Showing posts with label ဆောင်းပါး. Show all posts

ရိုဟင်ဂျာအကြမ်းဖက်များရဲ့ လျို့ ဝှက်ချက်များ ၀ီကီလိခ်စ် မှ ဖွင့်ချပြီ

Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှိခြင်း
by James Mmt on Wednesday, October 19, 2011 at 10:49pm ·

အကျဉ်းရုံးအနေဖြင့် - ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီ အဖွဲ့အစည်းဖြစ်တဲ့ KNPP ထိမ်းချုပ်ထားသည့် ထိုင်း-မြန်မာ နယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက် 2002 သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေသည့် Democratic Alliance of Burma နှင့် အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်။

KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။ DAB ဟာလည်းပဲ ARNO ၏ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ARNO ဥက္ကဌ Nurul Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျ ဘက်မှ လှည့်ပါတ်လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်။ အဆိုပါကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နှင့် ထိုင်းနယ်စပ်တွင်ရှိသည့် မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နှင့် အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်းဖြစ်နိုင်ပါတယ်။

အောက်ပါ အကြောင်းအရာများဟာ မြန်မာထောက်လှမ်းရေး၏ ARNO အပေါ်တွင်ရေးသားထားသည့် သတင်းပို့ချက်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။ အပြင်ပန်းအားဖြင့် မကြာသေးခင်က ရှင်းလင်းခဲ့သည့် မြန်မာပြည် အခြေစိုက် ARNO နှင့် Al Qaeda အဖွဲ့အစည်းတို့၏ လက်မခံနိုင်သည့် ဆက်သွယ်မှု သတင်းပေးပို့ချက်အား ဗိုလ်မှူးချုပ် ကျော်သိန်းမှ အောက်တိုဘာ ၇ ရက် တွင်ပေးပို့ခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ကျော်သိန်း၏ အဆိုအရ ARNO နှင့် Al Qaeda ဟာအဆက်အသွယ်ရှိပြီး ARNO ၏ အခြေစိုက်စခန်းအားလုံးသည် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်မှာ ရှိပါတယ်။

ARNO ၏ သမိုင်းကျောင်းနောက်ခံနှင့် နောက်ဆုံးအခြေအနေ (စက်တင်ဘာ ၂၀၀၂ ခုနှစ်အထိ)အားရှင်းပြရလျင် မွတ်စလင် စစ်သွေးကြွ အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြသည့် စည်းလုံးညီညွတ်သော ရိုဟင်ဂျာ အဖွဲ့အစည်း (RSO)၊ အာရကန် ရိုဟင်ဂျာ အစ္စလာမ်မစ် တပ်ဦး (ARIF) နှင့် Hak-Kavt အဖွဲ့အစည်းတို့ဟာ ပူပေါင်းပြီး 1998 အောက်တိုဘာ 28 ရက်နေ့တွင် ရိုဟင်ဂျာ အမျိုးသားကောင်စီ (RNC) ကိုဖွဲ့စည်းခဲ့ပါတယ်။

RNC ဟာ အာရကန် ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ အားလုံးသော လက်နက်ကိုင် သောင်းကျန်သူ အဖွဲ့အစည်းများအား ပူးပေါင်းပြီး ရိုဟင်ဂျာ လွတ်လပ်ရေး တပ်မတော် (RLA) ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာပြည် ပြင်ပရှိ မွတ်စလင်အဖွဲ့အစည်းများ၏ ဖိအားကြောင့် အမျိုးမျိုး ကွဲပြားနေသော ရိုဟင်ဂျာ သောင်းကျန်းသူများအား စုစည်းပြီး အဖွဲ့အစည်းတစ်ခု၏အောက်သို့ ထားရှိအုပ်ချုပ်ရန် ARNO အားဖွဲ့စည်းခဲ့ပါတယ်။

ARNO ရုံးချုပ်အား ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းရှိ ဂျုမခါ ရပ်ကွက်၊ ဂျုမခါလမ်း၊ အိမ်နံပါတ် (၃၀)မှာ ဖွင့်လှစ်ထားပါတယ်။ သူတို့၏ စခန်းများမှာ Zai-Lar-Saw-Ri HQ camp--map reference (PG-2916), Daw-Maw-Sri camp--map reference (P6-0537) and Kyar-Laung-Taik camp--map reference (PG-2026) မှာ အခြေချ တည်ရှိပါတယ်။ ARNO အဖွဲ့အစည်းဟာ ခန့်မှန်းခြေအားဖြင့် သောင်းကျန်းသူ 200 ခန့်အင်အားရှိပြီး၊ 170 ခန့်ဟာ အမျိုးမျိုးသော လက်နက်များ တပ်ဆင်ထားပါတယ်။ ARNO ၏ ဗဟိုကော်မတီအား အောက်ပါအတိုင်း ဖွဲ့စည်းထားပါတယ်။

- ဥက္ကဌ

- စစ်ရေးတာဝန်ခံ

- အတွင်းရေးမှူး

- လက်ထောက်အတွင်းရေးမှူး၊ စစ်တကောင်း ရုံးတာဝန်ခံ

- ဗဟိုကော်မတီ အဖွဲ့ဝင်၊ လက်ထောက် စစ်ရေးတာဝန်ခံ

- ဗဟိုကော်မတီ အဖွဲ့ဝင်

- နိုင်ငံခြားရေးရာ ဆက်ဆံရေးတာဝန်ခံ

- တိုင်းတပါး ထောက်ပံ့ငွေများများရရှိရေး ဦးဆောင်သူ)

- မလေးရှားနိုင်ငံအတွက် ကိုယ်စားလှယ်

- တောင်ဘဇာ စည်းရုံးရေး တာဝန်ခံ

- ငွေရေးကြေးရေးဆိုင်ရာ အရာရှိ

- ဆက်ဆံရေး အရာရှိ

- အကြံပေး

- စခန်းအုပ်ချုပ်သူ အရာရှိ (Zai-La-Saw-Ri Camp)

- ဒုတိယ စခန်းအုပ်ချုပ်သူ အရာရှိ

- စခန်းအုပ်ချုပ်သူ အရာရှိ (Daw-Maw-Sri Camp)

- စခန်းအုပ်ချုပ်သူ အရာရှိ (Kya-Long-Taik Camp)

ARNO's Chairman Nurul Islam

ARNO အဖွဲ့ဝင် 5 ဦးဟာ တာလီဘန်ခေါင်းဆောင် Osama Bin Laden နှင့် အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဆိုပါ GOB မှ ဆက်လက်စုံစမ်း လေ့လာဆဲဖြစ်တဲ့ အဖွဲ့ဝင် 5 ဦးဟာ Al Qaeda ကိုယ်စားလှယ်နှင့်အတူ 15 မေ 2000 တွင် အဆင့်မြင့်အရာရှိ သင်တန်းအား တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ 22 ဇွန်လတွင် ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အဆိုပါ သင်တန်းတက်ရောက်နေစဉ်အတွင်း နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အချက်အလက်များ၊ လက်နက်၊ ခဲယမ်းမီးကျောက်များနှင့် ငွေကြေးဆိုင်ရာကိစ္စများကို Osama Bin Laden နှင့် ဆွေးနွေးခဲ့ပါတယ်။ တာလီဘန် အဖွဲ့အစည်းမှ မိုဟာမက် အာဂျူးတိုင်ဒါနှင့် မိုဟာမက် ရာရှိတ်အာမာဒါစီလည်း အဆိုပါ အစည်းအဝေးမှာ တက်ရောက်ခဲ့ပါတယ်။

ARNO အဖွဲ့ဝင် 19 ဦးဟာ လစ်ဗျားနှင့် အာဖဂန် နစ်စတန်တွင် 2001 သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် ပြောက်ကျားစစ်သင်တန်း၊ အမျိုးမျိုးသော ဖောက်ခွဲရေးသင်တန်း၊ လက်နက်ကြီးသင်တန်းများအား တက်ရောက်ရန် ရွေးချယ်ခံခဲ့ပါတယ်။ အဆိုပါ အဖွဲ့ဝင်များထဲမှ 13 ဦးဟာ ဖောက်ခွဲရေးနှင့် လက်နက်ကြီးသင်တန်းများမှာ ပူးပေါင်းတက်ရောက်ခဲ့ပါတယ်။ Zai-La-Saw-Ri စခန်းတွင်ရှိသည့် ARNO ရုံးချုပ်သို့ တာလီဘန် အဖွဲ့ဝင်များ ဖြစ်ကြသည့် အယ်ဟာဆက်နှင့် အယ်ဂျာဟစ်တို့ဟာ 2001 နိုဝင်ဘာ 2 ရက်နေ့တွင် RSO ၏ Kann-Grat-Chaung စခန်းမှ ရောက်ရှိခဲ့ပါတယ်။

