Showing posts with label လူမူ့ရေး. Show all posts
ကမ္ဘာ့လူရမ်းကားကြီး တရုတ်ရဲ့ ၂၁ ရာစု ကျုးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာ ပထမ ပစ်မှတ်က မြန်မာပြည်
Monday, 12 November 2012
Posted by Unknown
Tag :
လူမူ့ရေး
မြန်မာပြည်သူရဲ့ နှလုံးသားကြားမှ ဒီမိုကရေစီခေါ်သံများ
Friday, 19 October 2012
Posted by Unknown
Tag :
လူမူ့ရေး
17/08/2011
ယနေ့ ခေတ် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးခံစားနေကြရသည့် ၊စစ်ဖိနပ် အောက်မှာ ညှဉ်းသွားသံများကို လွတ်မြောက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ကျွန်ုပ်တို့ ပြည်သူလူထု ၏ စစ်မှန်သည့် နှလုံးသားကြားထဲမှာ ပေါ်ထွက်လာသည့် “ဒီမိုကရေစီ ခေါ်သံများ”ကို ပွင့် အန်ထုတ်ရန်ဖြစ်သည်။ဆိုလိုသည်မှာ ပြည်သူလူထုကြီး တစ်ရပ်လုံးသည် လက်ရှိ မြန်မာ့ ဒီမိုကရေစီ ဖေါ်ဆောင်ပေးနေသည့် မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင် များ ၊ ၈၈ ကျောင်းသားခေါင်းဆောင်များ ၊ မျိုးဆစ်သစ် ကျောင်းသားခေါင်းဆောင်များနှင့် မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသားရေးကို ဦးတည်ဆောင်ရွက်နေကြသည့် မျိုးချစ် စိတ်ရှိသူ အပေါင်းတို့၏ ။ ငြိမ်းချမ်းပြီး တရားမျှတသည့် အမှန်တကယ် လည်းလိုအပ်နေသည့် လူးသားအောက်ခြေ ပြု လူမူ့ရေး လုပ်ငန်းများကို လက်တွဲ၍ အတူတကွ ၀ိုင်းဝန်း လုပ်ဆောင်ခြင်းသည်၊ လူမူရေး အသိအမြင်ထိုမှ တစ်ဖန် စီးပွားရေး အသိအမြင်နှင့် နိုင်ငံရေး အသိအမြင် များ တဖြေးဖြေးခြင်း နိုးကြားတက်ကြွ လာပြီး မိမိတို့၏ “ရင်ထဲမှ စစ်မှန်သည့် ဒီမိုကရေစီခေါ်သံများ”ကို ချိုမြိန်စွာ ခံစား သောတ ဆင်နိုင်ပါလိမ့်မည်။
ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းကလည်း ထိုထိုသို့သော လူသားအောက်ခြေအကျိုးပြု ၊ လူမူ့ရေး၊ လုပ်ငန်းများကို လုပ်ဆောင်နေသည့် သူများအား အမှန်တကယ် လမ်းပေါ်ထွက်၍ ကြည့်ရှု့ခြင်း၊လက်ဝှေ့ယမ်းပြသခြင်း၊ နှတ်ဆက်ခြင်း၊ ဂုဏ်ပြုအားပေးစကား ပြောခြင်း၊ လပ်ခုပ်သြဘာပေးခြင်း ဆိုသည့် “ မိမိတို့၏ ရင်ထဲမှာ ဒီမိုကရေစီခေါ်သံများ” ကို သတ္တိရှိရှိ ထုတ်ဖော် ဖွင့်လှစ် ပြသနိုင်ခြင်းအားဖြင့် တိုင်းရင်းသား ပြည်သူ လူထု တစ်ရပ်လုံးနှစ်ပေါင်း( ၄၉) နှစ်ကျော်ကြာအောင် တောင်းတနေကြဆဲဖြစ်သည့် ဒီမိုကရေစီ အရေး ပန်းတိုင်သို့ မုချ မသွေလျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။
သင့်ညံ့လျှင်၊ သင့်သွေးညံ့မည်။
သင့်သွေးညံ့လျှင်၊ သင့်အမျိုးညံ့မည်၊
သင့်အမျိုးညံ့လျှင်၊ သင့်မျိုးဆက်ညံ့မည်၊
သင့်မျိုးဆက်ညံ့လျှင်၊ သင့်မျိုးဆက်သစ်ညံ့မည်၊
သင့်မျိုးဆက်သစ်ညံ့လျှင်၊ သင့်တိုင်းပြည်မျိုးတုံးလိမ့်မည်။
လွင်ပြင်ဝိုင်းတော်သားများ




