ထဲသို့ အချိန်ကာလအမျိုးမျိုးတွင် အကွဲကွဲအပြားပြား ၀င်ရောက် လာသူများဖြစ်ကြ၍ မြန်မာနိုင်ငံတွင်း အခွင့်အရေးရရှိမှုအပိုင်းတွင် တစ်ဦးနှင့်တစ်ဦး တူညီနိုင် လိမ့်မည်မဟုတ်ပေ။ ဤအချက်ကို လျစ်လျှူရှုကာ ဘင်္ဂလီများက သူတို့အား လူမျိုးလိုက် အခွင့်အရေး ပေးရန် တောင်းဆိုနေကြခြင်းမှာ ရသင့်ရထိုက်သောအခွင့်အရေးကို တောင်းဆိုကြခြင်းမဟုတ်သဖြင့် လိုက်လျောရန် အကြောင်းမရှိလှချေ။
၁၉၄၂ ခုနှစ် တိုင်းပြည်အုပ်ချုပ်ရေးပျက်ပြားနေစဉ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်နှစ်ခုတွင် ဘင်္ဂလီများလက်ချက်ဖြင့် ရခိုင်လူမျိုးများ အစုအပြုံလိုက်သေဆုံးခဲ့ရသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။ မသေမပျောက်ကျန်ရစ်ခဲ့သူများမှာလည်း ဘိုးဘွားစဉ်ဆက်နေထိုင်လာခဲ့ရာ နယ်မြေများ ကို စွန့်ခွာထွက်ပြေးခဲ့ကြရပါသည်။ ဤဒဏ်ရာဒဏ်ချက်များကား ရခိုင်သားတို့၏ ရင်ထဲမှ ပျောက်ပျက် သွားသေးသည်မဟုတ်။ သို့သော် ရခိုင်လူမျိုးများကား သည်းညည်းခံကာ ဘင်္ဂလီများနှင့် အတူ ယှဉ်တွဲနေ ထိုင်လာခဲ့ကြပေသည်။
ဘင်္ဂလီများကား ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် "ရခိုင်လူမျိုးများ ကင်းရှင်းရေး ပေါ်လစီ" အား နည်းမျိုးစုံဖြင့် အကောင်အထည်ဖော်ခဲ့ကြသည်ကို အတိတ်ဖြစ်ရပ်အချို့က သက်သေ ပြနေပါသည်။ ၄င်းတို့သည် မပြီးမြောက်သေးသော သူတို့၏ပေါ်လစီအား လွန်ခဲ့သည့်ဇွန်လက တဖန် ထပ်မံ၍ အကောင်အထည်ဖော်ခဲ့ ကြပြန်ပါသည်။ ရမ်းဗြဲနှင့်တောင်ကုတ်မြို့နယ်များတွင် ပြသနာဖြစ်ခဲ့ မှုများကို အခွင့်ကောင်းယူလျှက် မောင်တောမြို့နယ်မှ ရခိုင်ရွာပေါင်းဆယ့်ငါးခြောက်ရွာကို မီးရှို့ ဖျက်စီးကာ ရွာသားအချို့အားလည်း ရက်ရက်စက်စက်သတ်ဖြတ်ပစ်ခဲ့ကြပါသည်။ ဤသို့ဖြင့် ရခိုင် လူမျိုးများ ရပ်ရွာစွန့်ကာ အသစ်တဖန် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ အဆိုပါမီးရှို့မှုဂယက်မှာ စစ်တွေသို့ကူးသွားကာ ရခိုင်နှင့်ဘင်္ဂလီများအကြား အပြန်အလှန်မီးရှို့ဖျက်ဆီးသတ်ဖြတ်မှုများ ဖြစ်ခဲ့ရပေသည်။
ဘင်္ဂလီများကား သူတို့ကို နိုင်ငံတကာမှ အာရုံစိုက်လာစေရန်နှင့် သူတို့ပြဿနာကို နိုင်ငံတကာ ပြဿနာဖြစ်လာအောင် အမြဲကြံစဉ်နေခဲ့ကြပါသည်။ စစ်တွေတွင် ပြသနာဖြစ်လိုက်သည်နှင့် ရခိုင် လူမျိုးများက သူတို့အား သတ်ဖြတ်နေကြကြောင်းနှင့် သူတို့အိမ်များကိုလည်း မီးတင်ရှို့ လိုက်ကြကြောင်း နိုင်ငံတကာအသိုင်းအ၀ိုင်းကြားတွင် ငိုပြခဲ့ကြပေသည်။ ရခိုင်လူမျိုးများအား သတ်ဖြတ်ခြင်း၊ ရခိုင်အိမ်များအား မီးတင်ရှို့ခြင်း စသည့်ပြစ်မှုများကို ကျူးလွန်ခဲ့ကြသော ဘင်္ဂလီအမြောက်အများမှာမူ အဖမ်းအဆီးခံရမည်ကိုကြောက်ရွံ့ကာ မိမိတို့အိမ်ကို မိမိတို့ကိုယ်တိုင် မီးရှို့ပစ်ခဲ့ကြပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ကြပါသည်။ သို့သော် လူသတ်မှုနှင့် မီးတင်ရှို့မှုများကို ရခိုင်လူမျိုးများကသာ ကျူးလွန်ခဲ့ကြကြောင်း မီဒီယာများရှေ့တွင် စွပ်စွဲပြောဆို ခဲ့ကြပါသည်။ အပြန်အလှန်သတ်ဖြတ်မှု၊ အပြန်အလှန် မီးတင်ရှို့မှုဖြစ်ခဲ့ပါလျှက် ၄င်းတို့၏ တစ်ဖက် သတ်ဝါဒဖြန့်ပြောဆိုမှုများမှာ သူတို့အပေါ် ရခိုင်လူမျိုးများက နာကျဉ်းသထက် နာကျဉ်းလာအောင် တွန်းပို့ပေးခဲ့ပါသည်။ ရခိုင်ပြည်ကို မူဆလင်တိုင်းပြည်အဖြစ်သော်လည်းကောင်း၊ ရခိုင်ဘုရင်များကို မူဆလင်ဘုရင်များအဖြစ်သော်လည်းကောင်း၊ ရခိုင်လူမျိုးများအား သူတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်သူများအဖြစ်သော်လည်းကောင်း ၀ါဒဖြန့်ပြောဆိုရေးသားမှုများကြောင့် နဂိုကတည်းက မကျေမနပ်ဖြစ်နေခဲ့ကြသော ရခိုင်လူထုမှာ ယခုအခါ သူတို့အပေါ် ယုံကြည်မှုလုံးဝကင်းမဲ့ခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့်ပင် ရခိုင်လူမျိုးများအနေဖြင့် ၄င်းတို့နှင့် ဆက်လက် အတူယှဉ်တွဲနေထိုင်ရန် လုံးဝမဖြစ်နိုင်တော့ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းပင်ဖြစ်ပါသည်။
ဇွန်လအတွင်းက လူမျိုးရေးအဓိကရုဏ်းဖြစ်ပြီး အနည်းငယ်တည်ငြိမ်အေးချမ်းလာခဲ့သည်နှင့် ရခိုင်လူ မျိုးများမှာ ယခင်ကကဲ့သို့ပင် တစ်ဦးတစ်ယောက်တည်း ခရီးသွားလာမှုပြုခဲ့ကြသလို လယ်ယာ ကိုင်းကျွန်းဥယျာဉ်ခြံမြေများတွင်လည်း တစ်ဦးတစ်ယောက်တည်း ညအိပ်ညနေလုပ်ကိုင်နေခဲ့ကြ ပါသည်။ ယုတ်မာ ကောက်ကျစ်လှသည့် ဘင်္ဂလီများကမူ ထိုရခိုင်သားများအပေါ် ရန်စရှာသူကရှာ၊ အခွင့်အရေးရပါက လည်လှီးသတ်ဖြတ်သူကသတ်နှင့် ပြဿနာပြန်၍မဖြစ်ဖြစ်အောင် အစရှာနေခဲ့ကြ ပါသည်။ သည်းညည်း မခံနိုင်သည့်အဆုံး ရခိုင်လူမျိုးများက လက်တုန့်ပြန်ခဲ့ရာ အောက်တိုဘာလတွင် ဒုတိယအကြိမ် ရခိုင်-ဘင်္ဂလီ အဓိကရုဏ်းဖြစ်လာခဲ့ရပေသည်။ ပြဿနာဖြစ်စဉ်ကာလအတွင်း ဂျင်ကလိဒဏ်ရာ၊ လှံဒဏ်ရာများဖြင့် သေဆုံးသူ၊ ဒဏ်ရာရသူ ရခိုင်လူမျိုးအမြောက်အများရှိသည်ကို ထောက်ရှုခြင်းအားဖြင့် ဘင်္ဂလီများသည် အဆိုပါလက်နက်များကို တင်ကြိုအစီအစဉ်ဖြင့် ပြုလုပ် စုဆောင်းထားခဲ့ကြကြောင်း ထင်ရှားနေပါသည်။
ရပ်ရွာမီးရှို့ဖျက်ဆီးမှုခံခဲ့ကြရသော ရခိုင်လူမျိုးများမှာ နီးစပ်ရာဆွေမျိုးများနှင့် ဘုန်းတော်ကြီးကျောင်း များတွင် ခိုလှုံခဲ့ကြသော်လည်း ဘင်္ဂလီများကား သူတို့လူမျိုးအများအပြားရှိနေရာ စစ်တွေ၊ မောင်တော နှင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံများသို့ ထွက်ပြေးခဲ့ကြပေသည်။ ယခုလက်ရှိအခြေအနေတွင် ရခိုင်ပြည်နယ် အာဏာပိုင်တို့အနေဖြင့် နဂိုကတည်းက ဘင်္ဂလီလူဦးရေများနှင့်နေပြီးဖြစ်သော စစ်တွေနှင့်မောင်တော နယ်များတွင် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူများအား နေရာချထားပေးမှု လုံးဝမပြုလုပ်သင့်ပေ။ အကယ်၍ ဘင်္ဂလီများအား ထိုဒေသများတွင် နေရာချထားလိုက်ပါက သူတို့အား ပိုမိုအားဖြည့်ပေး လိုက်သလို ဖြစ်သွားပါလိမ့်မည်။ စစ်တွေမြို့မှ သဲချောင်း၊ ကြက်ကိုင်းလိုနေရာများတွင် ဘင်္ဂလီ လူဦးရေ ပိုမိုတိုးပွားလာပါက စစ်တွေမြို့အရှေ့ပိုင်းမှာ ရခိုင်မြို့ဖြစ်ပြီး စစ်တွေမြို့အနောက်ပိုင်းမှာ ဘင်္ဂ လီမြို့ဖြစ်သွားမည်ကို အထူးသတိပြုရန် လိုအပ်လှပါသည်။
ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ရခိုင်နှင့်ဘင်္ဂလီတို့အကြား လူဦးရေအချိုးအစား အဆမ တန်ကွာဟနေသည့်အားလျော်စွာ ဘင်္ဂလီများက ရခိုင်လူမျိုးများအပေါ် အားတင်ရန် ၀န်မလေးတတ် သည်ကို အတိတ်အဖြစ်အပျက်များက သက်သေပြနေပါသည်။ ယခုအခါ အချိန်မရွေးကျရောက်လာ နိုင်သော ဘင်္ဂလီတို့၏ရန်ကြောင့် ထိုဒေသများနေ ရခိုင်လူမျိုးများအဖို့ စိတ်ပိုင်းဆိုင်ရာအရ မလုံမခြုံ ဖြစ်နေရပါသည်။ သို့ဖြစ်ရာ လက်ရှိအာဏာပိုင်များအနေဖြင့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် လူဦးရေအချိုးအစားကွာဟမှု လျော့နည်းသွားအောင် မဖြစ်မနေဆောင်ရွက်ရန် အရေကြီး လှပါသည်။ ထိုမြို့နယ်နှစ်ခုတွင် ဘင်္ဂလီလူဦးရေ အနည်းဆုံး၃၀% လျော့နည်းသွားအောင် ရေရှည်စီမံ ကိန်းများချမှတ်ကာ အခြားနေရာများသို့ ရွှေ့ပြောင်းပေးသင့်ပါသည်။ သို့မဟုတ် ထိုဒေသများတွင် ရခိုင်လူဦးရေ အနည်းဆုံး၃၅% တိုးပွားလာအောင် လူနေအိမ်ယာများတည်ဆောက်ပြီး နေရာချထား ပေးရန် လိုအပ်ပါသည်။
မောင်အောင်ခိုင်
၁၁/၁၁/၁၂
ကိုးကားသောစာအုပ်စာတမ်းများ
၁။ ဦးစံသာအောင်၏ 'အာနန္ဒစန္ဒြ - ရှစ်ရာစုရခိုင်ဝေသာလီမင်း',
၂။ Suniti Bhushan Qanungo, M.A, Ph.D, 'A History of Chittagong', Vol 1, Chittagong, 1988
၃။ Dr. Anamul Haque & Abdul Karim, 'Bengali Literature in Arakan (in Bengali)'
၎။ Ratan Lal Chakrabarti, 'Bangladesh-Burma Relation (in Bengali)', Dhaka, July 1984
၅။ Muhammad Yunus, 'Arakan : A Depressing Scene and Rohingyas Hail the Decision of President Bush', The Guardian (Weekly Journal), Dhaka, Sept 1, 1991
၆။ H M Saifur Rahman, 'Aung San Suu Kyi, Mahatma Ghandhi and Emperor Nero', Bangladesh Pratidin (Bangali Daily), Dhaka, June 27, 2012
၇။ Abdul Hoque Chowdhury, 'Ancient Arakan (in Bengali): Rowanga, Hindu and Barua Buddhist Inhabitants', Dhaka, January 1994
၈။ Abdul Hoque Chowdhury, 'Social and Cultural Aspects of Chittagong (in Bengali)', Dhaka, May 1988
Islamstatetocountry
ရခိုင်ပြည် ပြဿနာရဲ့ရင်းမြစ်
ဇွန်လနဲ့ အောက်တိုဘာလ ရခိုင်ပြည်အရေးအခင်းဟာ ပညာမတတ်မှု၊ ဥပဒေပညာ နားမလည်မှုတွေကြောင့် ဖြစ်ပွားရတာဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာတယ်။ ဒီသုံးသပ်ချက်တွေဟာ အပေါ်ယံအားဖြင့် ကြည့်လျှင် ဖြစ်နိုင်မယ် ထင်ရပေမယ့် သေချာရဲ့လားလို့ ထပ်မေးရင် ခိုင်မာတဲ့ အချက်အလက် အထောက် အထားတွေနဲ့ ချပြနိုင်မယ်မထင်ပါဘူး။ ဆိုတော့ ရခိုင်ပြည်အရေးအခင်းဟာ ပညာမဲ့ခြင်း၊ ဥပဒေကို နားမလည်ခြင်းကြောင့် မဟုတ်ဘူးလို့ ပြောချင်တယ်။ ဒါဆိုရင် ဘာကြောင့်လဲဆိုတဲ့ အမေးရဲ့ အဖြေကို ပြောလိုတယ်။
ရခိုင်ပြည်ရဲ့ တစ်ခြားတစ်ဖက်မှာရှိတဲ့ မွတ်ဆလင်များ ရပ်တည်ချက်