သူတို့ဟာ ဥက္ကဌ Nur Islam၊ အတွင်းရေးမှူး ဇဖာအာမက်၊ စစ်ဆင်ရေးအကြီးအမှုး ဖာရော့အာမက်၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ပြီး RSO နှင့် ARNO အား ပြန်လည်ဖွဲ့စည်းရန် ဆွေးနွေးခဲ့ပါတယ်။ ထိုမှတဆင့် ARNO/RSO နှင့် တာလီဘန်အဖွဲ့အစည်းတို့ဟာ 2001 နိုဝင်ဘာ 15 ရက်နေ့မှာ အစည်းအဝေးပြုလုပ်ရန် ရည်ရွယ်ခဲ့ပါတယ်။ ARNO ဥက္ကဌ Nur Islam ဟာ ARIF နှင့် RSO တို့ဟာ ARNO ၏ပူးပေါင်းအဖွဲ့ဝင်အဖြစ် ပြင်ဆင်ဖွဲ့စည်းရန် သဘောတူခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ သို့သော်လည်း RSO မှ မူလာဒီမာဟာ အဆိုပါ ပူးပေါင်းခြင်းအား သဘောမတူခဲ့ပဲ ၎င်း၏နောက်လိုက်နောက်ပါများနှင့် ခွဲထွက်သွားခဲ့ပါတယ်။

တိုင်းတပါး အဆက်အသွယ်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်မှ ဘာဒါဘန်၊ GOB မှ စုံစမ်းဆဲဖြစ်သည့် ဟာဆာအာမက်နှင့် နိုင်ငံခြားသားနှစ်ယောက်တို့ဟာ Zai-La-Saw-Ri စခန်းရှိ ARNO ရုံးချုပ်သို့သွားရောက်ခဲ့ပြီး Salein တပ်သားများ၏ အကြီးအကဲ စစ်ရေးလှုပ်ရှားမှု တာဝန်ခံနှင့် တွေ့ဆုံခဲ့ပါတယ်။ သူတို့ဟာ အောက်ပါအချက်အလက်များကို စုံစမ်းခဲ့ပါတယ်။

- ARNO အားဖွဲ့စည်းခဲ့သည့် ခုနှစ်၊ လ၊ ရက်

- သဘောထားနှင့် ရည်ရွယ်ချက်

- မြန်မာပြည်မှ ARNO ခွဲထွက်ခဲ့သည့်နှစ်

- လက်ရှိ စစ်သည်အင်အား

- လက်နက်အမျိုးအစားနှင့် အရည်အသွေး

- ပြည်မမှ ခွဲထွက်ပြီး လွတ်လပ်သော ရခိုင်ပြည်နယ်တည်ဆောက်ရန် သို့မဟုတ် ဒီမိုကရေစီ တောင်းဆိုရန် ဟုတ်မဟုတ်

- ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာအစိုးရအား ဆန့်ကျင်နေသည့် အဖွဲ့အစည်းစာရင်း

- အဆိုပါ အဖွဲ့အစည်းများတွင် မူစလင် နှင့် မူစလင် မဟုတ်သည့် အဖွဲ့အစည်းများအား ခွဲခြားဖော်ပြရန်

- လိုအပ်သည့် ရံပုံငွေနှင့် ရံပုံငွေ ထောက်ပံ့နေသည် နိုင်ငံများ

- လက်ရှိ ငွေရေးကြေးရေး အခြေအနေ

ARNO ၏ ဒုတိယဥက္ကဌ ဖာရော့အာမက်သည် ထိုင်းအခြေစိုက် သောင်းကျန်သူ ခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပါတယ်။ 2002 သြဂုတ်လ 27 ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်မှ ဘန်ကောက်သို့ ချင်းမိုင်မှတစ်ဆင့် ရောက်ရှိလာသည့် ဖာရော့အာမက်နှင့်အတူ ညီညွတ်သော အာရကန်ပါတီ (NUPA) မှ ဦးမောင်လူကြီးလည်း တောက်လျှောက်ပါခဲ့ပါတယ်။ ထို့နောက် DAB အေးဆောင်၏ မိန်းမ အင်္ဂလိပ်အမျိုးသမီ ပိုက်ပါကာရန်၏ကူညီမှုနှင့် မြန်မာနယ်စပ် အဖွဲ့အစည်းများမှတစ်ဆင့် KNPP ခေါင်းဆောင်များ ဖြစ်ကြသည့် ဒုတိယဥက္ကဌ ဦးအောင်သာလေး၊ အထွေထွေ အတွင်းရေးမှူး ဦးရေမွန်ထူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးခါရယ်၊ စစ်တပ်အကြီးအမှုး အောင်မြတ်တို့နှင့် စကားပြောဆိုခဲ့ပါတယ်။

ဖာရော့အာမက်မှ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ARNO အား ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာရန်ပြောခဲ့သဖြင့် ၎င်းတို့အနေဖြင့် ဘင်္ဂလားဒေ့ရှ်တွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်နှင့် အခြားသော အဖွဲ့အစည်းများမှလည်း Al Qaeda အဖွဲ့အစည်းနှင့် ၎င်းတို့ဆက်ဆံမှုဖြစ်စဉ်အား စဉ်ဆက်မပြတ် စောင့်ကြည့်နေကြောင်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ထို့ကြောင့် KNPP ပိုင်နက်အတွင်း သင့်တော်သည့်နေရာတွင် စခန်းဖွင့်ခွင့်ပြုပါရန် တောင်းဆိုခဲ့ပြီး၊ ထိုင်း နိုင်ငံသည် ၎င်းတို့အတွက် အလွန် သင့်တော်သည့် နိုင်ငံဖြစ်ကြောင်း ပြောခဲ့ပါသည်။

ဖာရော့အာမက်သည် ပလောင်လွတ်မြောက်ရေးတပ်ဦး (PSLF) အဖွဲ့မှ အတွင်းရေးမှူး မေအိုက်ဖုန်၊ ပအို့ဝ်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့အစည်း (PPLO) ဥက္ကဌ ဦးခွန်ဥက္ကာ၊ လားဟူ အမျိုးသားအုပ်စုမှ ဦးအေးမောင်တို့နှင့် တွေ့ဆုံခဲ့ပါတယ်။ ထပ်မံပြီး ၎င်းမှ ARNO အဖွဲ့၏ ခက်ခဲသည့်အခြေအနေအား VOA, BBC နှင့် RFA သတင်းမီဒီယာများ၊ ထိုင်းနိုင်ငံရှိ NGO အဖွဲ့အစည်းများနှင့် ရှေ့ထွက် ချင်းအမျိုးသားများ (CNF) မှ ရွှေခါးတို့နှင့် ဆွေးနွေးခဲ့ပါတယ်။ သူဟာ မဲဆောက်သို့ ချင်းမိုင်မှ စက်တင်ဘာလ 5 ရက်နေ့တွင် KNU ရုံးချုပ်သို့ သွားရောက်ခဲ့ပြီး ဒုတိယ ဥက္ကဌ ဗိုလ်မြ၊ အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာ နှင့် တာမလာဘောတို့နှင့်လည်း စကားပြောခဲ့ပါတယ်။

အထက်ပါ အကြောင်းအရာများနှင့် ပါတ်သက်ပြီး ARNO အနေဖြင့် DAB အဖွဲ့ဝင်အဖြစ် ဖြစ်နိုင်ချေရှိမရှိအား ဖာရော့အာမက်ဟာ KNU နှင့်ဆွေးနွေးခဲ့ပါတယ်။ ARNO ၏ DAB အဖွဲ့ဝင် လျှောက်လွှာအား အာရကန် ဒီမိုကရက်တစ်ပါတီ (DPA) မှ အောင်စိန်းသာ၊ အာရကန် လွတ်မြောက်ရေး ပါတီ (ALP) မှ ခိုင်စိုးအောင် တို့က သဘောမတူပဲ ကန့်ကွက်ခဲ့ပါတယ်။

ခိုင်စိုးအောင်နှင့် အောင်စိန်းသာတို့နှစ်ဦးအနေဖြင့် ၎င်းတို့ အဆိုပြုချက်အား ရိုဟင်ဂျာလူမျိုးများဟာ ရခိုင် တိုင်းရင်းသားများမဟုတ်ကြောင်းနှင့် လူမျိုးစု တစ်ခုအနေဖြင့်လည်း လက်မခံနိုင်ကြောင်းကို အခြေခံ၍ ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။ ထို့အတွက်ကြောင့် DAB အနေဖြင့် ARNO အား အဖွဲ့ဝင်အဖြစ် လက်မခံခဲ့ပဲ စစ်ရေးမဟာမိတ်အနေသာ လက်ခံခဲ့တယ်လို့ ယူဆရပါတယ်။

ဖာရော့အာမက်၏ အဆိုအရ ARNO စစ်ရေးတာဝန်ခံ ဆလမ်းအူလာသည် Al Qaeda နှင့် အဆက်အသွယ်ရှိပြီး၊ ARNO တပ်သားအချို့ဟာလည်း အာဖဂန်ရှိ တာလီဘန်များနှင့် ပူးပေါင်းပြီး အမေရိကန်အား တိုက်ခိုက်ခဲ့စဉ်အတွင်း အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ARNO တပ်သားများဟာ ပါကစ်စတန်၊ ကရာချိမြို့ရှိ ရိုဟင်ဂျာ အုပ်စုမှတစ်ဆင့် အာဖဂန်သို့ ပို့ဆောင်ခဲ့ပါတယ်။

ပါကစ်စတန်၊ အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ UAE၊ ပါလက်စတိုင်းနှင့် သြစတေးလျတို့မှာ ရိုဟင်ဂျာ အုပ်စုများ အနေနဲ့ ရှိနေပါတယ်။ ဥက္ကဌ Nurul Islam ဟာ ဆော်ဒီအာရေဗျ နိုင်ငံသားအနေဖြင့် အမေရိကန် နိုင်ငံသို့ ခရီးတို သွားရန် ဗီဇာအား ရရှိခဲ့သဖြင့် ဘင်္ဂလားဒေ့ရှ်မှ ဆော်ဒီအာရေဗျသို့ ထွက်ခွာသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင် နေခဲ့သည့် ခရီးတိုကာလအတွင်း ဖာရော့အာမက်သည် NCGUB နိုင်ငံခြားရေးဌာနမှ Dr. Allen၊ KNU မှ ဒေးဗစ်ထော၊ ဗမာ့ ရှေ့နေကောင်စီ (BLC) မှ ဒေးဗစ်စမိုင်းတို့နှင့် တွေ့ဆုံခဲ့ပါတယ်။ ၎င်းဟာ သတင်းဌာနတစ်ခု၏ အယ်ဒီတာအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး စက်တင်ဘာ 12 ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

စင်္ကာပူတွင် ဖမ်းဆီးခံခဲ့ရသည့် ရိုဟင်ဂျာ ဂျီဟတ်အဖွဲ့ဝင်များအား စစ်ဆေးခဲ့ရာတွင် ဒေသတွင်း ၀င်ရောက် စွက်ဖက် လှုပ်ရှားနေသည့် ရက်ဘီတာတူ မူဂျာဟစ်ဒင် အုပ်စု၏ စီစဉ်မှုဖြင့် ဖွဲ့စည်းထားသည့် ဂျမား အစ်စလမ်မီးယား (JI) ၏ခေါင်းဆောင်များမှာ ဟန်ဘလီနှင့် ဘာရှားတို့ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒေသတွင်း မူစလင်အဖွဲ့အစည်းများ၏ အဆက်အသွယ်မှတစ်ဆင့် တက်ကြွတဲ့ ပူပေါင်းဆောင်ရွက်မှုတွေဟာ သင်တန်းများ၊ လက်နက်ဝယ်ယူခြင်း၊ ဘဏ္ဍာရေး၊ သတင်းဖလှယ်ခြင်းနှင့် စစ်ရေးအကြမ်းဖက်မှုလုပ်ငန်းများမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပါတယ်။

အခြားသော ပူးပေါင်းလုပ်ဆောင်သည့် အဖွဲ့အစည်းများမှာ ဂျရာကန် အာ့ခ်ျ မာဒီကာ (GAM)၊ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် ရခိုင်ရှိ အခြားအဖွဲ့အစည်းနှစ်ခုနှင့် မြန်မာပြည်တွင်းရှိ ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အစည်းများ ဖြစ်ပါတယ်။ ARNO ဟာ Al Qaeda နှင့်ဆက်သွယ်ရန် စတင်ခဲ့ပြီး၊ ဧပြီ 2001 တွင် ARNO ၏ ဗဟိုကော်မတီဝင် 5 ဦးဟာ အာဖဂန်နစ်စတန်သို့ သွားရောက်ခဲ့ပါတယ်။ အခြားအနေဖြင့် Republic of Islam Aceh (RIA) နှင့် အီဂျစ်ရှိ Jammah Jihad Mesir (JJM) တို့နှင့်လည်း ARNO ဟာ ပူးပေါင်းခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သေးငယ်သည့် ရိုဟင်ဂျာအစုအဖွဲ့ဟာ မလေးရှားနိုင်ငံ ပတူဝပ် မှာရှိတယ်လို့ ယူဆနိုင်ပါတယ်။

မြန်မာတွေရဲ့ သတင်းပေးပို့ချက်ဟာ ပြည့်စုံလုံလောက်သော ဖြစ်နိုင်ချေတွေရှိပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ အကြံပေးချက်အရ မေလတွင် ARNO ဟာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းရှိ ၎င်းတို့၏ စခန်းများအား ဖယ်ရှားခဲ့ပြီးပြီးခြင်းတွင် အာရကန် စစ်တပ်အဖွဲ့ဝင် 195 ဦးဟာ မြန်မာပြည်ထဲသို့ ၎င်းတို့ဖာသာ ၀င်ရောက်ခဲ့ပါတယ်။ ယခုအထိတော့ ARNO ဟာ ဘင်္ဂလားဒေ့ရှ်ကနေ မရွှေ့ပြောင်းသေးပါဘူး။ မြန်မာတွေရဲ့ အဆိုအရ ARNO နှင့် RSO တို့ဟာ ဘင်္ဂလားဒေ့ရှ်အတွင်းရှိ စခန်း 8 ခုအား အတူတကွထိမ်းသိမ်းလျက် ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ မြန်မာတွေ သတင်းပေးပို့ချက်ဟာ မှန်ကန်သည် ဆိုပင် ဆိုသော်ငြား ၎င်းတို့လုပ်ငန်းစဉ်အတွက် စခန်းအသစ်တစ်ခု ရှာဖွေနေတာ သေခြာပါတယ်။

မြန်မာတွေအမြင်မှာတော့ ၎င်းတို့အုပ်စုဟာ လက်နက်ကိုင်တဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

အဆိုပါ သတင်းပေးပို့ချက်အရ ARNO နှင့် ထိုင်းနယ်စပ်ရှိ မြန်မာလက်နက်ကိုင် အဖွဲ့တို့ ထူးခြားသည့် ဆက်သွယ်မှုအား သတိထားစေရန် အသိပေးလျက် ရှိပါတယ်။ ဖြစ်တန်ရာရှိသည်မှာ ၎င်းတို့အနေဖြင့် (မြန်မာအစိုးရအား ဆိုလိုဟန်ရှိပါသည်) အကြမ်းဖက်မှု တိုက်ဖျက်ရေးအား အမေရိကန်နှင့် ပူပေါင်းဆောင်ရွက်ခြင်းဖြင့် အမှတ်ယူရန် မျှော်လင့်ထားခြင်း ဖြစ်နိုင်ပါတယ်။

မှတ်ချက် ။ ။ 10/10/2002 တွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှ မှတ်တမ်းတင်ခဲ့သည့် 02RANGOON1310 စာတန်းအား Wikileaks မှကူးယူ၍ ဘာသာပြန်ပါသည်။
ရိုဟင်ဂျာအကြမ်းဖက်များရဲ့ လျို့ ဝှက်ချက်များ ၀ီကီလိခ်စ် မှ ဖွင့်ချပြီ

Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှ
ိခြင်း

“အရိုးဆုံးက အဆန်းဆုံးလို့
လူတွေပြောလေ့ရှိကြပါတယ်။
ရိုးရှင်းစွာနေထိုင်ခြင်းကလည်း
 ဘ၀အတွက် အကောင်းဆုံး

ဆိုတာ အောက်မှာဖေါ်ပြမယ့် Interview တစ်ခုမှာ အထင်အရှား တွေ့ရမှာဖြစ်ပါတယ်။

 ပိုင်ဆိုင်မှုတွေထဲက ဒေါ်လာ (၃၁) ဘီလီယံကို ရက်ရက်ရောရောလှူဒါန်းခဲ့တဲ့ ကမ္ဘာပေါ်မှာ ဒုတိယ အချမ်းသာဆုံး သူဋ္ဌေးကြီး Warren Buffett နဲ့ တစ်နာရီကြာ အင်တာဗျူးမှာ CNBC ကိုပြောသွားတဲ့ သူ့ရဲ့ ဘ၀ကို ရှု့မြင်သုံးသပ်ပုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်း လို့ ဘာသာ ပြန်ပြီးမျှဝေလိုက်ပါတယ်။

၁) သူ့အသက် (၁၁)နှစ်မှာသူ့ရဲ့ ပထမဆုံး ရှယ်ယာကို ၀ယ်ယူခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ၀ယ်တာနောက်ကျလို့ အခု နောင်တ ရနေပါတယ်။ (အဲ့ဒီအချိန်တုန်းက အခုထက် အများကြီးဈေးနှုန်းတွေ သက်သာလို့ပါ။ ဒါကြောင့် ကိုယ့်သားသမီး ကိုလည်း ရင်းနှီးမြုတ်နှံဖို့ တိုက်တွန်းအားပေးပါ။

၂) သူအသက် (၁၄)နှစ်မှ သတင်းစာပို့ပြီး ရတဲ့ပိုက်ဆံတွေနဲ့ ယာမြေလေး တစ်ခုဝယ်ခဲ့ပါတယ်။ (စုဆောင်းထားတဲ့ ငွေ လေးတွေပေါင်းပြီး ပစ္စည်းအများကြီးဝယ်လို့ ရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်သားသမီးကိုလည်း စီးပွါးရေးတစ်ခုခုလုပ်ဖို့ တိုက်တွန်းအားပေးပါ။)