မြန်မာနိုင်ငံမှာ ယခုဖွဲ့ စည်းထားတဲ့အတိုင်းပြောရရင် ပြည်နယ်(၇)ခုနဲ့ တိုင်း(၇)ခ ရှိပါတယ်။ စုစုပေါင်း(၁၄)ခုပေါ့ ။ အဲဒီ(၁၄)ခုထဲမှာ ရခိုင်ပြည်ကလွဲရင် ကျန်တဲ့ ပြည်နယ်(၆)ခုနဲ့ တိုင်း(၇)တိုင်းမှာလည်း အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့လူတွေ ရှိပါတယ်။ အဲဒီ အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့လူတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနှင့်အတူ လွတ်လပ်ရေးတိုက်ပွဲတွေမှာ ဆင်နွှဲခဲ့တယ်။ လွတ်လပ် ရေးရပြီးနောက်ပိုင်းမှာလည်း မွတ်ဆလင်ကိုယ်ပိုင်အုပ်ချုပ်ရေး ပြည်နယ်ကိစ္စကို စိုးစဉ်းမျှ မပြောဆိုခဲ့ပါဘူး။ ထို့အတူ ဦးနေ၀င်း အာဏာသိမ်းကာလနဲ့ မဆလခေတ် တစ်လျောက်လုံးမှာဘဲဖြစ်ဖြစ် ၁၉၈၈ လူထုအရေးတော်ပုံ ကာလတွေကနေ ဒီနေ့ အချိန်ထိဘဲဖြစ်ဖြစ် မြန်မာတိုင်းရင်းသားတွေ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ စစ်အာဏာရှင်စံနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်ရေး၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်၊ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ရေးစတဲ့ မူတွေအပေါ်မှာဘဲ ရပ်ပြီးတိုက်ပွဲဝင်ခဲ့ကြတယ်။ တစ်နည်းအားဖြင့် ပြောရရင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံနှင့်အတူ တိုင်းပြည် ကောင်းစားရေးကို ရှေ့ရှုခဲ့တယ်။ တိုင်းပြည်အပေါ်မှာ သစ္စာရှိပြခဲ့တယ်။ ဒါတွေကို ငြင်း၍ မရနိုင်သလို သမိုင်းအဖြစ်နဲ့လည်း ကျန်ရစ်ခဲ့တယ်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံကလည်း အသိအမှတ်ပြုခဲ့ကြတယ်။ ဒီအထောက်အထားတွေဟာ ရခိုင်ပြည်ကလွဲပြီး ကျန်တဲ့ ပြည်နယ်(၆)ခနဲ့ တိုင်း(၇)ခုထဲက မွတ်ဆလင်တွေရဲ့ ရပ်တည်မှုတွေဖြစ်တယ်။
ရခိုင်ပြည်မှာရှိတဲ့ ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်
ရခိုင်ပြည်ထဲမှာရှိတဲ့ မွတ်ဆလင်ကတော့ အခြားပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ မွတ်ဆလင်တွေနဲ့ ကွဲပြားပါတယ်။ သူတို့ရဲ့အိပ်မက်ဟာ မွတ်ဆလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်မှတစ်ဆင့် သီးခြားမွတ်ဆလငနိုင်ငံ တည်ထောင်ရေးဖြစ်တယ်။ ဒီအိပ်မက်မျိုးကို အခြားပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ မွတ်ဆလင်တွေ မက်ခဲ့တဲ့ အိပ်မက်(လှုပ်ရှားမှုသမိုင်း)ကို မတွေ့သေးပါဘူး။ ရခိုင်ပြည်မှာရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးမရေးခင်ကပင် ဒီအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက ဘင်္ဂလီတွေရဲ့ ရပ်တည်ချက်
ဒုတိယကမ္ဘာစစ်မဖြစ်ခင် အန္ဒိယနိုင်ငံရှိ မွတ်ဆလင်များက သီးခြားမွတ်ဆလင်နိုင်ငံတည်ထောင်ရေး လှုပ်ရှားမှုဟာ ရခိုင်ပြည်မှာ ရှိနေတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် ပုံဖော်စရာ အိပ်မက်တစ်ခုရရှိခဲ့ တယ်လို့ ပြောရမှာ ဖြစ်တယ်။ သူတို့ အိပ်မက်က အိန္ဒိယနိုင်ငံက ခွဲထွက်ပြီး ပါကစ္စတန်နိုင်ငံသစ် ထူထောင်ရေးကြိုးပမ်းနေတဲ့ လှုပ်ရှားမှုနဲ့ ဆက်စပ်ရန်ဖြစ်တယ်။ ဆိုလိုတာက ပါကစ္စတန်နိုင်ငံသစ်ဖြစ်ပေါ်လာရင် ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ ကို ထည့်ပြီး