၃) သူဟာအခု အချိန်အထိ လွန်ခဲ့တဲ့ အနှစ် (၅၀) မင်္ဂလာဦးတုန်းက ၀ယ်ခဲ့တဲ့ Midtown Omaha က အခန်းသုံးခန်းပဲ ပါတဲ့ အိမ်ကလေးမှာနေတုန်း ပါပဲ။

သူလိုအပ်တာတွေအားလုံး အဲ့ဒီအိမ်လေး ထဲမှာရှိတယ်လို့ သူကပြောပါတယ်။ သူအိမ်မှာအကာအရံတွေ ခြံစည်းရိုးတွေလဲ မရှိပါဘူး။ (ကိုယ်တကယ်လိုအပ်တာထပ် ဘယ်တော့မှ ပိုပြီးတော့ မ၀ယ် ပါနဲ့၊ ကိုယ်သားသမီးတွေကိုလဲ အဲ့ဒီလို တွေးဖို့ လုပ်ဖို့ တိုက်တွန်း အားပေးပါ။)

၎) သူ ဘယ်သွားသွား ကားကို ကိုယ်တိုင်မောင်း သွားတတ်ပြီး သူ့မှာ ကားမောင်းသမားရော သက်တော်စောင့်ရော တစ်ယောက်မှ မရှိပါဘူး။ (သင်က သင်ပါပဲ)

၅) သူဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ပုဂ္ဂလိက ဂျက်လေယာဉ် ကုမဏီကို ပိုင်ဆိုင်ပေမယ့် ပုဂ္ဂလိက ဂျက်လေယာဉ်နဲ့ ခရီးသွားလေ့ ဘယ်တော့မှမရှိပါဘူး။ (ကိုယ်လုပ်စရာရှိတာကို ခြိုးခြံချွေတာစွာနဲ့ ဘယ်လိုပြီးမြောက်အောင် လုပ်မလဲဆို တာအမြဲစဉ်းစားပါ။)

၆) သူ့ရဲ့ Berkshire Hathaway ကုမ္မဏီက ကုမ္မဏီပေါင်း (၆၃) ခုကို ပိုင်ဆိုင်ပါတယ်။ အဲ့ဒီကုမ္မဏီတွေက CEO တွေ ဆီကို သူက (၁)နှစ်ကို စာတစ်စောင်ပဲ ပို့ပါတယ်။

စာထဲမှာ လာမည့်နှစ်အတွက် ရည်းမှန်းချက်တွေကိုပဲ ရေးပေးလိုက် ပါတယ်။ အဲ့ဒါကလွဲလို့ သူတို့ဆီ ပုန်မှန်ဖုန်းဆက်ခြင်း၊ အစည်းအဝေးလုပ်ခြင်းတွေ ဘယ်တော့မှ သူမလုပ်ပါဘူး။
(သင့်တော်တဲ့ လူကိုသင့်တော်တဲ့ နေရာပေးပါ။)

၇) အဲ့ဒီ CEO တွေကိုစ စည်းကမ်းချက် (၂) ခုပဲထုတ်ထားပါတယ်။ စည်းကမ်းချက်(၁) သင့် ရှယ်ယာဝင်တွေရဲ့ ငွေ တွေကိုလုံးဝ မဆုံးရှုံးပါစေနဲ့။ စည်းကမ်းချက်(၂) စည်းကမ်းချက် (၁) ကို မမေ့ပါနဲ့။ (ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ် ပါ၊ ပြီးရင်အဲ့ဒီအပေါ် လူတွေ (လက်အောက်ငယ်သားတွေ၊) အာရုံစူးစိုက်တာ သေချာပါစေ။

၈) သူ အထက်တန်းလွှာက လူတွေနဲ့ ပေါင်းသင်းသွားလာခြင်း မရှိပါဘူး။ အိမ်ပြန်ရောက်တဲ့ အချိန်မှာ သူ လုပ်လေ့ ရှိတာက ပြောင်ဖူးပေါက်ပေါက်တွေ ကိုယ်တိုင်လုပ်ပြီး TV ထိုင်ကြည့်တာပါပဲ။

(မကြွားဝါပါနဲ့ ကိုယ်နေတတ်သလိုသာ နေပါ။ ကိုယ်နှစ်သက်တာတွေ လုပ်ပါ။)
၉) သူဟာ ဆဲလ်ဖုန်း သယ်လေ့ မရှိသလို သူ့ အလုပ်စားပွဲပေါ်မှာလဲ ကွန်ပျူတာ မရှိပါဘူး။

၁၀) ကမ္ဘာ္ဘပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ Bill Gates က သူနဲ့ လွန်ခဲ့တဲ့ (၅)နှစ်ကမှ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ Bill Gates က သူနဲ့ Warren Buffett ဘာမှ တူညီတာသိပ်မရှိဘူး (ပြောစရာ သိပ်မရှိဘူးထင်တာနဲ့) နာရီဝက်ပဲတွေ့ ဆုံဖို့စီစဉ်ခဲ့ပါ တယ်။

 တကယ်တမ်း တွေ့ဆုံတော့ တွေဆုံမှုဟာ (၁၀)နာရီအထိ ကြာမြင့်ပြီး Bill Gates ဟာ သူ့ကို အထူးချစ်ခင်လေး စားသူ တစ်ယောက်ဖြစ်သွား ပါတော့တယ်။

လူငယ်တွေအတွက် Warren Buffett ရဲ့ အကြံပေးချက်တွေကတော့....
Credit Card (ဘဏ်ချေးငွေ) တွေကို ဝေးဝေးကရှောင်ပြီး ကိုယ့်အတွက် ကိုယ်ရင်းနှီး မြှုတ်နှံပါ- မှတ်မိနေရမယ့်
အရာတွေကတော့ . . . .

(၁) ငွေက လူကိုဖန်တီးခဲ့တာ မဟုတ်ဘဲ လူကပဲငွေကို ဖန်တီးခဲ့တာပါ။
(၂) ဘ၀ကို ကိုယ့်အရှိအတိုင်း ရိုးရိုးရှင်းရှင်း နေထိုင်ပါ။
(၃) သူများတွေပြောတိုင်း လိုက်မလုပ်ပါနဲ့။ နားတော့ထောင်ပါ။ ဒါပေမယ့် ကိုယ်ကောင်းမယ် ထင်တာကိုသာလုပ်ပါ။

(၄) အ၀တ်အစားနဲ့ ပတ်သက်ရင်လဲ နံမည်ကြီးတံဆိပ်တွေနောက်ကို မလိုက်ပါနဲ့ ကိုယ်ဝတ်ရတာ သက်တောင့် သက်သာ ရှိတာတွေကိုပဲ ၀တ်ပါ။
(၅) မလိုအပ်တဲ့ အရာတွေအတွက် ပိုက်ဆံကို မဖြုန်းတီးပါနဲ့၊ တကယ်လိုအပ်နေတဲ့ သူတွေအတွက် သာသုံးပါ။
(၆) ဘာပဲပြောပြော ဒါဟာ ကိုယ့်ရဲ့ ဘ၀ပါပဲ။ ဘာလို့ သူများတွေကို ထိန်းချုပ်ချယ်လှယ်ခွင့် ပေးရမှာလဲ။

အပျော်ဆုံးလူတွေဟာ အကောင်းဆုံးတွေကိုချည်းပဲ ရထားကြတာ မဟုတ်ပါဘူး၊
သူတို့ရဲ့ ဘ၀လမ်းမှာ ကြုံတွေ့ရတဲ့ အရာတွေကိုပဲ တန်ဖိုးထား နှစ်သက်ကြတာပါ။

ခရိုနီ ဆိုသည်ကို ထူးခြားစွာရှင်း
လင်းတင်ပြရန်မလိုတော့ပါ၊
 “ကြက်ခရိုနီဟင်းလေးစားချင်လို့
“ ဆိုတဲ့ကာတွန်း ကိုသတိရ
မိပါတယ်၊ သေချာတာကတော့

 မြန်မာပြည်ကခရိုနီဆိုသည်မှာ အစိုးရတာဝန်ရှိသူများ နဲ့”ပေါင်းစား “ခြင်းပဲဖြစ်ပါတယ်..အခွင်းထူးခံ၊အမြတ်ကြီးစား၊ခေါင်းပုံဖြတ် သယံဇာတတွေကိုကိုယ်ပိုင်ပစ္စည်းလို့သဘောထား ၊သူခိုးဈေးနဲ့ရောင်း ၊ ရတဲ့အမြတ်ကို ဝေစားမျှစားလုပ်၊ပြည်သူနဲ့  အောက်ခြေ၀န်ထမ်းများကို လှည့်တောင်မကြည့်ကြတာကိုတွေ့ရပါတယ်၊အဲဒီလိုပဲ ခရိုနီတွေလိုလုပ်နေတဲ့ အစိုးရကတရားဝင်ဖွဲ့စည်းလုပ်ကိုင်ခွင့်ပေးထားတဲ့အဖွဲ့အစည်းတွေလဲရှိပါတယ်၊

 ဥပမာကတော့ MEC နဲ့ ဦးပိုင်ပါ..၊ဖွဲ့စည်းထားတဲ့ရည်ရွယ်ချက်ကောင်းပေမဲ့ ..လုပ်ရပ်တွေက အဆင့်အတန်းမရှိ၊ပွင့်လင်းမြင်သာမှုမရှိနဲ့လုပ်ကိုင်နေကြတာပါ၊ခရိုနီတွေရော အဲဒီအဖွဲ့အစည်းတွေကပါ တကြိတ်ကြိတ်နဲ့..လုပ်ကိုင်နေကြတာကတော့…သာမန်ကိစ္စမဟုတ်ပဲ..မြန်မာပြည်ရဲ့သယံဇာတထုခွဲရောင်းချမှုတွေ၊နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေနဲ့..ကြိတ်ဝိုင်းတွေနဲ့ဆုံးဖြတ်ပြီးလုပ်ပိုင်ခွင့်ပေးလိုက်ကြတဲ့..ကြီးမားလှတဲ့. စီးပွားရေးဆိုင်ရာလုပ်ငန်းလုပ်ပိုင်ခွင့်ကြီးတွေပါ..။အဲဒါအပြင်..အခွန်ဆိုတာ..ရှောင်စရာမလိုအောင်မသိချင်ယောင်ဆောင်ခဲ့ကြပြီး..လက်ဝါးရိုက်ထားသကဲ့သို့ ဖြစ်ခဲ့ကြပါတယ်။

အဲဒီမှာတွေ့လာတာကတော့အရင်စစ်အစိုးရလက်ထက်ကလက်သိပ်ထိုးဆုံးဖြတ်ချက်ချပြီးလုပ်ကိုင်ခဲ့တဲ့လုပ်ငန်းတွေဟာဒီမိုကရေစီအစိုးရလက်ထက်မှာ  ပြည်သူကသိခွင့်လေ့လာခွင့်ရလိုက်သလိုဖြစ်သွားခဲ့ပြီး..၊ခရိုနီဆိုတာပြည်သူလူထုရွံမုန်းတဲ့လူတန်းစား၊အာဏာရှင်ဆိုတာပြည်သူတွေအတွက်ဘာမှအကျိုးမပြုပဲကိုယ့်သားစဉ်မြေးဆက်ကောင်းစားစေဖို့ပဲလုပ်ခဲ့ကြတယ်ဆိုတာကိုပါ..၊
ခရိုနီတွေဟာအရင်စစ်အစိုးရလက်ထက်လူကြီးတိုင်းနဲ့ပလဲနံပသင့်ခဲ့ပြီး…ရွှေလမ်းငွေလမ်းတွေဖေါက်ခဲ့ကြတာတွေအပြင်ပထမမျိုးဆက်စစ်အစိုးရလူကြီးတွေရဲ့သားသမီးအချို့ကိုယ်တိုင်က..ဒုတိယနဲ့တတိယမျိုးဆက်စစ်အစိုးရလူကြီးတွေလက်ထက်မှာ..ခရိုနီလက်သစ်တွေပြန်ဖြစ်နေကြတော့..အရင်စစ်အစိုးရလက်ထက်လုပ်ရပ်တွေကိုအခြေခံဥပဒေပုဒ်မ ၄၄၅ အရ ကာကွယ်ဖို့တာဝန်ရှိလာတဲ့ အရပ်သားအစိုးရဟာ ခရိုနီတွေနဲ့ပတ်သက်ရင် သဘောထားမပြတ်သားတာတွေတွေ့ရတာမထူးဆန်းပါဘူး၊တခြား မပြတ်သားနိုင်တဲ့အချက်တွေကတော့..စစ်အစိုးရလက်ထက်မှာကြီးမားတဲ့စီမံကိန်းကြီးဖြစ်တဲ့နေပြည်တော်စီမံကိန်း၊စစ်လက်နက်ပစ္စည်းဝယ်ယူရေးကိစ္စတွေနဲ့  တရုတ်နိုင်ငံနဲ့ကျွံထားခဲ့တဲ့တရုတ်ကိုတစ်ဖက်သတ်အလုပ်အကြွေးပြုသလိုဖြစ်နေတဲ့  သယံဇာတတူးဖေါ်ရောင်းချရေးကိစ္စတွေမှာ ခရိုနီတွေ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်ခဲ့ပြီး တစ်ယောက်ကိုတစ်ယောက်ပုံအပ်ကာစွယ်တော်ရွက်လိုဖြစ်နေကြလို့ပါပဲ..၊

အစိုးနဲ့တပ်မတော်ရဲ့မဟာဗျူဟာစီမံကိန်းအချို့ဟာလဲ ပြည်သူလူထုကိုတောင်ခေါင်းပုံဖြတ်တဲ့..၊ကိုယ်ကောင်းစားဖို့ပဲသိတဲ့ခရိုနီလို..တရုတ်လိုမျိုးလက်ထဲရောက်နေတာဟာ..ကောင်းတယ်လို့ထင်ပါသလား..?

အဲဒီတော့ အခြေခံဥပဒေ ပုဒ်မ ၄၄၅ ဟာ ယခင်နအဖ အစိုးရလုပ်ချင်တာလုပ်ခဲ့တာကိုသာမက..ခရိုနီတွေနဲ့ ဦးပိုင်၊MEC စတဲ့အဖွဲ့တွေအပြင် တရုတ်နိုင်ငံရဲ့အကျိုးစီးပွားကိုပါ သွယ်ဝိုက်ပြီးအကာအကွယ်ပေးနေတယ်လို့ သေသေချာချာတွက်ဆလို့ရပါတယ်။

စစ်အစိုးရနဲ့အရပ်သားအစိုးရရဲ့လက်သုံးစကားဖြစ်တဲ့“စီးပွားရေးပိတ်ဆို့လို့တိုင်းပြည်မတိုးတက်တာ”ဆိုတဲ့စကားဟာလဲ.လေ့လာသူတွေ၊အသိပညာမြင့်မားလာတဲ့ပြည်သူတွေကလက်မခံနိုင်တော့တာသေချာပါတယ်..၊ခရိုနီတွေနဲ့စစ်အစိုးရမိသားစုဝင်တွေရဲ့ချမ်းသာမှုတွေကိုသိရတဲ့အချိန်မှာ၊အမြတ်ကြီးစားကိုယ်ကြိုးရှာခဲ့တာကိုသိရတဲ့အချိန်နဲ့ စီးပွားရေးပိတ်ဆို့လို့တိုင်းသူပြည်သားတွေကိုမငဲ့ပဲ ကိုယ်ကြိုးရှာတာတွေကို မျက်ဝါးထင်ထင်တွေ့ရတဲ့အချိန်မှာဖြစ်ပါတယ်၊အဲဒီတော့ “စီးပွားရေးပိတ်ဆို့လို့မတိုးတက်တာ”ဆိုတဲ့ စကားဟာ ထန်းလက်နဲ့ကာသလိုပဲဆိုတာအားလုံးနားလည်ပြီးသားဖြစ်မှာပါ..

ခရိုနီတွေဟာစစ်အစိုးရရဲ့အကျိုးရှိနိုင်တဲ့လုပ်ငန်းတွေကိုနှစ်ဦးသဘောတူလုပ်ဆောင်ပေးရင်းစစ်အစိုးရလက်ထက်မှာသူတို့ကိုသူတို့အကြောင်းသိသူတွေက..၊အင်တာနက်စတဲ့မီဒီယာတွေကတစ်ဆင့်တိုက်ခိုက်တာတွေကို ကောင်းကောင်းသင်ခန်းစာယူပြီးအစိုးရသစ်လက်ထက်မှာစစ်အစိုးရအရောင်ပြောင်းတွေနဲ့ပူးပေါင်းပြီး..ကိုယ်ပိုင်မီဒီယာ လုပ်ငန်းတွေကိုထူထောင်နေကြတာ၊နာမည်ရမီဒီယာလုပ်ငန်းအချို့ကိုစည်းရုံးမွေးစားလွှမ်းမိုးလာတာတွေကိုတွေ့လာရပါတယ်၊ဒါတွေဟာသတိထားရမဲ့အချက်တွေပါ..၊သူတို့ကိုယ်သူတို့ကာကွယ်ဖို့မီဒီယာလက်နက်ကိုပြန်သုံးနေပါပြီ..၊အရင်စစ်အစိုးရလက်ထက်ကလိုနားဝင်ဆိုးတဲ့အသံတွေနဲ့..တိုက်ရိုက်မတိုက်ခိုက်ပဲ..၊လူထုအကြိုက်တွေနဲ့ရောထည့်ပြီးလိုချင်တာလေးတွေကိုပါးပါးလေးပုတ်ပြီး ထည့်တာတွေကို တွေ့မြင်လာရပါပြီ..၊Facebookလိုsocialmedia တွေမှာပါ professional Team တွေနဲ့လူကြိုက်များတဲ့Accont တွေဖန်တီးပြီး ၀ါဒဖြန့်ချီရေးနည်းတွေကို   ပြောင်မြောက်စွာဆောင်ရွက်တတ်လာပါပြီ..၊

တရုတ်ကိစ္စ..ခရိုနီကိစ္စ ဆူပွက်စပြုလာတိုင်း အာရုံပြောင်းသတင်းတွေ.အာရုံလွဲသတင်းတွေပွထလာတတ်တာတွေကို ၁၀ ကြိမ်ထက်မနည်း သတိထားမိလာပါတယ်...။