နိုင်ငံသစ်တည်ဆောက်ရေး ဖြစ်တယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေဟာ ၁၉၄၂ ခုနှစ်၊ ကရာချီမြို့မှာ ကျင်းပတဲ့ အစ္စလာမ်ညီလာခံမှာ ပါကစ္စတန်နဲ့ ပေါင်းစည်းရေးအဆိုကို တင်သွင်းခဲ့ဖူးတယ်။ ဆိုတော့ ဖြစ်နိုင်ချေရှိရဲ့လားလို့ မေးရင် ရှိတယ်ဖြေရပါလိမ့်မယ်။ အကြောင်းကတော့ ၁၉၄၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဦးပုကလေးရေးထားသော ငါတို့ဗိုလ်ချုပ် ဘာတွေ လုပ်ခဲ့သလဲ တတိယတွဲမှာပါတဲ အောက်ပါရေးသားချက်က ခိုင်မာတဲ့အထောက် အထားလို့ ပြောရပါလိမ့်မယ်။
" စစ်အတွင်း ၁၉၄၆ တွင် Jami- a – tul Ulema-e Islam အဖွဲ့ပေါ်ပေါက်လာရာ ၄င်းပါတီက ၁၉၄၇ ခုနှစ်တွင် ကရာချီသို့သွားကာ ပါကစ္စတန်လွတ်မြောက်ရေး လှုပ်ရှားနေသော မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားနှင့်တွေ့ဆုံပြီး ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်တို့ကို ပါကစ္စတန်နိုင်ငံနှင့် ပူးပေါင်းခွင့်ပြုရန် တောင်းဆိုခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် ရခိုင်မြောက်ပိုင်းဒေသကို တိုက်ခိုက်ပြီး ပါကစ္စတန်ထဲသို့ သွတ်သွင်းရန် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ရရှိအောင်လုပ်ပေးရန် ဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အိန္ဒိယသို့ အသွားတွင် မွတ်ဆလင် ခေါင်းဆောင် မစ္စတာဂျင်းနားနှင့်တွေ့ဆုံခဲ့ရာ ဂျင်းနားက ဘူးသီးတောင်နှင မောင်တောဒေသမှ မွတ်ဆလင်များက ပါကစ္စတန်ထဲသို့ ပူးပေါင်းရန် တောင်းဆိုမှုကို မိမိကိုယ်တိုင် မထောက်ခံကြောင်း ပြောကြားခဲ့သည်။ မွတ်ဆလင်ခေါင်းဆောင် ဂျင်းနားက ရခိုင်ပြည် မောင်တောနှင့် ဘူးသီးတောင်နယ်များကို ဘင်္ဂလားပြည် (ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံ)ထဲသို့ သွတ်သွင်းပေးရန် စစ်တကောင်း မူဆလင်အချို့က တောင်းဆိုချက်နှင့်ပတ်သက်၍ ဤသို့လုံးဝမဖြစ်စေရပါဟုပြောရင်း ဗမာပြည်သာမက မည်သည့်အခြားနယ်ပယ်ကိုမှ သိမ်းယူရန် သို့မဟုတ် တောင်းယူရန် မူဆလင်လိ(ခ်)၌ ရည်ရွယ်ချက်မရှိကြောင်း ၊ ထိုကဲ့သို့ဘင်္ဂလားပြည်အရှေ့ပိုင်းမှ လက်တစ်ဆုပ်မျှလောက်သော မူဆလင်လူမျိုးအချို့၏ တောင်းဆိုချက် ဆိုသည်မှာလည်း ဘာမှ ဂရုစိုက်စရာမလိုကြောင်း စသည်ဖြင့် ရှင်းပြခဲ့သည်။ "ဒီနေရာမှာ စကားချပ်အနေနဲ့ ပြောချင်တာက ၂၀၁၁ က ကျနော်ရေးသားခဲ့တဲ့ ဦးရာဇတ်မှသည် ကိုမြအေးအထိ သို့သော် တံခါးလာခေါက်ပြီ ဆောင်းပါးမှာ ဂျင်းနားက ဘူးသီးတောင်၊ မောင်တောကို တောင်းဆိုခဲ့တယ်လို့  အမှတ်မှားစွာ ဖော်ပြခဲ့ဖူးပါတယ်။ အမှန်က ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက တောင်းဆိုခဲ့တာလို့  အမှန်ကို ပြင်ပါတယ်။ ဆိုတော့ ဂျင်းနားရဲ့ ငြင်းပယ်မှုကြောင့် ဘင်္ဂလီတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့ပြီး ၁၉၄၇ ခုနှစ် ကုန်ခါနီးမှာ မူဂျာဟစ်ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ Jami- a – tul Ulema-e Islam အဖွဲ့နဲ့ချိတ်ဆက်ခဲ့ကာ ငွေကြေးကို