အဓိကကတော့ ဒေါ်စုကိုပြည်သူတွေကထောက်ခံတဲ့ထောက်ခံမှုကို လျှော့ကျသွားစေဖို့၊အမှန်အတိုင်းရေးတတ်တဲ့မီဒီယာတွေကိုလွှမ်းမိုးဖို့ နဲ့ အတိုက်အခံဘက်ကို တစ်ဘက်သတ်ထောက်ခံတဲ့ပြည်သူကို...သူတို့ဘက်ကိုမျှဝေဖို့ပါ၊
အဲဒီအချက်အောင်မြင်မှုရှိမရှိ အင်တာနက်သတင်းဖတ်သူတွေအသိဆုံးပါ၊ ခရိုနီတွေဟာအဲဒီဘက်ကိုငွေအင်အားလူအင်အားများများနဲ့ဖိလာကြပါပြီ။

အဲဒီတော့..ယခင်ကဦးကျော်ဆန်းရဲ့  “မီဒီယာကိုမီဒီယာနဲ့တိုက်မယ်”ဆိုတဲ့စကားကစစ်အစိုးရလက်ထက်မှာရှုံးနိမ့်သွားလို့…အခုမှသူတို့ဘက်က  ပြည့်ပြည့်စုံစုံပြင်ဆင်ပြီးတိုက်ပွဲပြန်ဝင်လာသလိုပါပဲ…၊

ပြီးခဲ့တဲ့ကာလတစ်ခုတုန်းကရွှေသံလွင်ကဆီမှောင်ခိုကိစ္စဖြစ်ပြီးမကြာပါဘူး၊နိုင်ငံတော်သမ္မတရဲ့ငလျှင်ဒဏ်ခံဒေသတွေကိုသွားတဲ့ခရီးစဉ်မှာငွေသိန်းပေါင်းများစွာလှုသွားပါတယ်
၊ဖြစ်ဖြစ်ချင်းဘာလို့စေတနာသဒ္ဒါတရားကပေါ်မလာပါသလဲ..၊
ဆီတစ်ခုတည်းကရတဲ့အကျိုးအမြတ်ကအဲဒီထက်ဘယ်နှစ်ဆရနေပါသလဲ.
.တခြားလုပ်ငန်းတွေလက်ညှိုးထိုးမလွဲရှိနေပါတယ်၊အကျိုးအမြတ်အမှန်နဲ့နိုင်ငံတော်အခွန်ကအဲဒီထက်များပါသလား?
၊နောက်ဆုံးက
ဆီမှောင်ခိုမှုဘယ်လိုအရေးယူဆုံးဖြတ်မှာပါလဲ?
ဒီလိုမျိုးခရိုနီတွေဘယ်နှစ်ယောက်များရှိနေပါသလဲ..
၊ပြီးတော့..စက်သုံးဆီတစ်မျိုးထဲပဲမှောင်ခိုချနေတာသေချာပါသလား?
Comment တစ်ခုထဲရေးသလိုမျိုး  
သာမန်သူခိုးကတော့ထောင်ကျတယ်၊တကယ့်အကြီးစားသူခိုးတွေကတော့ထောင်မကျတဲ့အပြင်သမ္မတကြီးနားတောင်ကပ်လို့ရတယ် ဆိုတာ…မျိုးတော့မဖြစ်လောက်ဘူးထင်ပါတယ်၊

လူငယ်တွေဟာပညာရေးကိုစိတ်မ၀င်စားတော့ပဲ..ပိုင်ရာဆိုင်ရာရှိရင်ချမ်းသာတယ်ဆိုတဲ့အတွေးအခေါ်တွေ..ငွေလွယ်လွယ်ရချင်တဲ့စိတ်တွေရှိနေတာ၊..မြန်မာမိန်းကလေးတွေစာရိတ္တပျက်ပြားပြီး..စပွန်ဆာရှိရင်..တစ်သက်လုံးထိုင်စားရုံပဲ ဆိုတဲ့အတွေးအခေါ်တွေ၊…မာဆတ်နဲ့ကေတီဗီတွေ၊အနှိပ်ခန်းတွေမှာ..လုမှုရေးဦးတည်ချက်ထဲကတမျိုးသားလုံးရဲ့စိတ်ဓာတ်နဲ့အကျင့်စာရိတ္တမြင့်မားရေးကိုဖေါ်ပြနေကြတာတွေဟာဒီခရိုနီတွေကြောင့်ဆိုတာ သိပါလေစ....၊

နောက်တစ်ခုကမြောက်ကိုးရီးယားက လက်နက်ထုတ်မဲ့ပစ္စည်းတွေပို့တာကိုဂျပန်ဆိပ်ကမ်းမှာမိပါတယ်..၊ အစိုးရပြောခွင့်ရှိသူကပြန်ရှင်းပါတယ်..စိုးမင်းထိုက်ကုမ္မဏီနဲ့သာသက်ဆိုင်မယ်လို့ပြောထားပါတယ်…
၊နိုင်ငံတကာအဆင့်ကျွမ်းကျင်သူတွေကစစ်ဆေးပြီးအတည်ပြုထားတဲ့ဒီလက်နက်တွေရဲ့ဆက်စပ်ပစ္စည်းတွေကိုသူများနိုင်ငံမှာမိတဲ့ကုပ္ပဏီကိုဘယ်လိုပြင်းထန်တဲ့အဆင့်အထိအရေးယူသင့်တယ်ဆိုတာနားလည်မှာပါ၊..မှတ်ပုံတင်တာဘယ်သူတင်ပေးတာပါလဲ။မြန်မာနိုင်ငံမှာမှတ်ပုံတင်တာပဲမဟုတ်ဘူးလား
၊နိုင်ငံတကာနဲ့(အထူးသဖြင့်အမေရိကန်နဲ့)အဆင်ပြေအောင်ဆက်ဆံနေတဲ့ဒီလိုအချိန်မှာ…ဒီလိုအိုးမဲသုတ်တဲ့လုပ်ရပ်ကိုကမ္ဘာသိကျူးလွန်တဲ့အတွက်..
ဘယ်သူမှစိတ်မဆိုးကြဘူးလား?..?? သည်းခံခြင်းတရားကိုပဲချီးကျူးရမှာလား?
မနှစ်ကအင်တာနက်သတင်းတွေအရတော့..အဲဒီကုမ္မဏီဟာ….ကကထုတ်မှာ တော်တော်သြဇာရှိတယ်လို့သိရပါတယ်..၊အဲဒီတော့..အခုဖြစ်တဲ့..ဒီကိစ္စကတပ်မတော်ကသမ္မတကြီးမသိအောင်လုပ်နေတာလား?
အဲဒီတော့ဘယ်လို့သုံးသပ်ကြမှာပါလဲ?

နောက်တစ်ခုကလက်ပတောင်းတောင်ကိစ္စမှာပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့် ဒေဒသခံတွေရဲ့နစ်နာမှုတွေကြောင့်ရော..၊ဆန္ဒပြနေကြပါတယ်.၊အဲဒါတွေကိုလဲအခုနှိမ်နင်းနေပါတယ်၊အဲဒီကိစ္စမှာတစ်ဖက်ကကြည့်ရင် နိုင်ငံတကာရှေ့မှာကတိပျက်တာမျိုးလဲမကောင်းသလိုကိုယ့်ဘက်ကလဲအကုန်လုံးနစ်နာနေတာလဲမကောင်းပါဘူး..
ပွင့်လင်းမြင်သာမှုမရှိလို့အမှိုက်ကစပြသာဒ်မီးလောင်နေရတာပါ။
ပွင့်လင်းမြင်သာမှုရှိခဲ့ရင်လဲသူတို့အိတ်ထဲဘယ်ထည့်လို့ရတော့မှာလဲ၊

လွှတ်တော်မှာ   လက်ပတောင်းတောင်ကိစ္စကိုကာကွယ်ရေးဝန်ကြီးရှင်းလင်းတဲ့အပိုင်းကအကာပါးပါးလေး၊...အခွံလေးပဲပြသွားတာပါ၊
ဥပမာ-တပ်မတော်သားတွေကိုထောက်ပံ့နေတယ်ဆိုတဲ့အပိုင်းကရီစရာကောင်းပါတယ်၊ဘာလို့လဲဆိုတော့ ..

ဦးပိုင်ကိုထူထောင်ပြီးနောက်ပိုင်းမှာမှ တပ်မတော်သားအောက်ခြေအဆင့်တွေရဲ့ဘ၀တွေက တဖြည်းဖြည်းနဲနှစ်ပြားမတန်ဘူးဖြစ်လာလို့ပါ

တပ်တိုင်းတပ်တိုင်းမှာလိုက်ကြည့်စေလိုပါတယ်၊ဦးပိုင်ကဘာတွေများပေးထားလဲ၊ဘာတွေပြောင်ပြောင်ရောင်ရောင်ဖြစ်လာလို့လဲ၊ဦးပိုင်ကတပ်မတော်အတွက်ဆိုရင်
ဦးပိုင်ငွေစာရင်းရှင်းတမ်းတွေကိုတောင်အောင်ခြေစစ်သားတွေကို…ရှင်းပြခဲ့တာရှိပါသလား
၊မြန်မာစစ်တပ်ကတော့အမေရိကန်တပ်မတော်အဆင့်နဲ့ကိုဆက်ဆံချင်တာတပိုင်းသေနေတယ်..၊အောက်ခြေကတပ်မတော်သားတွေကိုအာဆီယံအဆင့်လောက်တောင်လုပ်ပေးနိုင်လို့လား.
.လေ့လာဆန်းစစ်သင့်ပါတယ်၊ဦးပိုင်က ရရနေတဲ့ငွေတွေနဲ့စစ်တပ်အောက်ခြေအဆင့်ကိုတကယ်ထောက်ပံ့လို့ရမရသူတို့အသိဆုံးပါ၊
လွှတ်တော်ကတစ်မတ်သားတွေကရောတပ်မတော်သားအောက်ခြေအဆင့်တွေတိုးတက်ဖို့အတွက်..ဘာတွေတင်ပြခဲ့ကြဘူးသလဲ၊
 
ကာကွယ်ရေးဝန်ကြီးကတော့စာဖတ်နေသူကြီးရဲ့လက်ရင်းတပည့်မို့လို့ပြောင်ရောင်နေပေမဲ့..အောက်ခြေအဆင့်တပ်တွေကိုတကယ်ကြည့်ဖူးလား၊
တပ်မတော်ဆိုတာပြည်သူ့အကျိုးစီးပွားကာကွယ်ဖို့လား၊တပ်မတော်သားတွေနဲ့ပြည်သူတွေရဲ့အကျိုးစီးပွားကာကွယ်ဖို့လား၊တရုတ်အကျိုးစီးပွားကာကွယ်ဖို့လား၊ပုဒ်မ ၄၄၅ နဲ့ကာကွယ်ပေးထားတဲ့သူတွေရဲ့အကျိုးစီးပွားကာကွယ်ဖို့လား..၊

တကယ်ဆိုဦးဝေလွင်ပြောတဲ့စကားက တပ်မတော်သားတွေကဆန္ဒပြတဲ့ပြည်သူတွေကိုအထင်လွဲအောင် "တပ်မတော်နဲ့ဆန္ဒပြနေတဲ့..ပြည်သူကို တေ့ပေးလိုက်တဲ့စကား"ဆိုတာမြေကြီးလက်ခတ်မလွဲပါဘူး။

လက်ပတောင်းတောင်ကိစ္စမှာ..တရုတ်နဲ့မြန်မာနိုင်ငံနဲ့တပ်မတော်နဲ့ ဘယ်သူကအကျိုးအမြတ်ပိုရလဲ..၊တို့ခြံထဲကို လက်ဘက်ရည်ဖိုးလောက်ပဲပေးပြီး အိမ်ဝင်ဆောက်ခံရသလိုပါပဲ၊

အဲဒီမှာဦးအောင်မင်းအကြောင်းလဲပြောချင်ပါတယ်၊ဦးအောင်မင်းဟာအပြုသဘောဆောင်တဲ့ငြိမ်းချမ်းရေးလုပ်ရပ်တွေနဲ့နာမည်ရလာတာကြောင့်ထောက်ခံတဲ့သူတွေရှိနေပေမဲ့..ပြည်သူတွေသတိမထားမိတာကသူနှစ်ပေါင်းများစွာတာဝန်ယူခဲ့တဲ့ရထားဝန်ကြီးဌာနရဲ့ရထားပို့ဆောင်ရေးလုပ်ငန်းရဲ့စုတ်ပြတ်သတ်ယိုယွင်းမှုတွေ၊ကညနရဲ့မော်တော်ကားကိစ္စအကျင့်ပျက်ချစားမှုတွေမှာအဓိကတာဝန်ရှိသူဆိုတာကိုမေ့နေကြပါတယ်၊
အဓိကကတရုတ်ကိုမြန်မာ့မီးရထားကပိုင်တဲ့ရှေးဟောင်းရထားစက်ခေါင်းတွေကိုအလကားပေးလိုက်တဲ့အတွက်တရုတ်အနေနဲ့နွားငတ်ရေကျဖြစ်ပြီးတရုတ်ကသူ့ရဲ့ရီကွန်ဒေးရှင်းစက်ခေါင်းတွေ(တစ်ချိန်မှာSparepartsနဲ့ငွေပြန်ရနိုင်တယ်ဆိုတာတရုတ်ကတွက်ပြီးအလကားပေးနေတာမျိုးတွေ)ပြန်ရတာကိုကျေနပ်နေလို့မရပါဘူး..၊လွန်ခဲ့တဲ့နှစ် ၁၀၀ လောက်သက်တမ်းရှိ မော်တော်ကားတစ်စင်းကိုတောင် ကမ္ဘာ့လေလံပွဲတွေမှာ ဒေါ်လာသိန်းသန်းပေါင်း ဘယ်လောက်တွေနဲ့လေလံပစ်နေပါသလဲလေ့လာစေချင်ပါတယ်၊
“ i pad ဟာခွေးလက်ထဲမှာ အမဲရိုးလောက်တောင်အသုံးမ၀င်ဘူး” လို့ပတ်ဝန်းကျင်ကရိုင်းရိုင်းစိုင်းစိုင်းကဲ့ရဲ့းကြမှာမရှက်ကြဘူးလား၊ ဒါမှမဟုတ်သူပြောတဲ့ကျေးဇူးရှင်တရုတ်ကို.ဖါးချင်လွန်းလို့လား…၊စကားနဲ့ဇာတိ.မပြပါနဲ့လို့ပြောချင်ပါတယ်၊

တကယ်ဆိုမြန်မာ့ပြည်ရဲ့ရှားပါးလားတဲ့သယံဇယတတွေကိုတရုတ်က..အညွန့်ခူးစားခဲ့တာတွေ..
မြန်မာ့သယံဇာတတွေကြောင်တရုတ်နိုင်ငံရဲ့အရင်ကမဖွံ့ဖြိုးခဲ့တဲ့…ယူနန်ပြည်နယ်တိုးတက်ဖွံ့ဖြိုးခဲ့သလို..၊
တရုတ်တွေအတွက်..လူကိုပါပို့ပေးတဲ့မြန်မာလူမျိုးတွေပါ..၊
နာဂစ်တုန်းကတရုတ်ရဲ့ဗီတိုအာဏာသုံးပေးဖို့အရေး..ဧရာဝတီတိုင်းရေနစ်နေတဲ့သူတွေကိုကယ်မဲ့နိုင်ငံစုံရေတပ်ကယ်ဆယ်ရေးအဖွဲ့ကိုငြင်းဆန်ခဲ့လို့ကယ်ဆယ်မှုကြန့်ကြာပြီး မသေသင့်ပဲသေရပေးတဲ့သူသိန်းပေါင်းများစွာ..၊
 အဲဒါတွေကိုကြည့်ရင်တရုတ်ကမြန်မာတွေရဲ့ကျေးဇူးရှင်လား၊မြန်မာနိုင်ငံကတရုတ်ရဲ့ ကျေးဇူးရှင်လား၊????ဦးအောင်မင်းဖြေပေးပါ..၊

ဒါမှမဟုတ်တရုတ်က…လက်တစ်ဆုတ်စာစစ်အာဏာရှင်တွေအတွက်ကျေးဇူးရှင်လား….သေချာသုံးသပ်စေလိုပါတယ်။
တပ်မတော်ကတပ်မတော်ဖြစ်ပြီး စစ်အာဏာရှင်ကစ်အာဏာရှင်ပါ၊       တခြားစီပါ၊

နောက်တစ်ခုက နိုင်ငံတော်ခရိုနီတွေထဲမှာ..ထွန်းမြင့်နိုင်လိုတရုတ်ကျောထောက်နောက်ခံသူတွေပါနေတာကိုတွေ့ပါတယ်။
အရင်နအဖအစိုးရလက်ထက်က မီဒီယာတွေမှာ ဒေါ်စုတို့ကိုဒီမိုကရေစီလှုပ်ရှားသူတွေကိုအမေရိကန်နဲ့အနောက်အုပ်စုရဲ့ပုဆိန်ရိုးဆိုပြီး နအဖက၀ါဒဖြန့်ခဲ့ပါတယ်..