ဒီအဖွဲ့က နည်းမျိုးစုံနဲ့ရှာပေးပြီး မူဂျာဟစ်ပါတီကို ပံ့ပိုးပေးခဲ့ပါ တယ်။ အဲဒီအဖွဲ့ကဘဲ ဘော်တွန်မလေထံ စာရေးပြီး သူတို့ဟာ Indo-Burma Frontier မှာ ရှိတဲ့အတွက် ပင်လုံညီလာခံမှာ Frontier ရပိုင်ခွင့်ကို တင်ပြ တောင်းဆိုလိုကြောင်း အကြောင်းကြားခဲ့ပေမယ့် ရခိုင်ပြည်ထဲက ဘင်္ဂလီတွေ ပင်လုံဆီမလှမ်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လို့  အခြားပြည်နယ်တွေထဲမှာ နေထိုင်တဲ့ ဦးဖေခင်ကတော့ ပင်လုံကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ တိုင်းပြည်အပေါ်မှာ သစ္စာစောင့်သိမှုနဲ့ တိုင်းပြည်ကို ဖဲ့ထုတ်ရေးရဲ့ ကွာဟမှုဘဲဖြစ်ပါတယ်။
ကနေ့ရိုဟင်ဂျာလို့အမည်ခံထားတဲ့ ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် လွတ်လပ်ရေးအကြိုကာလကပင် မက်ခဲ့တဲ့ အိပ်မက်မျိုးနဲ့ အခြားပြည်နယ်ခြောက်ပြည်နယ်နဲ့ တိုင်းခုနှစ်တိုင်းမှာ ရှိနေတဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒ သဘောထားဟာ ကွာခြားပါတယ်။ ရခိုင်ပြည်ဘက်မှာ ရှိနေတဲ့ မွတ်ဆလင်တွေရဲ့ ဆန္ဒသဘောထားဟာ ဒေသ ခံရခိုင်တွေနဲ့ရော ပြည်ထောင်စုကို လိုလားတဲ့ တိုင်းရင်းသားပေါင်းစုံကိုပါ ခြောက်ခြားစေပါတယ်။ ရခိုင်ပြည်ထဲမှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေအားလုံးဟာ ဒီလိုဘဲလားလို့မေးရင် မဟုတ်ဘူးလို့  ဖြေရပါလိမ့်မယ်။ ၁၉၃၁ ၀န်းကျင်က ရန်ကုန်တက္ကသိုလ် ကျောင်းသား ကျောင်းသူများ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးထွန်းစိန်ဟာ ရခိုင်ပြည်ထဲက မွတ်ဆလင်တစ်ယောက်ပါ။ တိုင်းပြည်ဖဲ့ထုတ်ရေးကို မကြိုးပမ်းခဲ့ပါဘူး။ အဲဒီလို မျိုးဆက်တွေရှိပါတယ်။ ဒါပေမယ့်လို့  ကနေ့အချိန်မှာ အကြမ်းဖက် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ အကြမ်းဖက်ခြင်း၊ တိုင်းပြည်ဖဲ့ထုတ်လိုခြင်းတွေကြောင့် အပြစ်မဲ့ ရခိုင်ပြည်ထဲက မွတ်ဆလင်တွေပါ အရောင်တွေ စွန်းထင်းခံခဲ့ရသလို အရောင်တွေချယ်သခြင်းကို ခံလိုက်ရပါတယ်။ ထို့အတူ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာရှိတဲ့ မွတ်ဆလင်ထုကိုပါ ထင်ယောင်ထင်မှား မယုံသင်္ကာစိတ်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ဖဲ့ထုတ်လိုတဲ့ အကြမ်းဖက် ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေကို ဆန့်ကျင်ကြောင်း မြန်မာပြည်ထဲမှာရှိတဲ မွတ်ဆလင်တွေ ပြသဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ဘင်္ဂလီတွေရဲ့ရပ်တည်ချက်
ဆက်ပြောရရင် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီက ဖွဲ့ စည်းခဲ့တဲ့ မူဂျာဟစ်အဖွဲ့ ဟာ ၁၉၄၈ ခုနှစ်မှာ တရားဝင်ဖွဲ့စည်းပြီး အဲဒီအဖွဲ့က
(က) ကုလားတန်မြစ် အနောက်ဘက်ကမ်းနှင့် နစ်မြစ်အရှေ့ဖက်ကမ်းကြားဒေသကို မွတ်ဆလင်တွေရဲ့ National Home အဖြစ် သတ်မှတ်ပေးရန်။