ဒီတော့…အရင်ကာလတွေကတရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံကိုချေးနိုင်သေးနိုင်နိုင်မှု..အဆီချည်းပဲမျိုထားတာတွေကိုလေ့လာပြီး..ပြန်လည်မေးခွန်းထုတ်စရာဖြစ်လာတာက..အရင်နအဖလက်ထက်ကခရိုနီအချို့အပါအ၀င် အစိုးရသြဇာရှိသူတွေကြားထဲမှာတရုတ်ကွန်မြူနစ်ပါတီကိုလူမသိသူမသိ သစ္စာခံသူတွေများရှိနေပြီလား…?လို့ ပြန်မေးလို့ရပါတယ်..ဒီသဘောလေးပါ၊

အခုဒီNoteကိုရေးနေရင်းနဲ့လက်ပတောင်းတောင်မှာသပိတ်စခန်းကိုဖြိုခွဲလိုက်တာကိုတွေ့ရပါတယ်၊ဒေါ်စုမလာခင်ဘာလို့လုပ်ရတာလဲ၊ဒေါ်စုကိုလာမြောက်ပေးနေတယ်လို့အတွေးတိမ်တိမ်နဲ့တွေးပြီးလုပ်တာလား၊ဒေါ်စုကငြိမ်းငြိမ်းချမ်းချမ်းစေ့စပ်ညှိနှိုင်းဖို့လေ့လာရင်..ကိုယ့်အခြေနေမှန်တွေကိုပါသိမှာစိုးလို့လား၊ညောင်မြစ်တူးပုတ်သင်ဥပါပေါ်နေတာတွေရှိနိုင်လို့လား…၊
သေချာတာကတော့..ဒီလိုနှိမ်နင်းလိုက်လို့

-မြန်မာ့မြေပေါ်မှာတရုတ်လုပ်ငန်းတွေဆက်လက်ရပ်တည်ဖို့ခက်ခဲတော့မယ်ဆိုတာရယ်။
-ဦးပိုင်ကပြည်သူတွေရဲ့မုန်းတီးမှုကိုခံရပြီးစာရင်းတောက်ရှောက်ရှင်းရတော့မယ်ဆိုတာရယ်။အခန့်မသင့်ရင်တပ်မတော်သားအောက်ခြေအဆင့်နဲ့ပါပြန်ထိပ်တိုက်တွေ့နိုင်တယ်ဆိုတာရယ်။

နောက်တစ်ခုကတော့ ခရိုနီ၊ဦးပိုင်၊တရုတ်ကိစ္စတွေရဲ့ဝက်အူရစ်လိုရှုပ်ထွေးနေတဲ့ ပြသနာတွေအားလုံးရဲ့အရင်းခံ..နအဖဘိုးဘိုးတွေကိုဒီတိုင်းမထားသင့်တော့တာပါ။

ဖြစ်စေချင်တာကတော့..
၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၄၅ ကို ..ဒီလိုပြင်ချင်ပါတယ်..

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ယခင် နယက အစိုးရ ၏ဆောင်ရွက်ချက်များကိုဆက်ခံသည့်အတွက်နယကအစိုးရဆောင်ရွက်ချက်များကြောင့်ဖြစ်ပေါ်လာသောပြသနာများကိုပြည်သူလူထုကျေနပ်သည်အထိဖြေရှင်းပေးရန်တာဝန်ရှိ သကဲ့သို့၊ နယကမှ ဆောရွက်ခဲ့သည့်ပြည်သူ့အကျိုးစီးပွားထိခိုက်စေသည့်..တစ်ခြားနိုင်ငံများ၏အကျိုးစီးပွားသက်သက်ကိုသာရည်ရွယ်သည့် လုပ်ငန်း၊စီမံကိန်းများအား..မိနိုင်ငံနှင့်ပြည်သူအတွက် အကျိုးယုတ်စေမည်ဟုယူဆပါက ပြန်လည်စိစစ်ဖျက်သိမ်းပြီး..ထိုစဉ်ကသက်ဆိုင်ရာတာဝန်ရှိသူးများအား စုံစမ်းစိစစ်ဖေါ်ထုတ်အရေးယူဆောင်ရွက်ပိုင်ခွင့်ရှိသည်”

ဆိုရင်ဘယ်လောက်ကောင်းလိုက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်မလေလဲလို့..အိပ်မက်မက်မိပါကြောင်း…….

ထပ်မံဖြည့်စွက်ချက်

မနက်က ဖြစ်ပေါ်ခဲ့တဲ့ လက်ပံတောင်းတောင်မှ ကြေးနီစီမံကိန်း ဆန္ဒပြ သပိတ်စခန်း အား အငြင်းပွားဖွယ် .. မီးလောင်စေသောလက်နက်ဖြင့် အင်အားသုံးဖြိုခွင်းသော ကိစ္စရပ်တွင်.....

အမှတ်မထင် ကြည့်လျှင် .... လက်ပံတောင်းတောင်မှ ဆန္ဒပြ ရဟန်းရှင်လူများ ရှူံးနိမ့်ဆုတ်ခွာခဲ့သည်ဟု အလွယ်တွေးတောနိုင်သော်လည်း....။

တကယ်တမ်းတွင် ရှုံးနိမ့်သည်များထဲမှ အချို့ကို ကောက်နှုတ်သော်....။

(၁) ဦးသိန်းစိန် အစိုးရ၏ တစ်နှစ်ခွဲကျော်ကြာ တည်ဆေ
ာက်ထားခဲ့ရသော ပြည်သူတို့၏ ယုံကြည်ကိုးစားမှု ... လုံဝနီးပါး .. ပျက်ယွင်းသွားပါသည်...။

(၂) အမျိုးသားရေးကိစ္စဖြစ်သော ..ဘင်္ဂလီကိစ္စတွင် ယခင်အစိုးရလက်ထက် အထုတ်အရှုပ်များ ပေါ်မည်စိုးသဖြင့် ..အင်အားသုံးနှိမ်နင်းနည်းဖြင့် ..ထိရောက်စွာအစွမ်းမပြသော်လည်း မိမိပြည်သူ(နိုင်ငံသားများ) အပေါ်တွင် အင်အားသုံးကာ ..စွာတတ်သော .. ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများအား ပြည်သူတို့၏ ယုံကြည်ကိုးစားမှု လုံးဝပျက်ယွင်းသွားပါသည်..။

(၃) တပ်မတော်နှင့် တပ်မတော်သားများအတွက် ဟုသော ခေါင်းစဉ်တပ်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက် ဟုသော .. နယ်မြေခံတပ်ရင်းမှူးအဆင့်လောက်ထံတွင်ပင် စာရင်းရှင်းတမ်း၊ ခံစားခွင့်မရှိသော စီးပွားရေးလုပ်ငန်းစုကြီးအား ပြည်သူအများ ယခင်ကထက် ပိုမို ရွံ့မုန်းသွားပါသည်..။

(၄) ၄င်းကိစ္စအား အောက်ခြေတပ်မတော်သားများမှ တကယ်အကျိုးခံစားခွင့်မရခဲ့မှန်း သိသိချည်းနှင့် လွှတ်တော်တွင် နှပ်ချေးထွက်မတတ် ရေသောက်ကာ တပ်မတော်အတွက်ဟု ..နတ်သံနှောပြောဆိုကာ ၄င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကဲ့သို့ ..အကာအကွယ်ပေးခဲ့သော တပ်မတော်အမည်ခံ ကာကွယ်ရေးဝန်ကြီးအား ပြည်သူက .. မုန်းတီးရွံရှာသွားပါသည်..။

(၅) ၂၀၀၈ နာဂစ်အတွင်းက နိုင်ငံစုံတပ်များ၏ တိုက်ရိုက်အကူအညီအား မဟာဗျူဟာအမြင်ဖြင့် ကြည့်ကာ UN တွင် ကန့်ကွက်ခဲ့သော အကျိုးဆက်ကြောင့် ဒေသတွင်းသို့ တိုက်ရိုက် နိုင်ငံတကာအကူအညီ မရခဲ့ခြင်းဖြင့် ကယ်သူဝေးကာ လူ သိန်းသောင်းနဲ့ချီကာ ပိုမိုသေဆုံးစေခဲ့သော တရုတ်နိုင်ငံ၏ ကန့်ကွက်ခဲ့အား သတိမရဘဲ ကျေးဇူးရှင်အဖြစ် မြင်စေသော သမ္မတရုံးမှ ယခင်အစိုးရနှင့် ဆွေမျိုးပေါက်ဖော်ကြီး၏ သမိုင်းအမည်းစက်ကို နာမည်ကောင်းပြန်ယူချင်သူ ၀န်ဂျီးများအားလည်း ပြည်သူက ရွံမုန်းအော့နှလုံးနာလာပါသည်..။

အစရှိသဖြင့် နိုင်ငံရေးသိက္ခာ....။ ဒီမိုကရေစီဖော်ဆောင်ခြင်း၊ တရားဥပဒေစိုးမိုးရေး အစရှိသော အစိုးရတစ်ရပ်အပေါ် ...ယုံကြည်ကိုးစားမှု ကိစ္စရပ်များတွင် များစွာ ရှုံးနိမ့်ခဲ့ပြီဆိုတာကို ....

အားလုံး သဘောပေါက်သင့်ပါကြောင်း...။(Credit ငရဲသား)

နိုင်ငံနဲ့ပြည်သူ့အတွက်မဟုတ်တဲ့---

ခရိုနီ၊ဦးပိုင်နဲ့ တရုတ်အကျိုးစီးပွားကိုစိန်ခေါ်ပြီးရေးသားလိုက်ရပါတယ်။

ပုရစ်
Welcome to My Blog

Popular Post

Blogger templates

Powered By Blogger

TEst2

Powered by Blogger.

Mengenai Saya

Pengikut

မြန်မာစံတော်ချိန်

- Copyright © မင်းသားချေ -Robotic Notes- Powered by Blogger - Designed by Johanes Djogan -