(ခ) ရခိုင်ရှိမွတ်ဆလင်များကို တိုင်းရင်းသားစာရင်းထဲ ထည့်သွင်းပေးရန် စသည်ဖြင့် တောင်းဆိုခဲ့ကြတယ်။ ဒီတောင်းဆိုချက်တွေကို ခွဲခြမ်းကြည့်ရင် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကာရော ရပြီးနှစ်မှာပါ တိုင်းပြည်ဖဲ့ထုတ်ရေး ကြိုးပမ်းခဲ့ခြင်းကို တွေ့ရပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံလွတ်လပ်ကာစမှာ ဘင်္ဂလီတွေကို မြန်မာနိုင်ငံ တိုင်းရင်းသားစာရင်းမှာ ထည့်သွင်းထားခြင်းမရှိဘူးဆိုတာ ထင်ရှားစေသလို ဘင်္ဂလီတွေဟာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းမရှိသေးဘူးဆိုတာလည်း ထင်ရှားစေပါတယ်။
၁၉၅၁ ခု ဇွန်လမှာ နယ်ပယ်အသီးသီးက ပါဝင်တဲ့ မွတ်ဆလင်ညီလာခံကို ရခိုင်ပြည် မောင်တောမြို့နယ် အလယ်သံကျော်ရွာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ အလယ်သံကျော် ညီလာခံက ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့ပြီး အစိုးရသို့ အိပ်ဖွင့်ပေးစာအဖြစ် တင်ပြခဲ့တယ်။ ညီလာခံရဲ့ဆုံးဖြတ်ချက်တွေထဲမှာ အရေးကြီးတဲ့ အချက်တွေကတော့
(က) ရခိုင်မြောက်ပိုင်းကို ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းတောင်တန်းများ၊ ကချင်ဒေသများနည်းတူ လွတ်လပ်သော မွတ်ဆလင်ပြည်နယ်အဖြစ် အမြန်ဆုံးဖွဲ့စည်းပေးရန်၊
(ခ) စစ်တွေမြို့ကို ရခိုင်ပြည်နယ် တောင်ပိုင်း မြောက်ပိုင်းမြို့တော်ဟု သတ်မှတ်ကာ မြို့နှင့်ဆိပ်ကမ်းကွပ်ကဲမှုကို ရခိုင်နှင့် မွတ်ဆလင်(၅၀)ရာခိုင်နှုန်းစီ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ပြုရန်နှင့် ပထမဆုံးမြို့တော်ဝန်နှင့် တိုင်းမင်းကြီးကို မွတ်ဆလင်လူမျိုးမှ ခန့်ထားရန်၊
(ဂ)လက်နက်ကိုင်တပ် ဖွဲ့စည်းပေးရန် ထိုတပ်ဖွဲ့မှ မွတ်ဆလင်(၅၀)ရာခိုင်နှုန်းပါဝင်ရန် ဗဟိုအစိုးရအဖွဲ့တွင်မူ ၀န်ကြီးခန့်ထားရန်၊
(ဃ)တိုင်းပြုပြည်ပြုလွှတ်တော်တွင် အခြားပြည်နယ်များနှင့် တိုင်းများနည်းတူ ကိုယ်စားလှယ်အညီအမျှ စေလွတ်ခွင့်ရရန်၊
(င)မွတ်ဆလင်ကောင်စီ ထားရှိခွင့်ပြုရန် စတဲ့အချက်များပါဝင်ပါတယ်။
ဒီညီလာခံကို ပါလီမန်အမတ်များဖြစ်တဲ့ စူလတန်မာမွတ်၊ ဦးဖိုးခိုင်(မွတ်ဆလင်)၊ ဒေါ်မြညွန့်(မွတ်ဆလင်)တို့ပါ တက်ရောက်ခဲ့ပါတယ်။ ဒီပါလီမန်အမတ်များဟာ ဘာသာရေးလမ်းညွန်ချက်အတိုင်း ဆောင်ရွက်နေခြင်း ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ကနေ့ လွှတ်တော်ကို ရောက်ရှိနေတဲ့ ဘင်္ဂလီအမတ်တွေကို သတိကြီးစွာ ထားရမယ်ဆိုတာ ထင်ရှားစေပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်နေတဲ့ မူဂျာဟစ်ပါတီကလည်း ၀န်ကြီးချုပ် ဦးနုထံသို့ တင်သွင်းခဲ့သည့် စာတမ်းထဲမှာ ပါဝင်တဲ့ တောင်းဆိုချက်များအနက် အရေးကြီးသည့် တောင်းဆိုချက်တွေကတော့ --
(က) ရခိုင်ဒေသအတွင်းရှိ မွတ်ဆလင်များအားလုံးကို နိုင်ငံတော်အတွင်းရှိ ရခိုင် မွတ်ဆလင်များအဖြစ် လက်ခံရန်၊
(ခ) မူဂျာဟစ်များကို အမြဲတမ်းတပ်မတော်တွင် ရခိုင်မွတ်ဆလင် သေနတ်ကိုင်တပ်အဖြစ် သီးခြားထားပေးရန် စတဲ့ အချက်များပါဝင်ပါတယ်။
သုံးသပ်ချက်
အထက်က တင်ပြခဲ့တဲ့ တောင်းဆိုချက် နှစ်ရပ်စလုံးမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးစွဲခြင်းမရှိသေးပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲကာလမှာလည်း ရိုဟင်ဂျာပါတီအဖြစ် မှတ်ပုံတင်ခဲ့ပေမယ့် ဒီစကားလုံးကို သုံးစွဲရင် မှတ်ပုံတင်ခွင့် မပြုခဲ့တဲ့အတွက် အခြားနာမည်ကို ရွေးခဲ့ရတဲ့ သာဓကတွေရှိတယ်။ ရွေးကောက်ပွဲကော်မရှင်က အဲဒီစကားလုံးကို ပယ်ထားခဲ့ပေမယ့် ဘင်္ဂလီတွေဟာ နိုင်ငံတကာကို ခြေဆန့်ပြီး ရိုဟင်ဂျာဆိုတဲ့စကားလုံးကို နိုင်ငံတကာက သိအောင် ငွေတွေခင်းပြီး ပြုလုပ်လာခဲ့တယ်။ တစ်ဖက်မှာလည်း မီဒီယာအချို့ကို အသုံးချခဲ့တယ်။ နောက်ဆုံး ပြဿာနာတွေ ဖန်တီးပြီး ဘာသာရေးအရ ဖိနှိပ်ခံနေရပါတယ်။ လူမျိုးတုန်းသတ်ဖြတ် နေပါတယ်လို့  အော်ဟစ်ခဲ့တယ်။ OIC လို အဖွဲ့ကိုတောင် မြန်မာပြည်ထဲ ၀င်အောင်နိုင်အောင်ထိ ထိုးဖောက်လှုပ်ရှားနိုင်တယ်။ အကြမ်းဖက်အဖွဲ့တွေနဲ့ ချိတ်ဆက်နိုင်သလို ပြည်တွင်း ပြည်ပ ဟန်ချက်ညီညီလှုပ်ရှားမှုဟာ လွှတ်တော်ထဲထိ ရောက်အောင် လှုပ်ရှားပြခဲ့တယ်။ ၁၉၈၈ နောက်ပိုင်းကာလတွေက မြန်မာနိုင်ငံ တနံတလျားမှာ ရှိနေတဲ့ မြန်မာမွတ်ဆလင်တွေကို မစည်းရုံးနိုင်ခဲ့ပေမယ့် ကနေ့ အချိန်မှာ တစ်သားထဲဖြစ်အောင် စည်းရုံးနိုင်ခဲ့တယ်လို့ပြောမယ်ဆို ပြောနိုင်တယ်။ အထက်က တင်ပြခဲ့တဲ့ ရခိုင်ပြည်ထဲက ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ လှုပ်ရှားမှုအဆင့်ဆင့်ဟာ လွတ်လပ်ရေးမရခင်ကပင် ဒီနေ့အချိန်ထိ မြန်မာနိုင်ငံ တိုင်းရင်းရင်းသားဖြစ်ရေး လှုပ်ရှားမှုရဲ့နောက်ကွယ်မှာ မွတ်ဆလင်ပြည်နယ်မှသည် မွတ်ဆလင်နိုင်ငံ ထူထောင်ရေးဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီလှုပ်ရှားမှုတွေကို အာဏာမဲ့နေတဲ့ ရခိုင်လူထုက ခေတ်အဆက်ဆက် ထိတွေ့ခံစားလာရခြင်းဖြစ်တယ်။ ဒါကြောင့် ရခိုင်လူထုရဲ့ တုန့်ပြန်မှုဟာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာအပေါ်မှာ ရပ်ပြီးတုန့်ပြန်ခဲ့တာဖြစ်တယ်။ ပညာမတတ်မှု၊ ဥပဒေကို နားမလည်မှု၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့်ဖြစ်ရပါတယ်ဆိုတဲ့အဖြေဟာ ခိုင်မာတဲ့အထောက် အထားမရှိတဲ့ ယိုင်နဲနဲ အထောက်အထားတွေသာဖြစ်တယ်ဆိုတာကို အထက်က အထောက်အထားတွေနဲ့ ချပြခဲ့တာဖြစ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အလယ်သံကျော် ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ ဒီနေ့အချိန်ထိ သက်ဝင်လှုပ်ရှားနေပြီး ဟန်ချက်ညီညီ လှုပ်ရှားနေဆဲဖြစ်တယ်ဆိုတာကို ပြောလိုပါတယ်။ ပါလီမန်ခေတ်ကလည်း လွှတ်တော်ထဲထိ တင်သွင်းဆွေးနွေးခဲ့ဖူးသလို ကနေ့အချိန်မှာလည်း လွှတ်တော်ထဲထိ သယ်ဆောင်လာကာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ကိုင်လှုပ်ခဲ့ပါတယ်။ ဒါဟာ ခေတ်သစ်မြန်မာနိုင်ငံအတွက် ပြင်းထန်တဲ့ စိန်ခေါ်မှုတစ်ရပ်လို့ ပြောရပါလိမ့်မယ်။ ။
ခိုင်လင်း(မေဃ၀တီ)
နိုင်ဝင်ဘာ(၁၁)၂၀၁၂ ညနေ - ၄း၅၀
Welcome to My Blog

Popular Post

Blogger templates

Powered By Blogger

TEst2

Powered by Blogger.

Mengenai Saya

Pengikut

မြန်မာစံတော်ချိန်

- Copyright © မင်းသားချေ -Robotic Notes- Powered by Blogger - Designed by Johanes Djogan -